နိုင်ငံရပ်ခြားကို ခရီးထွက်ကြည့်သင့်တဲ့ အကြောင်အရင်း(၄)ခု

atstock_productions/Freepik
Sponsored

ခရီးတွေ ထွက်တတ်တဲ့သူ အများစုက ပြည်တွင်း ခရီးစဉ်တွေကိုပဲ ရွေးချယ်ပြီး ထွက်လေ့ ရှိပါတယ်။ တကယ်တမ်း ခရီးထွက်ရတာကို အရမ်းကို နှစ်ခြိုက်တဲ့သူတွေ အနေနဲ့ နိုင်ငံခြား ခရီးစဉ်တွေကိုလည်း သွားဖို့ ကြိုးစားသင့်ပါတယ်။ ဘာသာစကား အခက်အခဲကြောင့်ဆို စကားပြန်တွေ ငှားလို့ ရသလို အင်္ဂလိပ်ကို အခြေခံလောက် ပြောတတ်ရင်တောင် အဆင်ပြေပါတယ်။ အခုခေတ်မှာ ဖုန်းထဲကနေ အကုန် စီစဉ်လို့ ရသလို ပြည်တွင်း ခရီးစရိတ်နဲ့ သိပ်မကွာတဲ့ အနီးဆုံး ထိုင်းနိုင်ငံလို နိုင်ငံတွေကိုလည်း ခရီးထွက်လို့ ရပါတယ်နော်။ နိုင်ငံရပ်ခြားကို ခရီးထွက်မယ်ဆိုရင် အခုလို တမူထူးခြားတဲ့ အတွေ့အကြုံတွေကို ရမှာ ဖြစ်ပါတယ်။

(၁) ပတ်ဝန်းကျင် အသစ်တွေ တွေ့ရမယ်

Sponsored

ပြည်တွင်း ခရီးစဉ်တွေကတော့ သဘာဝ  ရှုခင်းတွေ မတူသွားတာက လွဲရင် ပတ်ဝန်းကျင်ပုံစံတွေက အတူတူ ဖြစ်နေပါတယ်။ နိုင်ငံခြား ခရီးစဉ်ကတော့ မတူတဲ့ လူတွေ၊ ယဉ်ကျေးမှုတွေ၊ ပြုမူပုံတွေနဲ့ နေ့စဉ်ဘဝတွေကို အထူးတလည်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ပတ်ဝန်းကျင်အသစ်က သင့်ကို အမြင်အသစ်တွေပါ ဖြစ်စေနိုင်ပါတယ်။

READ
အိမ်တွင်း အပင်စိုက်ပျိုးသူတွေသာ ရမယ့် ကောင်းကျိုး(၄)မျိုး
lovelove56/Freepik

(၂) ကမ္ဘာမှာ ဘယ်လောက် ခေတ်မီနေကြလဲဆိုတာကို သိရမယ်

ပြည်တွင်းမှာပဲ နေနေတာက ဗဟုသုတတွေလည်း အကန့်အသတ်နဲ့ ရှိသလို ဖြစ်နေပါတယ်။ နိုင်ငံခြားကို ခရီးထွက်တဲ့အခါ သူတို့ရဲ့ နေ့စဉ် လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ၊ ယာဉ်တွေ အသုံးပြုပုံတွေကို တွေ့ရမှာပါ။ သုံးစွဲတဲ့ ပစ္စည်းတွေ၊ ကိုယ့်နိုင်ငံနဲ့ မတူတဲ့ ယာဉ်၊ ရထားတွေရဲ့ ပုံစံတွေ စနစ်တွေက ကိုယ့်နိုင်ငံရဲ့ အခြေအနေကို သိစေပါတယ်။ ဘယ်လောက် နောက်ကျ ကျန်ခဲ့လဲအပြင် ခေတ်မီတာက ဘယ်လောက်တောင် အဆင်ပြေစေလဲဆိုတာတွေကိုပါ သိရနိုင်တဲ့ ခရီးအဖြစ်ကို ရရှိမှာ ဖြစ်ပါတယ်။

Photo by VisionPic .net from Pexels

(၃) လူနေမှု ပုံစံတွေကိုလည်း လေ့လာနိုင်တယ်

နိုင်ငံခြားကို ခရီးထွက်တဲ့အခါ သူတို့ရဲ့ အလုပ်သွား ကျောင်းသွားတဲ့ ပုံစံတွေအပြင် စီးပွားရေး လုပ်တဲ့သူတွေရဲ့ ပုံစံ၊ ဈေးရောင်းသူတွေရဲ့ ပြင်ဆင်ရောင်းချပုံတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီလို လူနေမှု ကွာခြားခြင်းရဲ့ အကျိုးသက်ရောက်မှုကိုလည်း သင် သဘောကျမိမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ဆို ပိုပြီး အမြင်ကျယ်လာမှာ ဖြစ်ပါတယ်နော်။

READ
သင့်အိတ်မှာ ပါတဲ့ ပစ္စည်းတွေကနေ ပြောပြနေတဲ့ သင့်ရဲ့ ပင်ကိုယ်စရိုက် လက္ခဏာများ
tzido/Freepik

(၄) အတွေ့အကြုံအသစ်ရမယ်

ပြည်တွင်းခရီးစဉ်နဲ့ မတူညီတဲ့ အတွေ့အကြုံတွေကို နိုင်ငံခြား ခရီးစဉ်တွေကို ထွက်မှသာ ခံစားသိရှိကြမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ခရီးအတွေ့အကြုံအနေနဲ့ ပေါင်းသင်း ဆက်ဆံရေး ပုံစံ၊ ဈေးရောင်းချမှု ပုံစံ၊ သွားလာရေး ပုံစံ၊ အဝတ်အစားပုံစံ၊ ဈေးနှုန်းသတ်မှတ်ကြပုံ၊ ခေတ်မီမှုတွေ စတာတွေကို နိုင်ငံခြားကို ခရီးထွက်ရင် အများကြီး သိလာရမှာမို့ တစ်ခေါက်လောက်တော့ သွားကို သွားကြည့်သင့်ပါတယ်နော်။

user7520741/Freepik

ပြည်တွင်းမှာပဲ လှည့်ပတ်သွားမနေဘဲ ဘေးနားကနိုင်ငံတွေလည်း သွားပါဦးနော်။

Kham

sponsored