ဘယ်တော့မှ သည်းခံမနေသင့်တဲ့ အကြောင်းအရာ (၄) မျိုး

wayhomestudio/Freepik
Sponsored

လောကမှာ သည်းခံသင့်တာကို သည်းခံသင့်တယ်လို့ ပြောလေ့ ရှိပါတယ်။ ဒီစကားမှာတည်းက သည်းခံစရာ မလိုတဲ့ ကိစ္စရပ်တွေ ရှိနေတတ်တာကို ပြောထားပါတယ်။ သည်းခံတာက ရန်နည်းတယ်ဆိုပေမယ့် အမြဲ သည်းခံ မနေသင့်ပါဘူး။ သည်းခံတာ များသွားတဲ့အခါ သင့်ကို လူတွေက အနိုင်ယူပြီး တန်ဖိုးမထား ဖြစ်တတ်ပါတယ်။ ဒါကြောင့် သည်းခံတတ်တယ်ဆိုရင်တောင်မှ ဒီလိုအရာတွေကို လုံးဝ သည်းမခံသင့်ပါဘူး။

၁။ မိဘကို စော်ကားတဲ့အခါ

Sponsored

မိဘဆိုတာ ကိုယ်နဲ့ အဆင်မပြေဖြစ်လို့ ကိုယ်နဲ့ အခြေအတင် ဖြစ်တာမျိုး ရှိပေမယ့် ဒါက မိသားစုတွင်း ကိစ္စရပ် ဖြစ်ပါတယ်။ ဘယ်လိုပဲ မိဘနဲ့ အဆင်မပြေတဲ့ အခြေအနေ ရှိထားရင်တောင်မှ ကိုယ့်မိဘကို မကောင်းပြောတာမျိုးကို သည်းခံပေးလို့ မဖြစ်ပါဘူး။ လူတိုင်းမှာ အမှားကိုယ်စီနဲ့ အကြောင်းအရင်း ကိုယ်စီ ရှိနေတတ်ပါတယ်။ ကိုယ့်မိဘကို ဆွေမျိုးတွေက နှိမ့်ချ စော်ကားတာမျိုးအပြင် တခြားသူတွေကပါ အပြစ်ပြောဆိုတာမျိုးကို ကိုယ်ကတော့ သည်းခံ မနေသင့်ပါဘူး။

READ
ချောမောခန့်ညားလှတဲ့ ကမ္ဘာအနှံ့မှ လူပျိုလူလွတ်တော်ဝင်မင်းသားလေးများ
wayhomestudio/Freepik

၂။ ကိုယ့်သိက္ခာကို ထိပါးတဲ့အခါ

လောကကြီးမှာ ကိုယ့်လောက် ကိုယ့်အကြောင်းကို ဘယ်သူမှ မသိပါဘူး။ ကိုယ့်အကြောင်းကို ခန့်မှန်းခြေနဲ့ တစ်ချို့သူတွေက စော်ကားပြောဆိုတာ အထင်သေးပြောဆိုတာတွေ ရှိနေပါတတ်ပါတယ်။ အတင်းပြောတယ်ဆိုပြီး လွှတ်ထားပေးလို့ ရပေမယ့် တစ်ခါတစ်လေမှာ ဒီအတိုင်း ကြည့်မနေဘဲ သူတို့ သင့်အကြောင်း မဟုတ်တာတွေ ပြောနေတယ်ဆိုတာကို သင် သိနေကြောင့် တုန့်ပြန်ပြောဆိုတာမျိုး ပြုလုပ်သင့်ပါတယ်။

Freepik.com

၃။ နှိမ့်ချပြောဆိုတဲ့အခါ

လူတိုင်းက သူ့အခြေအနေနဲ့သူပါ။ ဒါက ဘဝအခြေအနေပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်သေးစရာ၊ နှိမ့်ချစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လိုက်ကြည့်ပြီး နှာခေါင်းရှုံ၊ နှိမ့်ချဆက်ဆံနေတယ်ဆိုရင်တော့ သင့်အခြေအနေက အမှားတစ်ခု မဟုတ်သလို ရှုံ့ချစရာ အကြောင်းမရှိကြောင်း တုန့်ပြန်ပြီး သူများဘဝကြည့်ပြီး လှောင်ပြောင်တတ်တဲ့သူတို့ကိုယ် သူတို့ ပြန်ရှက်အောင်သာ ပြုလုပ်ပေးလိုက်ပါနော်။

READ
သင့်ရဲ့ခွေးလေးနေမကောင်း ဖြစ်နေပြီဆိုတာကို သိရှိနိုင်မယ့် နည်းလမ်း (၇) ခု
yanalya/Freepik

၎။ မတရားစွပ်စွဲတဲ့အခါ

စကားနည်းရင် ရန်စဲတယ်။ တစ်ချို့အရာတွေက သည်းခံလိုက်တာ ပိုကောင်းတယ်ဆိုပေမယ့် သည်းမခံသင့်တဲ့ အရာတစ်ခုကတော့ မတရားစွပ်စွဲတာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို မတရားသဖြင့် ဘယ်လိုလူပါဆိုပြီး စွပ်စွဲ ပြောဆိုတာမျိုးကို ငြိမ်ပြီး သည်းခံနေတာထက် စာရင် သက်သေတောင်းပြီး ကိုယ့်ရဲ့ ကောင်းတဲ့အချက်ကို ပေါ်လွင်စေလိုက်ပါ။ ကိုယ့်ကို အလဟသ မတရားလိုက်ပြောနေတာမျိုးကို ဘယ်နည်းနဲ့မှ သည်းမခံသင့်ပါဘူး။

Kham

sponsored