သြယ္လ်တဲ့ ေျခတံေလးရဖို႔ အိပ္ယာမဝင္ခင္ျပဳလုပ္သင့္တဲ့သုံးမိနစ္စာ ေလ့က်င့္ခန္း

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

မိနး္ကေလးတစ္ေယာက္အတြက္ ဆြဲေဆာင္မွုရွိတဲ့အလွေတြထဲမွာသြယ္လ်တဲ့ ေျခတံေလးေတြလည္းပါ၀င္ပါတယ္။ ခႏၶာကိုယ္ခါးေအာက္ပိုင္းအလွျဖစ္တဲ့တင္ပါးကေန ေပါင္တံ၊ ေျခသလုံး၊ ေျခခ်င္းဝတ္အထိသြယ္ဆင္းသြားတဲ့အလွကမိမိကိုယ္ကိုယ္ယုံၾကည္မွုအျပည့္နဲ႔ ဆြဲေဆာင္မွုရွိေနေစပါတယ္။တခ်ိဳ႕ ၀တဲ့မိန္းကေလးေတြဆိုရင္ ခႏၶာကိုယ္က ၀ေပမယ့္ ခါးေနရာ၊ တင္ေနရာနဲ႔ ေပါင္၊ ေျခသလုံးေတြက အခ်ိဳးအစားက်ေနတဲ့အတြက္ ၾကည့္ရတာတမ်ိဳး ဆြဲေဆာင္မွုရွိေနတတ္ပါ တယ္။ဒါေၾကာင့္ အဲဒီလို သြယ္လ်လွပတဲ့ေျခတံပိုင္ရွင္ေလးျဖစ္ဖို႔ အိပ္ယာမဝင္ခင္ သုံးမိနစ္ေလာက္ပဲ အခ်ိန္ေပးရမယ့္ ရိုးရွင္းလြယ္ကူတဲ့ ေလ့က်င့္ခန္းေလးကို ပရိသတ္ႀကီးအတြက္ မၽွေဝေပးလိုက္ပါတယ္။

1. V-Stretch

Sponsored

ဒီေလ့က်င့္ခန္းကေတာ့အခုပုံမွာျမင္ေတြ႕ရတဲ့အတိုင္း ေျခေထာက္ႏွစ္ဖက္ကို ၾကမ္းျပင္ေပၚမွာ ခြဲနိုင္သမၽွ ခြဲၿပီး ေနရာယူပါ။ အဲဒီေနာက္ လက္ေမာင္းႏွစ္ဖက္ကို ေရွ႕ကိုဆန႔္တန္းၿပီး ခႏၶာကိုယ္ကိုၾကမ္းျပင္ေပၚ ေမွာက္လ်က္အေနအထား ျဖစ္တဲ့အ ထိ ထိနိုင္သမၽွထိပါ။အဲဒီလို ထိထားစဥ္ ၅စကၠန႔္ကေန ၈ စကၠန႔္ေလာက္ထိၾကာပါေစ။ဒီေလ့က်င့္ခန္းကိုေတာ့အနည္းဆုံး ၅ႀကိမ္ကေန ၈ႀကိမ္ေလာက္ထိလုပ္ေပးရင္လုံေလာက္ပါတယ္။

2. Split in the air

ဒီပုံစံကေတာ့ခႏၶာကိုယ္ကို ပုံမွာျမင္ေတြ႕ရတဲ့အတိုင္း ၾကမ္းျပင္ေပၚကိုပက္လက္လဲအေနအထားယူပါ။လက္ႏွစ္ဖက္ကို ၾကမ္းျပင္ေပၚမွာကပ္ထားၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကိုၾကမ္းျပင္နဲ႔ေထာင့္မွန္အေနအထားအတိုင္းေျမႇာက္လိုက္ပါ။အဲဒီ ေနာက္ေအာက္မွာျပထားတဲ့ပုံအတိုင္း ေျမႇာက္လ်က္အေနအထားအတိုင္း ေျခေထာက္ကိုစုံလိုက္ေကြးျခင္း ေျမႇာက္ျခင္း၊ ေျခေထာက္ႏွစ္ေခ်ာင္းကို ခြဲၿပီးေရွ႕ေနာက္လႊဲျခင္း၊ေဘးတိုက္ခြဲ ျခင္းစသျဖင့္  ပုံစံတစ္ခုလၽွင္အနည္းဆုံး၈ႀကိမ္ခန႔္ျပဳလုပ္ေပး သင့္ပါတယ္။

READ
လက္ေမာင္းအဆီေတြ ျမန္ျမန္ဆန္ဆန္ က်ေစႏိုင္တဲ့ (၃) မိနစ္စာ ကိရိယာလြတ္ ေလ့က်င့္ခန္း

3. Superman Pose

ေနာက္ဆုံးေလ့က်င့္ခန္းကေတာ့ ၾကမ္းျပင္ေပၚမွာ ခႏၶာကိုယ္ကို ေမွာက္လ်က္အေနအထားလဲေလ်ာင္းၿပီးေျခေထာက္နဲ႔ လက္ေတြကိုပုံမွာျပထားတဲ့အတိုင္း ဆန႔္နိုင္သမၽွဆန႔္ရပါမယ္။အဲဒီလို ဆန႔္ထားတဲ့ လက္ေတြေျခေထာက္ေတြကို စူပါမန္း ေလထဲပ်ံေနသလို ဘယ္ေၿခ ညာလက္၊ ဘယ္လက္ညာေျခပုံစံအတိုင္း ေျမႇာက္လိုက္ ၾကမ္းျပင္ေပၚျပန္ခ်လိုက္ လုပ္ရပါမယ္။အဲဒီလို ေျခေတြလက္ေတြကို ေျမႇာက္ထားခ်ိန္မွာ၅စကၠန႔္ေလာက္ၾကာေအာင္ထားရပါမယ္။ဒီေလ့က်င့္ခန္းကို ေတာ့အနည္းဆုံး ၅ႀကိမ္ေလာက္ျပဳလုပ္ေပးရင္လုံေလာက္ပါတယ္။

