အလှအပ မြတ်နိုးသူတိုင်း မဖြစ်မနေ သိထားရမယ့် အချက် (၄) ချက်

user5391341/Freepik
Sponsored

ဘာမှကို လုပ်စရာမလိုဘဲ လှနေတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လှဖို့ဆိုရင် ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ဖို့ လိုပါတယ်။ ဝတ်လိုက်တိုင်း ဖက်ရှင်ကျတယ်ဆိုတာလည်း ဂရုစိုက်မိမှ ဖြစ်တာမျိုးပါ။ ကိုယ့်ကိုယ်ကို စတိုင်ကျပြီး လှပတဲ့သူ ဖြစ်ဖို့ဆိုရင်တော့ ဒီအချက် လေးချက်ကို လိုက်နာရမှာပါ။

(၁) အစားအသောက်

Sponsored

လှဖို့ဆိုတာ အပေါ်ယံ ပြင်ဆင်နေရုံနဲ့ မလုံလောက်တဲ့ အရာ ဖြစ်ပါတယ်။ အစားအသောက်ကို စားချင်တိုင်း စားမယ်ဆိုရင်သင့်အသားအရေနဲ့ ဆံသားကျန်းမာရေး စတာတွေကို ထိခိုက်မှာ ဖြစ်ပါတယ်။ စားတဲ့အခါ အသားအရေကို အထောက်အကူပြုတဲ့ ဗီတာမင်ဓာတ်တွေကို စားသုံးပေးရင်တော့ သင့်အသားအရေလေးက လှပနေမှာ ဖြစ်သလို ဝက်ခြံထွက်တာကိုလည်း တားဆီးနိုင်ပါသေးတယ်။

Photo by Andrea Piacquadio from Pexels

(၂) ဖက်ရှင်အမြင်

လှတယ်ဆိုတာ ဈေးကြီးတာတွေကို ဝယ်ဝတ်နေမှ လှတာမျိုး မဟုတ်ပါဘူး။ အဓိကအချက်က ဘာပဲ ဝတ်ဝတ် ဖက်ရှင် အမြင်ရှိဖို့က အဓိက ဖြစ်ပါတယ်။ ကိုယ်ဝတ်ချင်တာ ဝတ်နေတာထက် ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်ဝတ်ဆင်တာကလည်း ကိုယ့်ရဲ့ အလှကို ပေါ်လွင်စေပါတယ်။ ဖက်ရှင်ကျဖို့အတွက် အရောင်အတွဲအစပ်နဲ့ အပေါ်အောက် ဖက်ရှင် အတွဲအစပ်အပြင် နေရာဒေသကို လိုက်ပြီး ဝတ်ဆင်ဖို့ လိုပါတယ်။

READ
တောက်ပရှည်လျားတဲ့ဆံကေသာဖြစ်ဖို့ အိမ်မှာပဲလွယ်ကူစွာထိန်းသိမ်းနည်းလေးတစ်ခု
Photo by Andrea Piacquadio from Pexels

(၃) Skincare

ရုပ်ချောမှ လှတဲ့ခေတ် မဟုတ်တော့ပါဘူး။ ရုပ်မချောလည်း အသားအရေလှမယ်။ အချိုးအစား ပြေပြစ်မယ်၊ ဖက်ရှင်ကျမယ်ဆိုရင် သင်ကလည်း လှပတဲ့သူတစ်ယောက်ပါပဲ။ ဒါကြောင့် အသားအရေကိုလည်း မေ့ထားလို့ မရပါဘူး။ အသားအရေမှာမှ မျက်နှာအသားအရေအတွက် Skincare steps တွေကို သေချာ ဂရုစိုက်ပေးဖို့ လိုပါသေးတယ်။

Photo by Ekaterina Bolovtsova from Pexels

(၄) ကျန်းမာရေး

ကျန်းမာမှ လှမှာပါ။ မကျန်းမာတဲ့ သူတစ်ယောက်က လှဖို့ဆိုတာ ခက်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကသာ လှပကြောင်း ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ အဆီပိုတွေ မရှိအောင် ဂရုစိုက်ပြီး ရှိသင့်တဲ့ ကြွက်သားတွေ ရှိအောင် လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန် လုပ်တာတွေ ရှိတာက သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါပဲ။ ဒီတော့ လှဖို့အတွက်  ကျန်းမာရေးကို ဂရုစိုက်ရမယ်ဆိုတာကို မမေ့လိုက်ပါနဲ့နော်။

READ
အမျိုးသမီးတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အရွယ်အစား

Kham

sponsored