ကိုယ့်ကိုကိုယ် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ခံစားရစေမယ့် အမူအကျင့်(၄)မျိုး

ansiia/Freepik
Sponsored

အကျင့်ဆိုတာ ကိုယ့်မှာ အမြဲလိုလို လုပ်နေကျ ဖြစ်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီလိုဆိုပေမယ့် တစ်ချို့ အကျင့်တွေက ကိုယ်တိုင် လုပ်ယူလို့ ရပါတယ်။ အကျင့်တွေကနေတဆင့် ကိုယ့်ကို ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ပိုကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်ဖို့ ဒီအကျင့်တွေက ပံ့ပိုးပေးနိုင်ပါတယ်။

(၁) စိတ်ကောင်းထားခြင်း

Sponsored

စိတ်ဆိုတာ ထားတတ်လေ အေးချမ်းနေလေပါပဲ။ စိတ်မှာ အလိုမကျမှုတွေ၊ မနာလိုမှုတွေနဲ့ မကောင်းမြင်စိတ်တွေ ရှိနေရင် ပူပင်စိတ်တွေ ဖြစ်နေရမှာ ဖြစ်ပါတယ်။ စိတ်ကောင်းကောင်း ထားဖို့ ကြိုးစားပြီး ကောင်းမွန်တဲ့ လုပ်ရပ်တွေကို အမြဲ လုပ်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့ သူတစ်ယောက်လို ခံစားမိစေတတ်ပါတယ်။

standret/Freepik

(၂) ကျန်းမာရေး လိုက်စားခြင်း

လူတစ်ယောက်က ပျင်းရိနေပြီး နေချင်သလို နေတာ သက်သက်သာသာ ရှိသလို ခံစားရပေမယ့် ကိုယ့်ကိုယ်ကို အပြည့်အဝ ကျေနပ်မှုတော့ မရတတ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ် လုပ်ဆောင်ရတာတွေမှာ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ပါ ထည့်သွင်းလုပ်ရင်တော့ ပိုပြီး ကျေနပ်မိလာပါလိမ့်မယ်။ မနက်မှာ စောစောထပြီး လမ်းလျှောက်တာ၊ ပြေးတာနဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာတွေကို စားသုံးတာက ကျန်းမာစေပြီး သင့်ခန္ဓာကိုယ်လည်း လန်းဆန်းလာစေလို့ ပိုပြီး ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။

READ
အန်နီမေးရှင်းဇာတ်လမ်းမှာ အသံသရုပ်ဆောင်ပေးတော့မယ့် Justin Bieber
standret/Freepik

(၃) အလုပ် ကြိုးစားခြင်း

အရွယ်ရောက်လို့ လုပ်ငန်းခွင် ဝင်ချိန်မှာ လုပ်စရာ ရှိတာတွေကို တာဝန်ကျေ လုပ်နေတာမျိုးက သင့်ကို ပျင်းရိဖွယ်နေ့ရက်တွေကို ခံစားစေရတာမျိုး၊ တူညီတဲ့နေ့တွေ ငြီးငွေ့ဖွယ် ဖြတ်သန်းရတာမျိုးကို ဖြစ်စေပါတယ်။ ကိုယ့်အလုပ်ကို တာဝန်ကျေလုပ်တယ်ဆိုတာထက် ကြိုးစားပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်အောင် အမြဲ သေချာစောင့်ကြည့်ပြီး အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ အရည်အချင်းကို ပိုပြီး မြင်လာစေလို့ ပိုကောင်းတဲ့ လူတစ်ယောက်လို ခံစားမိစေပါတယ်။

drobotdean/Freepik

(၄) ချက်ပြုတ်တတ်ခြင်း

ဆိုင်တွေမှာ သွားရောက်စားသောက်နေတာကလည်း ကိုယ့်ရဲ့ အစားအသောက်နဲ့ ပတ်သတ်တဲ့ ပျော်ရွှင်မှုတွေကို ရစေပါတယ်။ ဒါပေမယ့် ကိုယ်စားချင်တဲ့ တစ်ချို့အရာလေးတွေကို ချက်ပြုတ်တတ်တဲ့ အကျင့် ရှိတာက သင့်ကို ကောင်းမွန်တဲ့ ခံစားချက်တွေ ရရှိစေပါတယ်။ ချက်ပြုတ်တတ်တဲ့ ကိုယ့်ရဲ့ အကျင့်က ကိုယ့်ကို ကောင်းမွန်တဲ့ သူတစ်ယောက်ကို ကျေနပ်ပီတိ ဖြစ်ရစေပါတယ်။

READ
Lee Kwang Soo တို့အဖွဲ့နဲ့အတူ အပန်းဖြေခရီးစဉ်မှာ တွေ့ရတဲ့ Kim Woo Bin

Kham

sponsored