ပေါင် ၉၀ ကျော် ဝိတ်ချခဲ့တဲ့ အမျိုးသမီးဆီက အတုယူဖွယ် နေထိုင်မှုပုံစံ (၃) ခု

Đàm Tướng Quân/ Pexels
Sponsored

Amanda လို့ ခေါ်တဲ့အသက် ၂၆နှစ်အရွယ်အမျိုးသမီးဟာ တစ်နှစ်အတွင်း ပေါင် ၉၀ ကျော် ဝိတ်ချနိုင်ခဲ့တဲ့သူပါ။ သူမရဲ့ သတင်းဟာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ရတဲ့အထိကို လူတွေရဲ့ စိတ်ဝင်စားခြင်းခံရတဲ့သူပါ။ သူမဝေမျှပေးလိုက်တဲ့ ပေါင် ၉၀ကျော်ဝိတ်ကျစေခဲ့တဲ့ နည်းလမ်းတွေကို ပျိုမေတို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

(၁) ပုံမှန်အားကစား

dignityblows/reddit

Gym သွားမှ အားကစားလုပ်တာ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှား ဘယ်လိုအားကစားမျိုးကိုမဆို လုပ်ပေးနိုင်ပါတယ်။

  • ရေကူး
  • စက်ဘီးစီး
  • ကြိုးခုန်
  • လမ်းလျှောက်
  • ဘော်လီဘောပုတ်
  • လှေခါးအတက်အဆင်း စသဖြင့် ကိုယ်သဘောကျတဲ့၊ နှစ်သက်တဲ့ အားကစားတစ်ခုခုကို ပုံမှန်လေးလုပ်ပေးလိုက်ရုံပါပဲ။

(၂) ပမာဏထိန်းစားခြင်း

Sponsored

ရောဂါထွေထွေထူးထူးမရှိရင် စားချင်တာ မှန်သမျှ စားလို့ရပါတယ်။ ဘယ်အစားကိုမှ ရှောင်စရာမလိုပါဘူး။ ဒါပေမယ့်လည်း ပမာဏကိုတော့ ထိန်းပေးရပါမယ်။ အများကြီးတစ်ခါတည်း စားတာမျိုးမလုပ်ပါနဲ့။ စားချင်တာစား ဒါပေမယ့် ပမာဏလျှော့ပြီး စားသုံးပေးဖို့ လိုပါတယ်။

READ
ပင်ပန်းနွမ်းနယ်နေချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အရာတွေ

(၃) အသားဓာတ်

Pixabay/JillWellington

အသားဓာတ်ဟာ ကြွက်သားတွေကို တိုးစေပါတယ်။ အဆီတွေကျသွားတဲ့အခါ လျော့တိလျော့ရဲမဖြစ်ဖို့ အသားဓာတ်ကို စားသုံးပေးပါ။ နောက်ပြီး အသားဓာတ်များများ စားသုံးပေးခြင်းဖြင့် အဆီလည်း မြန်မြန်ကျပါတယ်။ အဆာလည်းခံတာကြောင့် နည်းနည်းစားပြီး ဗိုက်ပြည့်စေလို့ ပိန်ချင်တဲ့သူတွေနဲ့ အံကိုက်ပါပဲ။

  • နွားနို့
  • ကြက်ဥ
  • အမဲသား
  • ကြက်ရင်အုံ စသဖြင့် အသားဓာတ်ကြွယ်ဝပြီး အဆီနည်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပါ။

Em Em

sponsored