ပ်ိဳေမမ်ား အျမဲတမ္းက်န္းမာလွပနိုင္ၾကပါေစ။

 


[Unicode version]

သွယ်လျတဲ့ ခြေတံလေးရဖို့ အိပ်ယာမဝင်ခင်ပြုလုပ်သင့်တဲ့သုံးမိနစ်စာ လေ့ကျင့်ခန်း

 

မိနး်ကလေးတစ်ယောက်အတွက် ဆွဲဆောင်မှုရှိတဲ့အလှတွေထဲမှာသွယ်လျတဲ့ ခြေတံလေးတွေလည်းပါ၀င်ပါတယ်။ ခန္ဓာကိုယ်ခါးအောက်ပိုင်းအလှဖြစ်တဲ့တင်ပါးကနေ ပေါင်တံ၊ ခြေသလုံး၊ ခြေချင်းဝတ်အထိသွယ်ဆင်းသွားတဲ့အလှကမိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိနေစေပါတယ်။တချို့ ၀တဲ့မိန်းကလေးတွေဆိုရင် ခန္ဓာကိုယ်က ၀ပေမယ့် ခါးနေရာ၊ တင်နေရာနဲ့ ပေါင်၊ ခြေသလုံးတွေက အချိုးအစားကျနေတဲ့အတွက် ကြည့်ရတာတမျိုး ဆွဲဆောင်မှုရှိနေတတ်ပါ တယ်။ဒါကြောင့် အဲဒီလို သွယ်လျလှပတဲ့ခြေတံပိုင်ရှင်လေးဖြစ်ဖို့ အိပ်ယာမဝင်ခင် သုံးမိနစ်လောက်ပဲ အချိန်ပေးရမယ့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

READ
ဘြဲ႕ယူမယ့္ ပ်ိဳေမေလးတို႔ မျဖစ္မေန ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အရာမ်ား

1. V-Stretch

ဒီလေ့ကျင့်ခန်းကတော့အခုပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ခွဲနိုင်သမျှ ခွဲပြီး နေရာယူပါ။ အဲဒီနောက် လက်မောင်းနှစ်ဖက်ကို ရှေ့ကိုဆန့်တန်းပြီး ခန္ဓာကိုယ်ကိုကြမ်းပြင်ပေါ် မှောက်လျက်အနေအထား ဖြစ်တဲ့အ ထိ ထိနိုင်သမျှထိပါ။အဲဒီလို ထိထားစဉ် ၅စက္ကန့်ကနေ ၈ စက္ကန့်လောက်ထိကြာပါစေ။ဒီလေ့ကျင့်ခန်းကိုတော့အနည်းဆုံး ၅ကြိမ်ကနေ ၈ကြိမ်လောက်ထိလုပ်ပေးရင်လုံလောက်ပါတယ်။

2. Split in the air

ဒီပုံစံကတော့ခန္ဓာကိုယ်ကို ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကြမ်းပြင်ပေါ်ကိုပက်လက်လဲအနေအထားယူပါ။လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာကပ်ထားပြီး ခြေထောက်နှစ်ချောင်းကိုကြမ်းပြင်နဲ့ထောင့်မှန်အနေအထားအတိုင်းမြှောက်လိုက်ပါ။အဲဒီ နောက်အောက်မှာပြထားတဲ့ပုံအတိုင်း မြှောက်လျက်အနေအထားအတိုင်း ခြေထောက်ကိုစုံလိုက်ကွေးခြင်း မြှောက်ခြင်း၊ ခြေထောက်နှစ်ချောင်းကို ခွဲပြီးရှေ့နောက်လွှဲခြင်း၊ဘေးတိုက်ခွဲ ခြင်းစသဖြင့်  ပုံစံတစ်ခုလျှင်အနည်းဆုံး၈ကြိမ်ခန့်ပြုလုပ်ပေး သင့်ပါတယ်။

3. Superman Pose

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ကြမ်းပြင်ပေါ်မှာ ခန္ဓာကိုယ်ကို မှောက်လျက်အနေအထားလဲလျောင်းပြီးခြေထောက်နဲ့ လက်တွေကိုပုံမှာပြထားတဲ့အတိုင်း ဆန့်နိုင်သမျှဆန့်ရပါမယ်။အဲဒီလို ဆန့်ထားတဲ့ လက်တွေခြေထောက်တွေကို စူပါမန်း လေထဲပျံနေသလို ဘယ်ခြေ ညာလက်၊ ဘယ်လက်ညာခြေပုံစံအတိုင်း မြှောက်လိုက် ကြမ်းပြင်ပေါ်ပြန်ချလိုက် လုပ်ရပါမယ်။အဲဒီလို ခြေတွေလက်တွေကို မြှောက်ထားချိန်မှာ၅စက္ကန့်လောက်ကြာအောင်ထားရပါမယ်။ဒီလေ့ကျင့်ခန်းကို တော့အနည်းဆုံး ၅ကြိမ်လောက်ပြုလုပ်ပေးရင်လုံလောက်ပါတယ်။

ပျိုမေများ အမြဲတမ်းကျန်းမာလှပနိုင်ကြပါစေ။

sponsored