စမတ်ကျတဲ့ ကောင်မလေး ဖြစ်ရခြင်းရဲ့ အားသာချက် (၄) ချက်

svetlanasokolova/Freepik
Sponsored

အလှအပကို မိန်းကလေးတိုင်း နှစ်သက်တယ်ဆိုပေမယ့်လည်း စမတ်ကျတဲ့ မိန်းကလေးတွေကတော့ အကုန်လုံး မဟုတ်ကြပါဘူး။ စမတ်ကျကျ အမြဲ နေထိုင်ပြုမူတဲ့သူတွေကတော့ တခြားသူတွေထက် ထူးခြားချက်တဲ့ အချက်တွေ ရှိနေပါတယ်။ အမြဲ စမတ်ကျပြီး သပ်သပ်ရပ်ရပ် နေထိုင်သူတွေမှာ အခုလို အားသာချက်တွေပါ ပိုင်ဆိုင်ထားကြပါတယ်။

၁။ အကောင်းမြင်ခံရတယ်

Sponsored

အမြဲ စမတ်ကျနေတဲ့သူက အများအမြင်မှာပါ အမှတ်ပေးခံရလေ့ ရှိပါတယ်။ သူက ဝတ်တာ စတိုင်ကျလိုက်တာ၊ အမြဲ သပ်ရပ်နေတော့တာပဲ၊ သူ့ကြည့်ပြီး သဘောကျမိတယ် စတဲ့ မှတ်ချက်မျိုးကို ရရှိတတ်သူ ဖြစ်ပါတယ်။ စမတ်ကျတဲ့ သူက ဘယ်လို နေရာမျိုးမှာ ဖြစ်စေ အကောင်းမြင်မှုကို ရရှိသွားတတ်ကြပါတယ်။ ဒီလို အားသာချက်မျိုးကို တချို့ စမတ်ကျသူတွေက သတိတောင် မထားမိတတ်ကြပါဘူး။

READ
ပျိုမေတို့အနေနဲ့ ယောက်ျားကောင်းတစ်ယောက်နဲ့ ဆုံနိုင်မယ့် နည်းလမ်းများ
Freepik.com

၂။ ဆွဲဆောင်မှု ရှိတယ်

လှတဲ့သူကို လူတွေက အာရုံစိုက်မိတတ်ကြပြီး စိတ်ဝင်စားမှုတွေ ရှိနေကြတတ်ပါတယ်။ ဒီလိုပဲ အသွင်အပြင်မှာ စမတ်ကျနေတဲ့သူတွေကလည်း တခြားသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိကြပါတယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက ဘယ်လို အချိန်မျိုးမှာ ဖြစ်ဖြစ် လိုက်ဖက်တဲ့ စမတ်ကျမှုတွေ ရှိနေပြီး ဒီအချက်ကပဲ သူတို့ရဲ့ ဆွဲဆောင်နိုင်တဲ့ အချက် ဖြစ်နေတာ ဖြစ်ပါတယ်။

repinanatoly/Freepik

၃။ first impression ကောင်းတယ်

လူတစ်ယောက်မှာ အသွင်အပြင်က ပထမဆုံး ကြည့်မြင်ရတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ကျတဲ့သူတွေက အမြဲ တခြားသူတွေရဲ့ အမြင်ကြည်မှုကို အရင်ဆုံး ရရှိတတ်ကြပါတယ်။ ပထမဆုံး တွေ့ဆုံတဲ့အခါတိုင်း သူတို့က အမှတ်ပေးခံကြရပြီး သဘောကျမှုကို ရရှိတတ်ကြပါတယ်။

READ
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပြီး ဦးနှောက်စွမ်းရည် တိုးတက်စေမယ့် အလေ့အကျင့်ကောင်းများ
tirachardz/Freepik

၎။ လန်းဆန်းတယ်

ကိုယ့်ရဲ့ သွင်ပြင်က ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားကို ထောက်ပံ့နေပါတယ်။ စုတ်ပြတ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းနေတာနဲ့ တစ်ခုခု ချို့ယွင်းနေသလို ခံစားနေရတာမျိုး ရှိသလိုပါပဲ။ စမတ်ကျနေတဲ့အခါ ကိုယ့်ကို လန်းဆန်းမှုကို ခံစားရစေပါတယ်။ ကိုယ့်ရဲ့ အသွင်အပြင်ကို ပြန်မြင်တိုင်း ယုံကြည်မှု ရှိစွာ စိတ်တွေလည်း တက်ကြွလန်းဆန်းနေတတ်ပါတယ်။

Kham

 

sponsored