အိမ်တွင်း အပင်စိုက်ပျိုးသူတွေသာ ရမယ့် ကောင်းကျိုး(၄)မျိုး

senivpetro/Freepik
Sponsored

အပင်တွေကို ချစ်ပေမယ့်လည်း မြေကြီးတွေ တွေ့ရတာနည်းလာတော့ အပင်စိုက်သူတွေလည်း နည်းလာကြပါတယ်။ တစ်ချို့ကတော့ ပန်းအိုးလေးတွေနဲ့ အပင်စိုက်ကြပြီး အိမ်တွင်းမှာပဲ တစ်နိုင်တစ်ပိုင် အပင်စိုက်သူတွေ ရှိနေပါတယ်။ ဒီလို အပင်တွေကို အိမ်တွင်းမှာ စိုက်ပျိုးတာက အခုလို အကျိုးကျေးဇူးတွေ ရနိုင်လို့ ကောင်းတယ်လို့ ဆိုရမှာပါ။

(၁) စိတ်ကို ကြည်စေတယ်

Sponsored

အပင်တွေက လူတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်ပါတယ်။ အပင်တွေက လူတွေကို လန်းဆန်းစေတတ်တဲ့အပြင် အစိမ်းရောင် အသွင်အပြင်ကနေ သင့်စိတ်ကို ကြည်လင်စေပါတယ်။ ဒါကြောင့် အပင်တွေနားမှာ ထိုင်ရတာကို လူအများစုက နှစ်သက်မိကြတာ ဖြစ်ပါတယ်။

Photo by cottonbro from Pexels

(၂) လေကို သန့်စေတယ်

အပင်တွေကတော့ ဇီဝဖြစ်စဉ်အတိုင်းပဲ ရှင်သန်ကြတာကြောင့် သင့်ပတ်ဝန်းကျင်းကို သိပ်ကို အထောက်အပံ့ဖြစ်စေပါတယ်။ အဓိကအားဖြင့် အိမ်ထဲမှာ စိုက်ပျိုးလို့ ရတဲ့ အပင်တွေက လေထုထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး လေထုကို သန့်စင်စေတာကြောင့် အပင်တွေ ရှိထားရင် သင်က လတ်ဆတ်တဲ့လေတွေကို ရမှာ ဖြစ်ပါတယ်။

READ
ဘားအံ့မြို့က တောင်ဝိုင်းတောင်ကို တက်ရင် မဖြစ်မနေ လုပ်သင့်တဲ့ အရာ ၄ မျိုး
Photo by Karolina Grabowska from Pexels

(၃) စိတ်ဖိစီးမှုကို လျော့စေတယ်

အပင်စိုက်တာက စိတ်တွေကို ကုသခြင်းမှာ အထောက်အကူ ဖြစ်ပါသေးတယ်။ အပင်တွေကို ဂရုစိုက်ပေးရတာ၊ အပင်ရဲ့ ကြီးထွားမှု၊ ကျန်းမာမှု နဲ့ အိုးခွဲရမှုတွေကို လုပ်ရတာကြောင့် သင့်မှာ အတွေးတွေ မများစေတော့ဘဲ စိတ်တွေကို အေးချမ်းစေမှာပါ။ အိမ်မှာ အပင်စိုက်ထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေကို အပင်စိုက်တာနဲ့ ဖြေလျော့ပစ်လို့ ရပါတယ်။

Freepik.com

(၄) ကျေနပ်ပီတိ ဖြစ်စေတယ်

အပင်တစ်ပင်ကို ပျိုးထောင်ရတာက တကယ့်ကို အရိပ်တကြည့်ကြည့် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ကြီးထွားမှု ရှိမရှိ၊ ပန်းပွင့်မှု နှုန်း၊ ရေဓာတ်ပြည့်ဝမှု စတာတွေကို အမြဲ လိုက်ကြည့်နေရတာကြောင့် သင် ပျော်ရွှင်ရမှာပါ။ သင် စိုက်ပျိုးလို့ သန်မာ ကြီးထွားလာတဲ့ အပင်တွေကြောင့် သင်ကိုယ်တိုင် ကျေနပ်ပီတိကို ခံစားရစေပါသေးတယ်။

READ
Single နဲ့ FA တွေဆိုတာ ဂုဏ်သိက္ခာကြီးမားသူတွေပါ....

ကဲ လန်းဆန်းပြီး စိတ်ပေါ့ပါးစေတဲ့ ပတ်ဝန်းကျင်မျိုး ရှိချင်တော့ အပင်ပဲ စိုက်ကြပါနော်။

Kham

sponsored