အသားအရေကိုလှပစေပြီး ဆံပင်အရှည်မြန်စေတာအပါအဝင် ဂေါ်ဖီထုပ်ရဲ့ အံ့မခန်းအသုံးဝင်ပုံများ

Sponsored

ဂေါ်ဖီထုပ်ဟာ သင့်ရဲ့အသားအရည်၊ ဆံပင် အပါအဝင် သင့်ကျန်းမာရေးအတွက် အထူးဆေးစွမ်းကောင်းတစ်လက် ဖြစ်တယ် ဆိုတာ သင်သိပါသလား။ ဗီတာမင်ကြွယ်ဝစွာ ပါဝင်တဲ့ ဂေါ်ဖီထုပ်ဟာ သင့်အသားအရေနဲ့ ဆံပင်အတွက် ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဖော်ပြပေးပါ့မယ်။

(၁) အသားအရည်အတွက် အသုံးဝင်ပုံ

Sponsored

ဂေါ်ဖီထုပ်ထဲမှာ ပါဝင်တဲ့ indole-3-carbonile လို့ခေါ်တဲ့ antioxidant တစ်မျိုးဟာ အစွမ်းထက်လွန်းတဲ့ အာနိသင်ရှိပါတယ်။ ဒီဓာတ်ဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အသားအရည်ကိုလည်း လှပလာစေပြီး သွေးသားသန့်စင်စေတာကြောင့် အသားအရေညစ်နွမ်းခြင်း၊ အစက်အပြောက်တွေ ဖြစ်ပေါ်ခြင်းကို ပျောက်ကင်းစေပါတယ်။ နောက်ထပ်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတော့…

  • အိုမင်းရင့်ရော်မှုနှောင့်နှေးစေခြင်း
  • အနာမြန်မြန်ကျက်စေခြင်း
  • ပြစ်မျိုးမှဲ့မထင် အသားအရေ ရရှိစေနိုင်ခြင်း
  • အသားအရည် စိုပြေချောမွေ့စေခြင်း
  • ဝက်ခြံတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ခြင်း
  • အဆိပ်အတောက်များ ပြေစေ၍ အသားအရေကို အထူးကျန်းမာလှပစေခြင်း စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
READ
သင်စွဲလန်းနေတဲ့အကျင့်ဆိုးတွေကတဆင့်သိနိုင်မယ့်စိတ်ကျန်းမာရေးအခြေအနေ(၆)မျိုး

(၂) ဆံပင်အတွက်အသုံးဝင်ပုံ

ဂေါ်ဖီထုပ်ထဲမှာ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ ဆာလဖာ၊ မဂ္ဂနီဆီယမ်စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံကေသာကို အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင်

  • ဆံပင်အရှည်မြန်စေခြင်း
  • ဆံသားကျန်းမာပြောင်လက်နေစေခြင်း
  • ဆံပင်ကျွတ်ခြင်းများကို သက်သာစေခြင်း၊ တားဆီးကာကွယ်ပေးခြင်း
  • ခြောက်သွေ့နေတဲ့ဆံသားများကို အစိုဓာတ်ဖြည့်ပေးခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကို အတွင်းပိုင်းရောအပြင်ပိုင်းမှာ ကျန်းမာစေတဲ့အပြင် အရိုးနဲ့သွားကိုလည်းခိုင်ခံ့စေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှု၊ အတွင်းကလီစာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့အစားအစာဖြစ်ပါတယ်။

နောက်ထပ်အပိုဆုအနေနဲ့ ဖော်ပြပေးချင်တာကတော့ ဂေါ်ဖီထုပ်ဟာ အလျင်အမြန် ပိန်ကျသွားစေနိုင်တဲ့ အစားအစာဖြစ်ပါတယ်။ဝိတ်ချချင်သူတွေ အနေနဲ့ ဂေါ်ဖီထုပ်ရေလုံပြုတ်ကို နေ့တိုင်းသူ့ချည်းသက်သက်(ကျန်တာဘာမှ မစားရပါ) စားပေးခြင်းဖြင့် တစ်ပတ်အတွင်းသိသာတဲ့ ရလဒ်ကိုရရှိမှာပါ။

Em Em

sponsored