အလုပ်မှာ စွမ်းဆောင်ရည် တိုးတက်လာဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ရမယ့် အချက် (၄) ချက်

interstid/Freepik
Sponsored

ကိုယ့်ရဲ့ အရည်အချင်းတွေက တိုးတက်လာလေလေ ကိုယ့်အတွက် လုပ်ငန်းခွင်တွေမှာ ကောင်းကောင်း လုပ်ကိုင်နိုင်လေ ဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေကို လိုချင်ရင် ကိုယ့်ဘက်ကလည်း အရည်အချင်းတွေ ပြည့်ဝ တိုးတက်မှုတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ရှိနေတဲ့ အရည်အချင်းတွေအတိုင်း မကျေနပ်ဘဲ ကိုယ့်ကို ပိုပြီး တိုးတက်လာဖို့ဆိုရင် ဒီလို စိန်ခေါ်မှုတွေ ထားရှိဖို့တော့ လိုအပ်နေပါတယ်နော်။

အချိန် သတ်မှတ်ချက်

Sponsored

လူ့သဘာဝအရ ဒီတိုင်း သတ်မှတ်ချက် မထားဘဲ တိုးတက်အောင် လုပ်မယ်ဆိုရင် တိုးတက်မှုက နှောင့်နှေး နေတတ်ပါတယ်။ ကိုယ်က နှစ်လ အတွင်းမှာ ဘယ်လောက် အရည်အချင်း တိုးတက်လာစေရမယ်ဆိုတဲ့ သတ်မှတ်ချက် ထားလိုက်ပြီးမှ ကြိုးစားမယ်ဆိုရင် တိုးတက်မှုကို သိသိသာသာ မြင်လာရမှာ ဖြစ်ပါတယ်။ ဒီအချက်က ကိုယ့်ကိုယ်ကို စိန်ခေါ်ထားတဲ့ အချက် ဖြစ်လို့ တိုးတက်မှုတွေက ပိုပြီး မြန်စေတာပဲ ဖြစ်ပါတယ်။

tirachardz/Freepik

သူများနဲ့ နှိုင်းယှဉ်မှု

READ
အချိန်တန်အိမ်ကပေးစားမယ့်သူကို မျှော်လင့်မနေသင့်တဲ့ အကြောင်းအရင်း (၅)ချက်

တခြားသူတွေနဲ့ နှိုင်းယှဉ်တာက မကောင်းဘူးလို့ ပြောတတ်ကြပါတယ်။။ စိတ်ဓာတ်ကျစေသလို ပုံစံထပ်တူ ကူးသလိုမျိုး ဖြစ်စေတယ်ဆိုတာမျိုးတွေကြောင့် သူများနဲ့ နှိုင်းယှဉ်တာမျိုးတွေကို လူတွေက မနှစ်သက်ကြပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ အရည်အချင်းတွေအတွက် ဒီအချက်ကို စိန်ခေါ်မှု အနေနဲ့ အသုံးချလို့ ရပါတယ်။ ကိုယ့်အနီးအနားက ကိုယ်အားကျရတဲ့ လူတွေရဲ့ အရည်အချင်းထိ ရောက်အောင် ကြိုးစားမယ်ဆိုတာမျိုးက သင့်အတွက် ကောင်းတဲ့ တွန်းအား တစ်ခု ဖြစ်စေပြီး သင့်ကို အားတက်မှု ဖြစ်စေပါတယ်။ ဒီအတွက် ပိုပြီး တိုးတက်မှုတွေက မြန်လာစေနိုင်ပါသေးတယ်။

senivpetro/Freepik

မကျေနပ်မှု

တင်းတိမ်ရောင်ရဲခြင်းက ကောင်းတဲ့ အကျင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ တိုးတက်မှုတွေ လိုချင်ရင် ကိုယ့်ရဲ့ လက်ရှိ အရည်အချင်းကို မကျေနပ် ဖြစ်ပေးတာ ကောင်းပါတယ်။ အလုပ်မှာ ပိုပြီး အရည်အချင်းတွေ တိုးတက်လာစေချင်ရင် ကိုယ့်ရဲ့ အရည်အချင်းကို မကျေနပ်ဖြစ်ပြီး စိန်ခေါ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ မကျေနပ်မှုကို စိန်ခေါ်ပြီး ပိုပြီး တိုးတက်တဲ့ ကိုယ် ဖြစ်လာအောင် လုပ်လိုက်ပါ။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့ အရည်အချင်းတစ်ခုကို သတ်မှတ်လိုက်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို အကောင်းဆုံး တွေ့ရမှာ ဖြစ်ပါတယ်နော်။

READ
တစ်နေ့လုံး စိတ်ကြည်လင်တက်ကြွနေအောင် မနက်ခင်းတိုင်း ဒီအမူအကျင့်(၅)ခုကို လုပ်ပေးပါ
user3980505/Freepik

ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ

စိန်ခေါ်မှုတွေထဲမှာ ဒီအချက်က အဖြစ်နိုင်ဆုံး အချက် ဖြစ်ပါတယ်။ ကိုယ်က ဒီလို အရည်အချင်းနဲ့ပဲ တန့်နေတဲ့သူ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို စိန်ခေါ်ခြင်းက သင့်ရဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်ဖို့ ခွန်အားတွေ ပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဒီလောက်နဲ့ တန့်နေတဲ့သူ မဟုတ်ကြောင်း ၂ နှစ် အစီအစဉ် ချပြီး တိုးတက်အောင် လုပ်မယ်ဆိုရင် သင် တကယ်ပဲ ပြောင်းလဲလာပြီး တိုးတက်လာတာကို တွေ့ရမှာ အသေအချာပါပဲ။ ဒါကြောင့် အလုပ်မှာ စွမ်းဆောင်ရည် မြင့်လာချင်ရင် ဒီလို စိန်ခေါ်မှုမျိုး ထားရှိပေးဖို့ လိုအပ်ပါတယ်။

marymarkevich/Freepik

Kham

sponsored