သင့်ရဲ့ ဝင်ငွေကို စနစ်တကျ ချွေတာ သုံးစွဲသင့်တဲ့ အကြောင်းပြချက် (၄) ချက်

Photo by Karolina Grabowska from Pexels
Sponsored

ငွေဆိုတာက အဝင်ခက်သလောက် အထွက်လွယ်တယ်လို့ ပြောလေ့ ရှိကြပါတယ်။ ငွေကြေး သုံးစွဲတဲ့အခါ စနစ်တကျ သုံးစွဲမယ်ဆိုရင်တော့ ငွေရှာရကျိုးနပ်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ အဘက်ဘက်က ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ခေတ်ကြီးထဲမှာ ငွေကို ချွေတာ သုံးမယ်ဆိုရင်တော့ အခုလို ကောင်းကျိုးတွေ ပြန်ရလာမှာပါ။

(၁) လိုအပ်တဲ့ နေရာမှာ သုံးနိုင်တယ်

Sponsored

လိုအပ်တဲ့အခါလည်း သုံး မလိုအပ်တာတွေလည်း စွတ်ဝယ် သုံးစွဲနေတာတွေ များနေရင် ပိုက်ဆံက အကုန်မြန်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အရာ ထပ်ပေါ်လာတဲ့အခါမှာ ခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် လိုအပ်တာတွေကို စဉ်းစားရင်း ငွေကို ချွေတာ သုံးတတ်ဖို့ လိုပါတယ်။

Photo by Obsahovka Obsahovka from Pexels

(၂) အရေးပေါ် လိုအပ်ရင် အဆင်ပြေတယ်

READ
အသက် (၃၀)ကျော်က (၂၀)ကျော်ထက် ပိုကောင်းတယ်ဆိုတာ သက်သေပြနေတဲ့ အချက် (၉)ချက်

အကြောင်းအမျိုးမျိုးဆိုတာ ကြိုတင် မပြောနိုင်ပါဘူး။ မမျှော်လင့်ဘဲ ငွေကုန်ဖို့ လိုအပ်နေတဲ့ အရေးပေါ်အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒီလို အရေးပေါ် ငွေသုံးစွဲဖို့အတွက်ဆိုတာ အပိုမသုံးမှသာ အများစု လက်ထဲ ကျန်ကြတာပါ။ ဒါကြောင့် ပုံမှန်ဝင်ငွေပဲ ရသူတွေက ပိုပြီး ချွေတာတတ်ဖို့ လိုပါတယ်။

Photo by Karolina Grabowska from Pexels

(၃) ပေးကမ်းနိုင်မယ်

လိုအပ်သူတွေကို ပေးနိုင်တယ် လှူနိုင်တယ်ဆိုတာကလည်း တကယ့်ကို ပီတိ ဖြစ်စရာ ပါပဲ။ ငွေပိုငွေလျှံ မရှိဘဲ ပေးကမ်းလှူဒါန်းဖို့ မဖြစ်နိုင်ပါဘူး။ ချွေတာ သုံးစွဲရင်း ငွေကို စုဆောင်းတတ်တဲ့ အကျင့်ရှိရင်တော့ ဒီလို ပီတိကို ရနိုင်ပါတယ်နော်။

Photo by Karolina Grabowska from Pexels

(၄) စိတ်ချမ်းသာရမယ်

ပြတ်တုန်း လပ်တုန်း ၂၃ ဆိုသလိုပါပဲ။ ငွေ မရှိတဲ့ရက်တွေက စိတ်ညစ်စရာ ကောင်းပါတယ်။ ငွေ မရှိတဲ့အခါ ဘာအခက်အခဲမှလည်း ဖြေရှင်းဖို့ မလွယ် ဖြစ်နေတတ်ပါသေးတယ်။ ဒီတော့ ငွေကို ချွေတာ သုံးပြီး အိတ်ထဲ ငွေဆောင်ထားတတ်ရင်တော့ ငွေရှိပါသေးတယ်ဆိုတဲ့စိတ်နဲ့ စိတ်ချမ်းသာစွာ နေနိုင်မှာပါ။

READ
ခရမ်းရောင်ကိုအရူးအမူးကြိုက်တတ်သူတွေမှာတွေ့ရတတ်တဲ့ အရည်အချင်း(၆)မျိုး

Kham

sponsored