မျက်နှာအသားအရေလေး တင်းရင်းပြီး ဖြူဝင်းလာစေမယ့် skin care အဆင့် ၄ ဆင့်

shutterstock/Ajintai
Sponsored

မိန်းကလေးတစ်ယောက်အနေနဲ့ မျက်နှာအသားအရေက အထိက နံပါတ်တစ် ဦးစားပေး မဟုတ်လား။ ဒီတော့ ကိုယ့်မျက်နှာလေးကို ဘာမှမလိမ်းထားရင်တောင် တင်းတင်းရင်းရင်းနဲ့ ဖြူဖြူကြည်ကြည်လေး ဖြစ်နေစေမယ့် အခြေခံ skin care လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ထိရောက် လွယ်ကူတဲ့ နည်းလေးဖြစ်လို့ ဒီနည်းလမ်းလေးက သင့်မျက်နှာလေးကို ပြစ်မျိုးမှဲ့မထင် လှပစေမှာပါနော်။

Face cleansing

shutterstock/TORWAISTUDIO

အသားအရေကို ဂရုစိုက်တဲ့အနေရာမှာ မျက်နှာသစ်တဲ့ပုံစံ မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မျက်နှာသစ်တဲ့အခါ အညစ်အကြေးတွေ ကျန်ရှိနေခဲ့ရင် အလွယ်တကူ ဝက်ခြံဖြစ်နိုင်ပါတယ်။ နောက်ပြီး မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါ ကိုယ်က အသားခြောက်တတ်တဲ့သူ၊ အဆီပြန်တတ်သူလား စသဖြင့် ကိုယ့် skin အတွက် သင့်တော်တဲ့ မျက်နှာသစ်ဆေးလေးကို သုံးပေးပါ။

Toner

shutterstock/ Roman Samborskyi
Sponsored

မျက်နှာအသားအရေကို အခြေခံ ထိန်းသိမ်းပေးမယ့် toner ကတော့ မလိမ်းမဖြစ် လိမ်းပေးရမယ့် အရာတစ်ခုပါ။ Toner က မျက်နှာသစ်ပြီး မစင်ပဲ ကပ်ကျန်ခဲ့တဲ့ အညစ်အကြေးလေးတွေကို ဖယ်ရှားပေးသလို ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေအတွင်းပိုင်းအထိ အဟာရဖြည့်ပေးပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးပြီးချင်း toner လိမ်းပေးဖို့ လိုအပ်ပါတယ်။ Toner လိမ်းတဲ့အခါ လက်နဲ့ပုတ်လိမ်းတာထက် ဂွမ်းလေးနဲ့ လိမ်းပေးပါ။

READ
အရမ်းဂရုစိုက်ပေမယ့် မျက်နှာအသားအရေ ကောင်းမလာရခြင်း အကြောင်းရင်း (၈) ချက်

Moisturizer

shutterstock/ ANN PATCHANAN

တစ်နေ့လုံး ဖုန်တွေ၊ အညစ်အကြေးတွေ အပြင် လေထုတွေနဲ့ နေရောင်ခြည်ဒဏ်တွေကြောင့် အသားအရေဟာ ခြောက်သွေ့ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာလေး စိုစိုပြေပြေနဲ့ ရေဓာတ်ပြည့်ဝနေဖို့ moisturizer ကလည်း မပါမဖြစ်တဲ့ ပစ္စည်းတစ်ခုပါ။ ဒါက သင့်ရဲ့ မျက်နှာအသားအရေလေးကို စိုစိုတင်းတင်းလေး ဖြစ်နေစေမှာပါ။

Sun cream

shutterstock/ Africa Studio

သိပ်မလိမ်းဖြစ်ကြတဲ့ sun cream က လိမ်းကိုလိမ်းပေးသင့်တဲ့ အရာတစ်ခုပါနော်။ အိမ်မှာနေတဲ့ အချိန်မှာ SPF 30 လောက်ပါတဲ့ sun cream ကို လိမ်းပေးလို့ရပြီး အပြင်သွားတဲ့အခါမျိုးမှာ SPF 40, 50 လောက်ပါတာမျိုး လိမ်းပေးသင့်ပါတယ်။ Sun cream လိမ်းတဲ့ အသားအရေနဲ့ မလိမ်းတဲ့ အသားအရေဟာ သိသိသာသာကို ကွဲပြားပါတယ်နော်။ Sun cream ကို ပုံမှန်လိမ်းပေးတဲ့အခါ အသားအရေဟာ ကြည်လင်ကျန်းမာလာတာကို တွေ့ရမှာပါ။ ဒါကြောင့် sun cream လိမ်းပေးဖို့ မမေ့ပါနဲ့။

READ
သင့်ကိုရှိရင်းစွဲ အသက်ထက် ပိုပြီး အိုမင်းရင့်ရော်စေတဲ့ မိတ်ကပ်ပြင်ဆင်မှုများ

Khin

sponsored