ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်ဖို့ သေချာပေါက် လိုအပ်တဲ့အရာ (၄) မျိုး

Photo by Maddog 229 from Pexels
Sponsored

စတိုင်ကျအောင် နေတယ်ဆိုတာ တစ်ချို့အချက်လေးတွေကို ဖြည့်ဆည်းထားရင် မခက်ခဲတော့ပါဘူး။ ခေတ်မီနေတဲ့ ပတ်ဝန်းကျင်မှာ စတိုင်ကျအောင် ဝတ်စားဆင်ယင်တတ်တာကလည်း အရည်အချင်းတစ်မျိုးပါပဲ။ အမြဲ ကြည့်ကောင်းနေခြင်းက first impression လည်း ကောင်းမွန်စေပါတယ်။ ဒီအတွက် သင့်ဘက်ကနေ လုပ်ရမယ့် အရာ (၄) ခု ရှိပါတယ်။

၁။ ဆံပင်ပုံစံ

Sponsored

ဆံပင်ပုံစံက လူတစ်ယောက်ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ ဆံပင်ပုံစံက ကိုယ့်ကို ကြည့်ကောင်းတဲ့သူ ဖြစ်စေသလို ရုပ်ဆိုးတဲ့သူတစ်ယောက်လည်း ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်ကို ကျွမ်းကျင်တဲ့ ဆံသပညာရှင်နဲ့ တိုင်ပင်ပြီး ရွေးချယ်ထားသင့်ပါတယ်။

Photo by cottonbro from Pexels

၂။ အဝတ်အစား

အဝတ်အစားဆိုတာ ကိုယ့်ရဲ့ အသွင်အပြင် တစ်ခုပါပဲ။ ကိုယ်က ဘယ်လို လူမျိုးပုံစံ ဖြစ်တယ်ဆိုတာကို အဝတ်အစားကို ကြည့်ရင် သိနိုင်ပါတယ်။ ကိုယ်က ဘယ်လို ဖက်ရှင်နဲ့ လိုက်တဲ့သူလည်းဆိုတာကို သိပြီး ကိုယ့်အသားအရောင်နဲ့ အဝတ်အစားအရောင် တွဲစပ်တတ်ဖို့လည်း လိုပါတယ်။ ဝတ်ချင်တိုင်း ဝတ်နေတာမျိုးထက် ကိုယ်နဲ့ လိုက်တဲ့ အဝတ်အစားတွေကိုသာ ရွေးဝတ်တတ်ဖို့ လိုပါတယ်။

READ
အပြိုင်အဆိုင်ဖြစ်နေတဲ့ ဇာတ်ဆောင် ဒိတ်ဒိတ်ကြဲရည်းစားဟောင်းနှစ်ယောက်ရဲ့ ဇာတ်ကားသစ် ၂ ကား
Photo by Alvin Ng from Pexels

၃။ ဖိနပ်

အပေါ်ပိုင်းကို ပျံလန်နေအောင် ဝတ်စားဆင်ယင်ထားလည်း ဖိနပ်က တလွဲဖြစ်နေရင် သင့်ဖက်ရှင်က အဆင်မပြေ ဖြစ်နေမှာပါ။ ဖိနပ်တဲ့ အဝတ်အစား အတွဲအဆက်ကို လိုက်ဖက်အောင် ဝတ်ဆင်ရမှာ ဖြစ်သလို သန့်ရှင်းမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာမျိုးကိုလည်း ရှောင်ကြဉ်ရမှာပါ။

Photo by Alexandra Maria from Pexels

၎။ အပြုအမူ

ကြည့်ကောင်းတယ်ဆိုတာ အဝတ်အစားနဲ့တင် မပြီးပါဘူး။ အဝတ်အစားနဲ့ လိုက်ဖက်အောင် နေထိုင်ရတာမျိုးအပြင် နေရာဒေသနဲ့ လိုက်ဖက်တဲ့ အပြုအမူတွေ ရှိထားဖို့လည်း လိုပါတယ်။ စကပ်အတို ဝတ်ပြီး အနေအထိုင် မတတ်တာမျိုး၊ ထမီဝတ်ပြီး အနေအထိုင် မတတ်တာမျိုးကို သတိထားရဖို့လည်း လိုအပ်ပါတယ်။ သန့်သန့်ရှင်းရှင်း ဖြစ်အောင် ပြုမူနေထိုင်တတ်တာကလည်း လူတိုင်းနဲ့ လိုက်ဖက်တဲ့ အပြုအမူကောင်းတစ်ခုပါပဲ။

Kham

sponsored