ထာဝရ တည်မြဲဖို့ ချစ်သူတွေချင်း မဖြစ်မနေ လိုက်နာစောင့်ထိန်းပေးသင့်တဲ့ အချက် (၁၀) ချက်

prostooleh/Freepik
Sponsored

အချစ်ခရီးလမ်း သာယာဖို့ဆိုတာ right person တွေ့ဖို့ လိုတယ်ဆိုပေမယ့် အချစ်ရေးကို တည်ဆောက်တတ်ဖို့လည်း လိုပါသေးတယ်။ အချစ်ရေးတစ်ခုကို တည်မြဲစေချင်ရင် ချစ်သူတွေက အချစ်ရေးကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ရွှင်ပြီး တည်မြဲတဲ့ အချစ်ရေး ရဖို့ဆိုရင် ဒီအချက်လေးတွေကိုတော့ လိုက်နာဖို့ လိုပါတယ်နော်။

(၁) နားလည်ပေးပါ

Sponsored

ချစ်သူတွေဆိုတာ နားလည်မှုက အဓိကပါ။ တစ်ယောက်ကို တစ်ယောက် သူ့ရဲ့ တာဝန်တွေ၊ ခံစားချက်တွေနဲ့ လူမှုရေးတွေကို နားလည်ပေးမယ်ဆိုရင် ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝ ရောက်သည်ထိတိုင်အောင် အဆင်ပြေနေမှာ ဖြစ်ပါတယ်။

Freepik.com

(၂) ယုံကြည်မှု ပေးပါ

ဆက်ဆံရေးတစ်ခုမှာ ယုံကြည်မှုကလည်း သိပ်ကို အရေးပါပါတယ်။ ယုံကြည်မှု မရှိဘဲ သံသယတွေနဲ့ ဆက်ဆံနေရင် အချစ်ရေးမှ နွေးထွေးမှုတွေ ပျောက်ရှလာပြီး အချစ်တွေ လျော့လာတတ်လို့ ယုံကြည်မှုတွေ တည်ဆောက်ဖို့ မမေ့သင့်ပါဘူး။

(၃) စစ်ဆေးပါ

အချစ်ရေးတစ်ခုမှာ မျက်စိစုံမှိတ် ချစ်နေရုံနဲ့လည်း မဖြစ်သေးပါဘူး။ လူအမျိုးမျိုး ရှိနေတတ်လို့ ကိုယ့်ဘက်က ဒီအချစ်ရေးကို ဘယ်လိုမျိုး အကောင်းဆုံး တည်ဆောက်မလဲဆိုတာကို သိရဖို့ တဖက်လူ အခြေအနေကို အကဲခတ် သင့်ပါတယ်။ သူက ဘယ်လိုလူမျိုးလဲ။ ကိုယ့်နောက်ကွယ်မှာရော ဘာတွေ လုပ်တတ်လဲဆိုတာ သိအောင် စုံစမ်းတာက ကိုယ့်ရဲ့ အချစ်ရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

READ
သင့်အချစ်ဆုံးသူငယ်ချင်းကို ပြောဖို့ မနှောင့်နှေးသင့်တဲ့ စကား (၆) ခွန်း
senivpetro/Freepik

(၄) တိုင်ပင်ပါ

အချစ်ရေးမှာ တိုင်ပင်ခြင်းက ကောင်းတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ သူနဲ့ ကိုယ်ရဲ့ အကျင့်တွေ အကြောင်း တိုင်ပင်သင့်သလို နှစ်ယောက် အဆင်ပြေဖို့ အကျင့်တွေကို ဘယ်လို ထိန်းသိမ်းပေးကြမယ် စသဖြင့် အချစ်ရေး စည်းမျဉ်းတွေလည်း ထားသင့်ပါတယ်။

(၅) အချစ်တွေကို ပြပါ

အချစ်တွေ တာရှည်ဖို့ဆိုရင် အချစ်တွေကို ခံစားမိနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အချစ်တွေကို ခံစားပြီး ကိုယ့်ကို ချစ်တယ်ဆိုတဲ့ ခံစားချက်လေးတွေ ဖြစ်လာစေဖို့ ကိုယ်က သူ့ကို ဘယ်လောက်ချစ်ကြောင်း ပုံစံအမျိုးမျိုးနဲ့ ပြောပြပေးတာကလည်း ချစ်သက်တမ်း ရှည်စေမယ့် နည်းတစ်ခု ဖြစ်ပါတယ်နော်။

Freepik.com

(၆) အတူဆုံဖို့ မမေ့ပါနဲ့

အနေဝေးလို့ သွေးဝေးတယ်ဆိုတဲ့ စကား ရှိပါတယ်။ လူနှစ်ယောက်ရဲ့ တွေ့ဆုံမှုက ခံစားချက်တွေ ဖြစ်တည်နေဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် အလုပ်များတယ်ဆိုပြီး အချိန် မပေးတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

READ
ခန္ဓာကိုယ်တွင်း ဟော်မုန်းမညီမျှခင်းရဲ့ မပေါ့ဆသင့်တဲ့ လက္ခဏာ (၁၀) မျိုး

(၇) အမှတ်တရတွေ ဖန်တီးပါ

အမှတ်တရတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဉ်တွေ ပိုတိုးလာစေမယ့် အချက် ဖြစ်ပါတယ်။ ဒါကြောင့် အမှတ်တရ ဖြစ်စေမယ့် အရာလေးတွေလည်း လုပ်ပေးဖို့ လိုပါတယ်။

(၈) တန်ဖိုးထားပေးပါ

ကိုယ့်ကို လူတစ်ယောက် တန်ဖိုးထားပေးတယ်ဆိုတာ သိရတာက တကယ့်ကို နွေးထွေးတဲ့ ခံစားမှု တစ်ခု ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကိုလည်း ဒီလို နွေးထွေးမှုလေး ခံစားရအောင် လုပ်ပေးပါနော်။

svetlanasokolova/Freepik

(၉) သစ္စာရှိပါ

လူ့သဘာဝအရ စိတ်ကစားတာမျိုးက ရှိတတ်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိနေရင်တောင် စိတ်ယိုင်တယ်ဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် သစ္စာရှိမယ်ဆိုတဲ့ စိတ်ထားရင် ဒါမျိုးတွေ မကြုံရတော့ပါဘူး။

(၁၀) ပျော်စရာတွေ အတူ လုပ်ပါ

ချစ်သူတွေကြားမှာ ပျော်စရာတွေ ရှိနေတာက အကောင်းဆုံး ဖြတ်သန်းသင့်တဲ့ အချိန်တွေပါပဲ။ ဒါကြောင့် ပျော်စရာအချိန်တွေမှာ ကိုယ့်ချစ်သူကို အသိပေးပြီး အတူပျော်ဖို့ မမေ့သင့်ပါဘူး။

Kham

sponsored