ရာသီခွင်တွေထဲမှာ ခေါင်းအမာဆုံးနဲ့ တဇွတ်ထိုးနိုင်လွန်းတဲ့ ရာသီခွင် (၃) ခု

shutterstock/conrado
Sponsored

လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ အကျင့်တွေ၊ စရိုက်တွေ မတူညီတတ်ကြပါဘူး။ ရာသီခွင်တစ်ခုစီတိုင်းမှာလည်း အားသာချက်တွေ၊ အားနည်းချက်တွေ ကိုယ်စီ ရှိလို့နေပါတယ်။ ဒီရာသီခွင် သုံးခုကတော့ ရာသီခွင်တွေထဲမှာ ခေါင်းအမာတတ်ဆုံး ရာသီခွင်တွေဖြစ်သလို ဇွတ်တရွတ်အဆန်ဆုံး ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။

Taurus

shutterstock/Khrystyna Shynkaruk

Taurus တွေရဲ့ ခေါင်းမာတတ်မှုကို သူတို့ရဲ့ အပြုအမူတွေမှာ တွေ့နိုင်ပါတယ်။ သူတို့တွေက သူတိုလုပ်ချင်တဲ့ အရာတွေကိုသာ လုပ်တတ်ကြပြီး တစ်စုံတစ်ယောက်ရဲ့ သဘောထားတွေ၊ လုပ်ခိုင်းတာမျိုးတွေဆို ဘယ်တော့မှ နားမထောင်တတ်ကြပါဘူး။ သူတို့ကို တစ်ခုခုလုပ်စေချင်ရင်တော့ အရင်ဆုံး သူတို့နားထောင်လာအောင် သိမ်းသွင်းတတ်ရပါမယ်။ ဒါပေမယ့် အဲဒီ့အရာကို လုပ်သည့်တိုင်အောင် သူတို့ပုံစံနဲ့ပဲ သူတို့လုပ်တတ်ကြပါတယ်။ သူတို့တွေက အရာရာမှာ ထူးချွန်တတ်သူတွေဖြစ်ပြီး ခေါင်းမာတတ်တဲ့အကျင့်ကပဲ သူတို့လိုချင်တာကို ရအောင်ယူတတ်အောင် အကူအညီဖြစ်စေပါတယ်။ ဒီရာသီခွင်တွေက သူတို့လုပ်ထားတဲ့အလုပ်ကို တာဝန်ယူစိတ်အပြည့်ရှိပြီး ဘဝကို အကောင်းဆုံး ဖြတ်သန်းချင်ကြသူတွေ ဖြစ်ကြပါတယ်။

READ
စိတ်အပြောင်းအလဲမြန်လွန်းလို့ လူ့စိတ်လား မျောက်စိတ်လား ခွဲရခက်တဲ့ ရာသီဖွားများ

Leo

shutterstock/Oleg_P
Sponsored

Leo ရာသီခွင်တွေဟာ ထက်မြက်သူတွေဖြစ်ကြသလို တော်တော် ခေါင်းမာတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဘဝမှာ သူတို့ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေအတွက် ကိုယ်ပိုင်နည်းလမ်းတွေ ရှိထားပြီးသား ဖြစ်ပါတယ်။ သူတို့ကို သဘောမကျတဲ့လူတွေအတွက် သူတို့ကိုယ်သူတို့ ပြောင်းလဲလိုက်ကြတာမျိုး ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ နောက်ပြီး သူတို့ရဲ့ တန်ဖိုးကို အလေးမထားတတ်သူတွေရဲ့ အနားကနေ ထွက်ခွါသွားတတ်ကြပါသေးတယ်။ သူတို့တွေက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုမဆို  သူတို့နည်းလမ်းနဲ့ပဲ ဖြတ်ကျော်တတ်ကြပါတယ်။ သူတို့တွေက တစ်စုံတစ်ယောက်ရဲ့ အကြံစကားကို နားထောင်ရကောင်းမှန်းသိပေမယ့် သူတို့ကို ဝင်ရောက်စွက်ဖက်တာမျိုးကိုတော့ လုံးဝမကြိုက်တတ်ကြပါဘူး။

Scorpio

shutterstock/Oleg_P

တွေးခေါ်မှုပိုင်းဆိုင်ရာမှာ ဆရာကျလွန်းတဲ့ Scorpio ရာသီခွင်တွေက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ခေါင်းမာစွာ နေတတ်ကြသူတွေပါ။ သူတို့တွေက သူတို့ယုံကြည်ရာတွေအတွက် အဆုံးအစွန်အထိ တိုက်ခိုက်တတ်ကြသလို ဘယ်တော့မှလည်း လက်လျော့အရှုံးမပေးတတ်ကြပါဘူး။ သူတို့ရဲ့ ဘဝမှာ ဘာတွေပဲ ဖြစ်နေနေ ခေါင်းမာတတ်တဲ့ အကျင့်ကိုတော့ လုံးဝမပြင်တတ်ကြသလို ဘာက အကောင်းဆုံး ရွေးချယ်မှုဆိုတာကို သိထားပြီးနှင့်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့တွေရဲ့ စိတ်စွမ်းအားက အရမ်းကို မြင့်မားလွန်းတဲ့အတွက် သူတို့လုပ်ရပ်တွေဟာ မှန်တယ်မှားတယ်ဆိုတာကို ကောင်းကောင်း သိတဲ့ သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ဘယ်သူဘာပြောပြော ဂရုမစိုက်တတ်သလို သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်တတ်ကြသူတွေ ဖြစ်ပါတယ်နော်။

READ
ရာသီခွင်အလိုက် စိတ်ဆိုးဒေါသထွက်တဲ့အချိန်မှာ ပြုမူတတ်တဲ့အပြုအမူများ

Khin

sponsored