အိမ်မြှောင်အသားစားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀) မျိုး

Sponsored

အိမ်မြှောင်သားစားခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုလို့ အရမ်းမအံ့သြသွားပါနဲ့။ အကြောင်းကတော့ ကျန်းမာရေးအရ အိမ်မြှောင်သားကို စားသုံးကြတဲ့ နိုင်ငံတွေနဲ့ လူတွေအမြောက်အများရှိနေလို့ပါပဲ။ အိမ်မြှောင်တင်မကပါဘူး အိမ်မြှောင်နဲ့ မျိုးနွယ်တူတွေဖြစ်တဲ့ ဖွတ်၊ ပုတက်လိုမျိုး အကောင်တွေလည်းပါဝင်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အိမ်မြှောင်အပြင် တခြားသော Lizards မျိုးနွယ်တွေကို စားသုံးပေးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ချက်ပြုတ်တော့မယ်ဆိုရင်တော့ အမြီးရယ်၊ ခေါင်းရယ်၊ စအိုရယ်ကို ဖြတ်ပြီး ရေနွေးထဲမှာ (၂) နာရီလောက်အရင်ပြုတ်ရပါမယ်။ နောက်ပြီးမှ ကြိုက်နှစ်သက်သလို ချက်စားနိုင်တယ်လို့ဆိုထားပါတယ်။ အိမ်မြှောင်ခုတ်ထစ်ရာမှာ အသုံးပြုတဲ့စဉ့်တုံးကိုလည်း သီးသန့်ထားပေးရမှာဖြစ်ပြီး တခြားအရာတွေကို အဲ့ဒီ့အပေါ်မှာ လှီးဖြတ်ခြင်းမပြုရပါဘူး။ အစာအဆိပ်ဖြစ်စေနိုင်လို့ပါ။

(၁) ခွန်အားတိုးစေတယ်

Shutterstock

အိမ်မြှောင်အသားထဲမှာ ကယ်လိုရီတွေကြွယ်ဝစွာပါဝင်တဲ့အတွက် ခွန်အားတိုးစေရုံသာမက သက်လုံလည်းကောင်းပြီး အမောခံနိုင်စေပါတယ်။

(၂) ပန်းနာရင်ကျပ်ခြင်းကို တားဆီးပေးနိုင်တယ်

Sponsored

အိမ်မြှောင်အသားထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေကိုသက်သာပျောက်ကင်းစေနိုင်တာကြောင့် ပန်းနာရင်ကျပ်အပြင် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

READ
တစ်နေ့ကို လေးညှင်းပွင့်နှစ်ပွင့် စားပေးခြင်းဖြင့် ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး (၇)မျိုး

(၃) ဝက်ရူးပြန်ရောဂါကို ကုသပေးနိုင်တယ်

အာရှရဲ့တစ်ချို့နိုင်ငံတွေမှာ အိမ်မြှောင်သားတွေကို ဝက်ရူးပြန်ရောဂါကုသဖို့အတွက် အသုံးပြုကြပါတယ်။ အိမ်မြှောင်သားဟာ ဦးနှောက်နဲ့အာရုံကြောအတွက် အထူးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

(၄) အရေပြားရောဂါတွေကို ပျောက်ကင်းစေတယ်

Shutterstock

အိမ်မြှောင်အသားဟာ အရေပြားရောဂါတွေဖြစ်တဲ့ ယားနာ၊ နှင်းခူနဲ့ psoriasis လို့ခေါ်တဲ့အရေပြားရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။ အိမ်မြှောင်အသားကိုအခြောက်ခံပြီး အမှုန့်ဖြစ်အောင်လုပ်ကာ ယားနာတွေပေါ်ကို လိမ်းပေးနိုင်တယ်လို့လည်း သိရပါတယ်။

(၅) သွေးသန့်စေတယ်

အိမ်မြှောင်အသားဟာ သွေးသန့်စေပြီး ဝမ်းကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

(၆) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်

Shutterstock

အိမ်မြှောင်အသားဟာ အရေပြားရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့အစွမ်းရှိတဲ့အတွက် ဝက်ခြံတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ တစ်ချို့သူတွေကတော့ အိမ်မြှောင်ရဲ့သွေးကို ဝက်ခြံကုသရာမှာ အသုံးပြုကြပါတယ်။

(၇) ကင်ဆာရောဂါကို ပျောက်ကင်းစေတယ်

အင်ဒိုနီးရှားက ကင်ဆာရောဂါသည်တစ်ဦးကို ဆရာဝန်တွေက အိမ်မြှောင်အသားစားဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ်အိမ်မြှောင် ၃ ကောင်ပုံမှန်စားသုံးပေးပြီး ၆လအကြာမှာတော့ ကင်ဆာရောဂါအလျင်းပျောက်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။

READ
အိပ်ခါနီးဝိုင်တစ်ခွက်သောက်ခြင်းက ကိုယ်အလေးချိန်လျော့ကျစေဟုပညာရှင်များဆို

(၈) လိပ်ခေါင်း

အိမ်မြှောင်အသားဟာ လိပ်ခေါင်းရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် အစာကြေစေပြီး ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၉) လေဖြတ်ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်

အိမ်မြှောင်အသားစားခြင်းဖြင့် အကြောဆိုင်းတာ၊ လေငန်းတာ၊ လေဖြတ်တာတွေကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။

(၁၀) အသက်ရှည်တယ်

Shutterstock

သတင်းတစ်ခုရဲ့ ဖော်ပြချက်အရ အသက်(၁၂၃)နှစ်အရွယ် ကမ္ဘာ့အသက်ရှည်ဆုံးအဖိုးအိုကို တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ အဖိုးအိုဟာ နေ့တိုင်း အိမ်မြှောင်အသားကို စားသုံးခဲ့တယ်လို့ဆိုပါတယ်။ အဖိုးအိုဟာ အသက်ရှည်တဲ့အပြင်ကို ကျန်းမာဖျတ်လပ်နေတုန်းပဲလို့ သိရပါတယ်။

Em Em

sponsored