ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်တဲ့ အကြောင်းပြချက် (၃) ခု

ldutko/Freepik
Sponsored

ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံး အရာ တစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီက ကျန်းမာရေးအတွက် အရေးပါလို့ အမြဲ ဂရုစိုက်ပေးတာ အကောင်းဆုံးပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေထိုင်တာက ကျန်းမာရေးကောင်းဖို့ အထောက်အကူ ပြုသလို ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပေးရင်လည်း အခုလို ကောင်းကျိုးတွေ ရှိနေမှာ ဖြစ်ပါတယ်နော်။

(၁) ကိုယ့်ကျန်းမာရေး အခြေအနေကို သိရတယ်

Sponsored

ကျန်းမာရေးဆိုတာ ဖြစ်မှ သိတယ်ဆိုပေမယ့် ကိုယ့်ဘက်က အမြဲ ဘာတွေ ဖြစ်နေလဲဆိုတာကို စစ်ဆေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကျန်းမာရေး စစ်ဆေးတဲ့အခါ ရောဂါ အဆင့်တော့ မဖြစ်သေးပေမယ့် ကိုယ့်ဆီမှာ အစိတ်အပိုင်းတွေ ကောင်းကောင်းမွန်မွန် ရှိနေလား၊ ကျန်းမာနေလား၊ ဘာဓာတ်တွေ ပိုနေလဲဆိုတာကို သိရပါတယ်။ ကိုယ့်ကျန်းမာရေးက ဘယ်လို အခြေအနေလဲဆိုတာကို ထိုင်နေရုံနဲ့တော့ မသိပါဘူး။ ခန္ဓာကိုယ်ဆိုတဲ့ သဘောက ကိုယ်က အမြဲ စစ်ဆေးနေမှာ ကိုယ့်ကျန်းမာရေးကို သိနိုင်တာမို့ စစ်ဆေးသင့်တဲ့ အချိန်မှာ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

READ
သင့်ချစ်သူက သင့်ကို တကယ်ချစ်တာလား ၊ အသုံးချနေတာလားဆိုတာ ဘယ်လိုခွဲခြားမလဲ
Photo by Gustavo Fring from Pexels

(၂) ကြိုကာကွယ်နိုင်တယ်

ရောဂါ ဖြစ်မှ ကုသတာထက်စာရင် ရောဂါမဖြစ်ခင်မှာ ပိုပြီး ကာကွယ်တာက ငွေကြေး ကုန်ကျမှု သက်သာသလို ဝေဒနာလည်း သက်သာစေပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု လုပ်တာက ကျန်းမာရေး အခြေအနေကို ကြိုပြီး သိရတာမို့ ဘယ်အပိုင်းတွေ မကောင်းလဲဆိုတာကို သိရပြီး အားဖြည့်တာတွေ လေ့ကျင့်ခန်းလုပ်ပြီး အားယူတာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။ ဒီအတွက် ကျန်းမာရေး စစ်ဆေးမှုဆိုတာ အမြဲ စစ်ဆေးနေသင့်တာပဲ ဖြစ်ပါတယ်။

Photo by Gustavo Fring from Pexels

(၃) ချစ်ခြင်းမေတ္တာကြောင့်ပါ

ကိုယ့်ကိုယ်ကို ဖြစ်စေ၊ ကိုယ့်ရဲ့ ချစ်ရသူတွေ ဖြစ်စေ လူတိုင်းက အပြန်အလှန် တန်ဖိုးရှိတာပါပဲ။ ကိုယ် တန်ဖိုးထားရတဲ့သူတွေရဲ့ ကျန်းမာရေး ကောင်းမွန်နေမှုကလည်း အဖိုးတန်ဆုလာဘ်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ကို ချစ်တဲ့သူတွေအတွက်ရော၊ ကိုယ့်ကိုယ်ကို အတွက်ပါ ချစ်တယ်ဆိုရင် တစ်နှစ်မှာ တစ်ခါ ကျန်းမာရေး စစ်ဆေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ် ချစ်ရတဲ့သူတွေကိုလည်း ကျန်းမာရေးလက်ဆောင်အဖြစ် ဆေးစစ်ပေးလို့ ရပါသေးတယ်နော်။

READ
သင့်ချစ်သူစိတ်ထဲမှာ သင့်ကို အမြဲရှိနေစေချင်ရင် ဒီလိုလေးတွေ လုပ်ကြည့်ပါ
Photo by Andrea Piacquadio from Pexels

Kham

sponsored