သင့်ဝင်ငွေကို အပိုအသုံးစရိတ်တွေနဲ့မလစ်ဟင်းအောင် စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း (၃) သွယ်

drobotdean/Freepik
Sponsored

ငွေဆိုတာ ရှာရ ခက်သလောက် သုံးရတာ လွယ်တယ်လို့ ပြောလေ့ ရှိကြပါတယ်။ ဒါကြောင့် ဝင်ငွေရှာဖို့ တွက်ချက် ကြိုးစားကြသလိုပဲ ငွေ သုံးစွဲမှုအတွက်လည်း သေချာ တွက်ချက်သုံးသင့်ပါတယ်။ သင့်ငွေကြေးတွေကို အကောင်းဆုံး စီမံခန့်ခွဲမယ်ဆိုရင် ငွေကြောင့် ခေါင်းခြောက်ရတဲ့ အခြေအနေမျိုးတွေကို ကင်းဝေးစေပါတယ်။ ဒီအတွက် သင့်ဝင်ငွေတွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေလိုက်ရပါတယ်နော်။

(၁) ဘဏ်မှာပဲ ထားပါ

Sponsored

ဝင်ငွေနဲ့ ပတ်သတ်ရင် အကောင်းဆုံးလုပ်သင့်တာကတော့ လက်ထဲမှာ ငွေသား ကိုင်ထားတာ မဟုတ်ဘဲ ဘဏ်ထဲမှာ ထည့်ထားတာပါပဲ။ ငွေဆိုတာ လက်ထဲမှာ ငွေသားအဖြစ် ရှိနေရင် ပိုပြီး သုံးမိတတ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ခေတ်မှာ Mobile banking လည်း ရှိနေတာမို့ လိုအပ်တဲ့ မီတာခ၊ ဖုန်းဘေနဲ့ တခြားသော အသုံးစရိတ်တွေကို ဘဏ်စာရင်းထဲနေ လွှဲပြီး အသုံးပြုလို့ ရပါတယ်။ စာရင်းလည်း တခါတည်း ရှိနေသလို သင့်အတွက် အလွန်အကျွံသုံးစွဲမှုလည်း မဖြစ်စေတာမို့ ဒီနည်းကလည်း ငွေကြေး စိစစ်လို့ ရတဲ့ နည်းလမ်းပါပဲ။

READ
ချစ်သူသက်တမ်းကြာလာတဲ့အခါ ယောက်ျားများအချိုးပြောင်းသွားရခြင်း အကြောင်းအရင်း (၅)ချက်
jcomp/Freepik

(၂) အသုံးစာရင်း မှတ်ပြီး သုံးပါ

ငွေသုံးစွဲတဲ့အခါ စာရင်းဇယား ရှိထားတာက အကောင်းဆုံးပါပဲ။ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အတွက် သုံးစွဲတယ်ဆိုပြီး လက်လွတ်စပယ် သုံးလိုက်တာထက် စာရင် စာရင်းနဲ့ သုံးတာက သင့်ရဲ့ ငွေသုံးစွဲမှု ပုံစံကို ပိုပြီး သိသာစေပါတယ်။ မုန့်တွေ၊စားစရာတွေအတွက် ဘယ်လောက် အသုံးပြုတတ်တယ်၊ မိသားစုဝင်တွေရဲ့အတွက် ကုန်ကျတဲ့အခါ ဘယ်လိုအရာတွေအတွက် ပိုပြီး သုံးရတယ်ဆိုတာကို စာရင်းမှတ်တာတွေက သိရစေပါတယ်။ ဒီစာရင်းက သင့်ကို လိုတာထက် ပိုပြီး မသုံးမိအောင် ပြုလုပ်ပေးနိုင်သလို အသုံးပိုသွားပြီဆိုရင်လည်း သိရစေပါတယ်။ ဒါကြောင့် စာရင်းစာအုပ်ထားတာကလည်း အကောင်းဆုံး စီမံခန့်ခွဲတဲ့နည်းလည်း ဖြစ်နေပါတယ်။

faceslab/Freepik

(၃) ခွဲသုံးပါ

ဝင်ငွေတွေကို တိုးအောင် ရှာဖွေရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ အသုံးစရိတ်ကိုလည်း အဖြုန်း ဖြစ်သွားအောင် စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ဝင်ငွေထဲကနေ တစ်လစာ အသုံးစရိတ်တွေကို ခွဲခြားပြီး စီမံသင့်ပါတယ်။ နေထိုင်စရိတ်၊ မီတာခ၊ စားစရိတ်နဲ့ အထွေထွေ ကုန်ကျစရိတ်တွေကို ပမာဏတစ်ခု သတ်မှတ်ထားမယ်ဆိုရင် အပိုသုံးမိရင်တောင်မှ သင့် ဘယ်လောက် ပိုသုံးမိသွားတယ်ဆိုတာကို သိသာစေပါတယ်။ ဒီအတွက် ဒီနည်းကလည်း အကောင်းဆုံး စီမံမှုထဲမှာ ပါဝင်နေပါတယ်။

READ
ဆီးချိုရောဂါရှိသူတိုင်း သရက်ရွက်ကို မဖြစ်မနေစားသုံးပေးသင့်ကြောင်း ဆရာဝန်တွေအကြံပေး........
lovelyday12/Freepik

Kham

sponsored