ဘယ်သူမှ အနားမှာ မရှိသလို အထီးကျန်နေတဲ့ အချိန်တွေမှာ ပြုလုပ်သင့်တဲ့ အရာ (၄) မျိုး

Freepik.com
Sponsored

အထီးကျန်တယ်ဆိုတာကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားရတတ်ပါတယ်။ တစ်ချို့သူတွေကတော့ အချိန်အတော်များများမှာ အထီးကျန်တာမျိုး ခံစားနေရတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အထီးကျန်နေတဲ့အချိန်မှာ ဒီအတိုင်း အထီးကျန်နေတာကိုပဲ ဆက်မခံစားနေသင့်ပါဘူး။ ဒီလိုဆို သင့်ကျန်းမာရေးကို ထိခိုက်သွားစေနိုင်ပါတယ်။ တကယ်လို့ အထီးကျန်နေပြီဆိုရင်တော့ ဒီအချက်တွေကို ပြုလုပ်ပေးတာ အကောင်းဆုံးပါပဲ။

(၁) စာအုပ်ဖတ်ပါ

Sponsored

အထီးကျန်နေတဲ့အခါ တောင်တောင်အီအီနဲ့ လူမှုကွန်ယက်မှာ ရှိနေတာမျိုးထက်စာရင် စာအုပ်တစ်အုပ်ကို ဖတ်လိုက်တာက ပိုပြီး ကောင်းပါတယ်။ စာအုပ်ထဲမှာ မျောသွားရင်းနဲ့ လက်ရှိ အချိန်ကာလကို မေ့သွားမှာပါ။ စာအုပ်ကို တစ်ရွက်ချင်း လှန်ပြီး ဖတ်ရတာကလည်း သင့်အတွက် စိတ်ကို အလုပ်ပေးရတာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် စာအုပ်ဖတ်တာက အထီးကျန်တာကို မေ့စေတတ်ပါတယ်။

(၂) သီချင်းတွေ လိုက်ဆိုပါ

READ
စိတ်ချမ်းသာပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်နိုင်မယ့်နည်းလမ်း(၇)မျိုး

အထီးကျန်နေတဲ့အခါ စိတ်တွေက ထိုင်းမှိုင်းနေတာမျိုး၊ တည်ငြိမ်နေတာမျိုးတွေပါ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆို သင့်စိတ်တွေက လန်းဆန်းတော့လည်း မဟုတ်တော့ဘဲ အကြံဉာဏ်ကောင်းတွေလည်း ထွက်လာတော့မှာ မဟုတ်တော့ပါဘူး။ သီချင်းတွေ နားထောင်တာက သင့်ရဲ့ ခံစားချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ သီချင်းဖွင့်ပြီး စာသားတွေကို သေချာလိုက်ရွတ်လိုက်ရင် စိတ်လည်း လန်းဆန်းသွားပြီး အထီးကျန်တာတွေလည်း ပျောက်သွားစေတတ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၃) ဝါသနာပါရာ တစ်ခုခုကို လုပ်ပါ

အထီးကျန်နေတဲ့အချိန်တွေက ကိုယ့်ဝါသနာပါတဲ့ အရာတွေကို လုပ်ဖို့ အချိန်ကောင်းတစ်ခု ဖြစ်ပါတယ်။ ပန်းချီဆွဲတာ ဖြစ်စေ၊ သိုးမွှေးထိုးတာ ဖြစ်စေ၊ လက်ဝှေ့ထိုးချင်တာဖြစ်စေ တစ်ခုခုကို အထီးကျန်နေတဲ့ အချိန်မှာ လုပ်ပေးသင့်ပါတယ်။ ဒါက ကိုယ်က ဝါသနာ ပါရာကိုလည်း လုပ်ဖြစ်သွားသလို အထီးကျန်ပြီး အချိန်တွေ အလဟသ ဖြစ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားစေပါတယ်နော်။

READ
တကယ်မချစ်ဘဲ ရည်းစားထားကြတဲ့ မိန်းကလေးတချို့ရဲ့ အကြောင်းပြချက် (၆) ချက်
Photo by Anna Shvets from Pexels

(၄) စကားပြောဖို့ ကြိုးစားပါ

အထီးကျန်တယ်ခံစားရပေမယ့် ကိုယ်နဲ့ သိတဲ့သူတွှေရှိနေပါသေးတယ်။ သူတို့အပေါ် ခံစားချက် မထည့်ဘဲ စကားလိုက်ပြောကြည့်ပါ။ ကိုယ်နဲ့ စကားပြောချင်သည် ဖြစ်စေ၊ မပြောချင်သည် ဖြစ်စေ၊ သင်နဲ့ သိတဲ့သူတွေကို ရောက်တတ်ရာရာ လိုက်စကားစပြီး ပြောတာက သင့်ကို တစ်မျိုးတစ်မည် ပြောင်းလဲသွားစေတတ်ပါတယ်။ ပျော်လာတာကို ခံစားရစေသလို ပေါ့ပါးသွားသလိုလည်း ခံစားရစေပါတယ်။ ဒါမှ မဟုတ်ရင်လည်း သင့်ကို အထီးကျန်နေတာကနေ မေ့အောင် လုပ်နိုင်ပါတယ်။

drobotdean/Freepik

Kham

 

sponsored