သင့်ရဲ့အဖိုးတန် အချိန်တွေ အများကြီးပေးပြီး မျောမနေသင့်တဲ့ အရာ (၄) ခု

luis_molinero/Freepik
Sponsored

အချိန်ဆိုတာ သုံးတတ်ရင် သိပ်ကို အဖိုးတန်ပါတယ်။ တစ်နာရီ၊ နှစ်နာရီကအစ ကိုယ့်အတွက် အကောင်းဆုံး အသုံးချသင့်တာမို့ အချိန်တွေကို ဖြုန်းနေမိရင် နှမြောစရာ အရမ်းကောင်းပါတယ်။ ဒါကြောင့် သင့်အချိန်တွေ ဖြုန်းမိစေတဲ့ အကြောင်းတွေမှာ မသုံးမိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို ဒီလို အရာတွေအတွက် အသုံးမပြုသင့်ပါဘူး။

၁။ အွန်လိုင်း အသုံးပြုချိန် ကြာမြင့်ခြင်း

Sponsored

လူမှုကွန်ယက် အသုံးပြုတာက ကိုယ့်အတွက် အနားယူတဲ့အချိန် အဖြစ်လည်း အကျိုးပြုသလို သတင်းအချက်အလက်တွေကို ရှာဖွေနိုင်၊ သိနိုင်တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အချိန် ရှိသရွေ့ အွန်လိုင်းသုံးနေတာမျိုးက သင့်ရဲ့ အဖိုးတန်အချိန်တွေကို ဖြုန်းတီးနေတာပါပဲ။ အွန်လိုင်း တစ်နာရီ ပိုသုံးမိရင် သင့်ရဲ့ တခြားသော ပညာတွေ သင်ယူနိုင်မယ့် အချိန် တစ်နာရီ ဖြုန်းတီးတာမို့ အွန်လိုင်းကို အချိန်အများကြီး ပေးပြီး မသုံးသင့်ပါဘူး။

READ
ကိုရီးယားကနေ ထွက်သွားတော့မယ့် Ku Hye-sun
Photo by RF._.studio from Pexels

၂။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို အချိန်ပေးခြင်း

ကိုယ့်အပေါ် မကောင်းတဲ့သူဆိုတာ ကိုယ့်ကို အမြဲ စိတ်ပင်ပန်းမှုနဲ့ စိတ်ညစ်စရာအပြင် အခက်အခဲတွေပဲ ဖြစ်စေတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို အမြဲသည်းခံပြီး နေစရာ မလိုပါဘူး။ သူတို့အတွက် သင့်ရဲ့ အချိန်တွေကို ပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ သူတို့ ခိုင်းတာ လုပ်ပေးတာမျိုးနဲ့ သူတို့နဲ့ အတူတူ အချိန်ကုန်တာမျိုးက သူ့ရဲ့ အရေးပါတဲ့ အချိန်တွေကို ဖြုန်းတီးလိုက်တာပါပဲ။ သင့်က အဲ့လို ဖြုန်းလိုက်တဲ့ အချိန်တွေမှာ ပျော်ရွှင်နေဖို့ ထိုက်တန်ပါတယ်။

Photo by Mental Health America (MHA) from Pexels

၃။ ပျင်းရိခြင်း

ပျင်းနေတဲ့ အချိန်တွေကို ကြုံဖူးတတ်ကြပါတယ်။ ဒီလို ပျင်းနေတဲ့ အချိန်တွေက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ အမြဲလိုလို ပျင်းနေတာမျိုးနဲ့ မကြာခဏ ပျင်းနေတာက တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း မလေ့လာဖြစ်စေဘဲ သင့်အချိန်တွေကို အလဟသ ကုန်ဆုံးသွားစေတာ ဖြစ်ပါတယ်။ ပျင်းရိတာကို အချိန်ပေးရင်း Comfort Zone မှာပဲ နှစ်မြုပ်နေမယ်ဆိုရင် သင့်အရည်အချင်းတွေလည်း တိုးတက်လာမှာ မဟုတ်သလို ဘဝကလည်း ထူးခြားလာမှာ မဟုတ်ပါဘူး။

READ
Kazakhstan နိုင်ငံမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ နာမည်ကျော် ကေပေါ့အဖွဲ့
Photo by Ekaterina Bolovtsova from Pexels

၎။ အချစ်

အချစ်ဆိုတာ လူတိုင်း ကြုံကြတဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချစ်ဆိုတာကို အချိန်အများကြီးပေးလို့ မဖြစ်ပါဘူး။ အချစ်ဆိုတာ တစ်ဘဝလုံး အတူရှိမယ့်အရာဆိုပေမယ့် ကိုယ့်ရဲ့ ဘဝအစိတ်အပိုင်းပဲ ဖြစ်ပြီး ဘဝရဲ့ အချိန်အားလုံး မဟုတ်ပါဘူး။ မနက်မိုးလင်းတာကနေ မျက်စိမှိတ်တဲ့အထိ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘဲ ချစ်သူအကြောင်းပဲ ပြောနေ လုပ်နေတာမျိုးက သင့်ဘဝ သင်ကိုယ်တိုင် ဖျက်ဆီးမိနေတာပါပဲ။ ကိုယ့်ရဲ့ အရည်အချင်းတွေ၊ လူမှုရေးတွေနဲ့ ကိုယ်ပိုင်ဘဝအတွက် ဘာမှ မလုပ်ပဲ ချစ်သူနဲ့ပဲ နေ့နေ့ညည နေမယ်ဆိုတာ အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အချိန်တွေကို မဖြုန်းတီးပစ်ဘဲ အကျိုးရှိတာတွေအတွက် လုပ်ဖို့ အရေးကြီးပါတယ်နော်။

Kham

sponsored