လောကကြီးထဲမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ သိထားသင့်တဲ့ အချက်(၄)ချက်

Photo by Trung Nguyen from Pexels
Sponsored

မိန်းကလေးတွေကို အားနည်းသူတွေလို့ လောကကြီးက ယူဆထားလေ့ ရှိပါတယ်။ တကယ်တော့ မိန်းကလေးတွေဆိုတာလည်း လူထဲက လူပါပဲ။ မိန်းကလေးတွေ အနေနဲ့ လောကကြီးထဲ အကောင်းဆုံး ရှင်သန်ဖို့ဆို ဒီလို အချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။

(၁) အရည်အချင်းဆိုတာ မိန်းကလေး ဖြစ်ခြင်းနဲ့ မဆိုင်ဘူး

Sponsored

ယောင်္ကျားလေးဆိုတော့ ဉာဏ်ကောင်းတာပေါ့ ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ တကယ်တမ်း သိပ္ပံနည်းကျ ကြည့်မယ်ဆိုရင် မိန်းကလေးတွေရဲ့ ဦးနှောက်လုပ်ဆောင်မှုက ပိုပြီး သာပါတယ်။ ဒါကြောင့် လိင်ကွဲပြားမှုက လူတစ်ယောက်ရဲ့ အရည်အချင်းကို မဆုံးဖြတ်ပေးနိုင်ပါဘူး။ မိန်းကလေးတွေဆိုတာလည်း သူများတွေထက် သာတဲ့ အရည်အချင်းတွေ ရှိအောင် လုပ်ဆောင်နိုင်တာကို သိထားသင့်ပြီး စိတ်ဓာတ်မကျဘဲ အမြဲ ကြိုးစားနေသင့်ပါတယ်။

READ
သားလေးမွေးမယ့် ကိုယ်ဝန်လား သိနိုင်တဲ့အချက်များ
Photo by Chevanon Photography from Pexels

(၂) ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့

မိန်းကလေးဖြစ်လို့ နိမ့်ကျတယ်လို့ မထင်ပါနဲ့။ မိန်းကလေးတွေကလည်း လောကကြီးမှာ အဖိုးတန်ပြီး အထောက်အပံ့ ဖြစ်နေတဲ့ သူတွေပါပဲ။ မိန်းကလေး ဖြစ်တာထက် ပိုပြီး နိမ့်ကျတာက တခြားသူတွေရဲ့ ဘဝကို ဖျက်ဆီးတာ၊ မကောင်းတဲ့အရာတွေကို လုပ်တာနဲ့ စိတ်ဓာတ်မကောင်းတာတွေကသာ ပိုပြီး ဆိုးတာပါ။ ကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်ဖို့ပဲ လိုတာမို့ မိန်းကလေး ဖြစ်တာ မကောင်းဘူးလို့ မတွေးလိုက်သင့်ပါဘူး။

Photo by Nugroho Wahyu from Pexels

(၃) မိန်းကလေးဆိုတာ အရေးကြီးပါတယ်

လောကမှာ လူသားတွေရဲ့ မျိုးဆက်မှာ မိန်းကလေးတွေက တကယ့်ကို အရေးပါပါတယ်။ မျိုးဆက်ပြန့်ပွားရေးမှာ အသက်နဲ့ ရင်းပြီး အဓိက တာဝန်ရှိနေတာက မိန်းကလေးတွေပဲ ဖြစ်ပါတယ်။ လူသားတွေ တိုးတက်တာ ပြန့်ပွားတာတွေမှာ မိန်းကလေးတွေက အရေးကြီးပါတယ်။ ဒါ့အပြင် လူသားတွေကို ပိုပြီး နွေးထွေးမှု ပေးနိုင်တာက မိခင်စိတ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကြောင့်ပါပဲ။

READ
စာအုပ်ဖတ်တဲ့ မိန်းကလေးတွေမှာပဲ ရှိတဲ့ အရည်အချင်းများ
Photo by Tuấn Kiệt Jr. from Pexels

(၄) မိန်းကလေးချင်း မဖိနှိပ်ပါနဲ့

မိန်းကလေးတွေက နှစ်ပေါင်းများစွာ တစ်ဆင့်နှိမ့်ပြီး အနှိမ်ခံသူတွေလို့ သဘောထားခံခဲ့ရတာပါ။ ဒါကြောင့် ဘဝတူ မိန်းကလေးတွေအချင်းချင်း ပြန်ပြီး ဖိနှိပ်တာက မိန်းကလေးတွေကို တိုးတက်တာလာ၊ လူအဖွဲ့အစည်းမှာ နေရာရလာတာမျိုးကို မိန်းကလေးတွေ ကိုယ်တိုင်က မလိုလားတဲ့ အဓိပ္ပာယ် ဖြစ်စေပါတယ်။ ဒါကြောင့် မိန်းကလေးတွေလည်း အရည်အချင်း ရှိကြောင်းကို မိန်းကလေးတွေက ပိုပြီး ဂုဏ်ယူကြသင့်ပါတယ်နော်။

jessica-ticozzelli/pexels

Kham

 

sponsored