New York Times’ Best International Shows of 2020 မှာ ရွေးချယ်ခံရတဲ့ ကိုးရီးယားရုပ်ရှင်များ

IG/itsokaytonotbeokay_tvn
Sponsored

တောင်ကိုရီးယားရဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေက နိုင်ငံတော်တော်များများကို ထိုးဖောက်အောင်မြင်နေကြပြီ ဖြစ်ပါတယ်။ ကမ္ဘာအဆင့် ပြိုင်တဲ့ ဆုပေးပွဲတွေမှာလည်း ဆုရရှိတာမျိုးတွေ ရှိတဲ့အထိ တောင်ကိုရီးယားရဲ့ အနုပညာ ဖန်တီးနိုင်စွမ်းက သိပ်ကို ကြီးလွန်းနေတာ ဖြစ်ပါတယ်။

အခုအခါမှာလည်း New York Times ရဲ့ Best International Shows of 2020 စာရင်းမှာ Top 10 အဖြစ် ကိုရီးယား ရုပ်ရှင်တွေလည်း ပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွေကတော့ It’s Okay To Not Be Okay နဲ့ Kingdom ပဲ ဖြစ်ပါတယ်။

Sponsored

 

New York Times မှာ ဖော်ပြထားခဲ့တာကတော့ It’s Okay To Not Be Okay ဇာတ်လမ်းတွဲက ထိတ်လန့်စရာ နတ်သမီး ပုံစံမျိုးလို့ သတ်မှတ်ထားပေးခဲ့ပြီး သရုပ်ဆောင် Seo Ye Ji ရဲ့ သရုပ်ဆောင်မှုကိုလည်း စင်ဒရဲလားလို ပုံစံမျိုးရော၊ စင်ဒရဲလားရဲ့ မိထွေးပုံစံရော နှစ်မျိုးလုံး တွေ့ရတယ်လို့လည်း ချီးမွမ်းထားခဲ့ပါတယ်။

READ
တစ်ယောက်နဲ့တစ်ယောက် ခဏခဏ Troll ကြတဲ့ စုံတွဲတွေဟာ ပိုပြီးခိုင်မြဲကြောင်းတွေ့ရှိ..

 

Train to Busan နဲ့ Peninsula ရုပ်ရှင်တွေလိုပဲ Kingdom ဇာတ်လမ်းတွဲကလည်း သိပ်ကို ကြည့်ကောင်းတဲ့ ဇာတ်ကားပါလို့ New York Times ရဲ့ ဆောင်းပါးမှာ ဖော်ပြထားခဲ့တယ်လို့ jazminemedia ကနေ ဖော်ပြထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Doona Bae 배두나 (@doonabae)

Kingdom ဇာတ်လမ်းတွဲကတော့ Season နဲ့ ထွက်ရှိထားတာ ဖြစ်ပါတယ်။ Season 1 ရဲ့ အပိုင်း (၆) ပိုင်းက ၂၀၁၉ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ Season 2 ရဲ့ အပိုင်း (၆) ပိုင်းကိုတော့ ၂၀၂၀ ခုနှစ်မှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။

READ
တစ်လအတွင်း ဝမ်းဗိုက်အဆီကျစေပြီး ချပ်ကပ်သွားစေမယ့် လေ့ကျင့်ခန်း (၄) ခု

 

 

View this post on Instagram

 

A post shared by Claudia Sanchez (@cloudss66)

It’s Okay To Not Be Okay ဇာတ်လမ်းတွဲကတော့ သရုပ်ဆောင် Kim Soo-Hyun နဲ့ Seo Ye-ji တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လက စတင် ထုတ်လွှင့်ခဲ့ပြီး သြဂုတ်လမှာ ဇာတ်သိမ်းခဲ့ပါတယ်။ စုစုပေါင်း ၁၆ ပိုင်း ပါဝင်ပါတယ်။

Kham

sponsored