ကိုယ့်အလုပ်ကို ခက်ခဲတယ်လို့ မတွေးတော့တဲ့အခါ ရလာမယ့် ကောင်းကျိုး (၄) ခု

Freepik- cookie_studio
Sponsored

အရွယ်ရောက်လာတဲ့ သူတိုင်းက ဝင်ငွေရှာလာရသလို အလုပ်တွေလည်း လုပ်လာရပါတယ်။ ဘယ်အလုပ်မှာမဆို အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အလုပ်ကို ခက်ခဲပြီး ပင်ပန်းလိုက်တာလို့ မြင်မိတာမျိုး ရှိရင်တော့ ပိုပြီး ပင်ပန်းနိုင်ပါတယ်။ အလုပ်ကို ခက်ခဲတယ်လို့ မတွေးဘဲ ကိုယ်က စိတ်အင်အားလေး စိုက်ပြီး ဒီထက် ပိုပြီး ကောင်းအောင် အလုပ်လုပ်မယ်လို့ တွေးလိုက်တဲ့ အခါ အခုလို ကောင်းကျိုးတွေ ရလာနိုင်ပါတယ်။

(၁) ပိုပြီး အလုပ်တွေ ပြီးနိုင်တယ်

Sponsored

အလုပ်က ခက်ခဲတယ်လို့ မတွေးဘဲ ငါ အလုပ်တွေ ပြီးအောင် လုပ်မယ်လို့ တွေးလိုက်တဲ့အခါမှာ အလုပ်တွေ ပိုပြီး ပြီးသွားနိုင်ပါတယ်။ ကိုယ်နဲ့ တသားတည်း ဖြစ်တဲ့ အလုပ၊် အလုပ်ကို ချစ်လာတဲ့ စိတ် ဖြစ်လာရင် အလုပ်တွေကို ပိုပြီး အားစိုက် လုပ်မိပြီး အလုပ်တွေ ပိုပြီး အောင်အောင်မြင်မြင် ပြီးသွားတတ်ပါတယ်။

READ
အကောင်းဆုံး Presentation တစ်ခု ဖြစ်ဖို့ ကြိုပြင်ဆင်ရမယ့် အချက်(၇)ချက်
shutterstock/ Mr.Whiskey

(၂) အလုပ်ဖိအားလျော့လာတယ်

ကိုယ်လုပ်နေတဲ့ အလုပ်ကို တာဝန်ယူမှုနဲ့ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်ကို နှလုံးသွင်းလိုက်တဲ့အခါ အလုပ်က သင့်ကို ဖိအားဖြစ်စေတဲ့အရာလို့ မမြင်မိတော့ဘဲ အလုပ် မပြီးသေးဘူးဆိုတဲ့ အပူအပင်လောက်ပဲ ခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်က ပေးတဲ့ ဖိအားတွေ ပိုပြီး လျော့သွားစေတတ်ပါတယ်။

(၃) စိတ်ချမ်းသာလာမယ်

အလုပ်ကို စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လာနိုင်တဲ့အခါမှာ အလုပ် မပြီးရင်တောင်မှ အလုပ်ကို အပြစ်မြင်စိတ်နည်းသွားတတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ရတာက  သင့်ကို စိတ်ဖိစီး ပင်ပန်းမှုတွေ မဖြစ်စေတော့ဘဲ စိတ်ချမ်းသာလာစေပါတယ်။

Photo by Andrea Piacquadio from Pexels

(၄) ကိုယ့်ကိုယ်ကို ဂုဏ်ယူမိလာမယ်

ဒါက ကိုယ့်ရဲ့ အလုပ်ပါလို့ ကျေကျေနပ်နပ် လက်ခံလိုက်တဲ့အခါမှာ အလုပ်တွေကို ပိုပြီး လုပ်နိုင်လာပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကိုလည်း ပိုပြီး မြင်မိလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ကိုယ့်အရည်အချင်းအပေါ် ဂုဏ်ယူမိတတ်လာပါတယ်။ ဒါကလည်း ကောင်းတဲ့ အချက် တစ်ခုပါပဲ။

READ
လုပ်ဖော်ကိုင်ဖက်နဲ့ ဒိတ်လုပ်မိရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများ

Kham

sponsored