ခန္ဓာကိုယ် ကျန်းမာလှစေဖို့ အိမ်တွင်းမှာ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပုံစံ (၄) မျိုး

tonefotografia/Freepik
Sponsored

အပြင်မထွက်ရတဲ့ ကာလတွေမှာ အိမ်မှာ နေနေရပေမယ့် အညောင်းမိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အညောင်းမိတာကလည်း သွေးလည်ပတ်မှုတွေကို ပုံမမှန် ဖြစ်စေတတ်တာကြောင့် ထိုင်းမှိုင်းမှုတွေပါ ဖြစ်လာစေမှာပါ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန် လုပ်ပေးရင်တော့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပါ။ အိမ်မှာ နေရင်း အခုလို လေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး ကျန်းမာစွာ နေထိုင်ကြပါနော်။

(၁) ယောဂ

Sponsored

သင်တန်းဆရာတွေနဲ့ ကိုယ်တိုင် သင်ယူလေ့လာရတာက အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း ဗီဒီယိုဖိုင်တွေကနေလည်း လေ့လာကြည့်လို့တော့ ရပါတယ်။ ယောဂလေ့ကျင့်ခန်းက စိတ်ကို တည်ငြိမ်စေသလို အာရုံစူးစိုက်မှု ပိုပြီး အားကောင်းလာစေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ပိုပြီးကောင်းမွန်စေတာကြောင့် ကျန်းမာတဲ့ တစ်နေ့တာကို ပိုင်ဆိုင်ရစေမှာပါ။

Photo by Elly Fairytale from Pexels

(၂) အေရိုးဗစ်

READ
ဆံပင်ကျွတ်နေတာချက်ချင်းရပ်ပြီး ဆံပင်ပြန်လည်ထူထဲ သန်စွမ်းလာစေမယ့်အစားအစာ(၆)မျိုး

ငယ်ငယ်က ကျောင်းတွေမှာ လေ့ကျင့်ခန်းတွေကို လုပ်ခဲ့ကြဖူးတာကို သတိရအုံးမယ် ထင်ပါတယ်။ ဒီလိုမျိုး လေကျင့်ခဲ့ဖူးတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေက ကျန်းမာရေးအတွက် လုံးဝ သင့်လျော်တဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး အဆီပိုတွေလည်း ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လို့ ကောင်းတဲ့ လေ့ကျင့်ခန်းမို့ သင်ခန်းစာတွေကို Youtube က တဆင့် လိုက်လုပ်လို့ ရပါတယ်။

Photo by Ketut Subiyanto from Pexels

(၃) Work out

Gym မှာ ကိုယ်တိုင် သွားမဆော့နိုင်တဲ့ အချိန်တွေမှာ Work out အတွက် app တွေကို အစားထိုး အသုံးပြုကြည့်လို့ ရပါတယ်။ ကိုယ့်လုပ်ချင်တဲ့ Work out ပုံစံတွေကို သူ့နေ့နဲ့ သူ လုပ်ရမယ့် ပုံစံတွေကို app တွေကနေ ဖော်ပြပေးတတ်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း Work out လုပ်ပါ။ ကျန်းမာရေးအတွက် ကောင်းမွန်နေပါစေနော်။

READ
ဖြောင့်စက်မသုံးဘဲ အိမ်မှာတင် သဘာဝနည်းနဲ့ ဆံပင်ဖြောင့်ကြမယ်
Racool_studio/Freepik

(၄) အက

လေ့ကျင့်ခန်းတွေထဲမှာ အကလေ့ကျင့်တာကလည်း သွေးပူစေတဲ့ လေ့ကျင့်ခန်း ဖြစ်သလို အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ အရာ တစ်ခုပါပဲ။ လူငယ်တွေအနေနဲ့ လက်ရှိ ခေတ်စားနေတဲ့ k-pop အကတွေကို အိမ်မှာနေရင် MV တွေကနေလည်း လိုက်ကတာမျိုး၊ Youtube မှာ ရှာဖွေပြီး လိုက်ကတာမျိုးတွေ လုပ်ကြည့်သင့်ပါတယ်။ တကယ် မကတတ်လာရင်တောင်မှ သင့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်သွားမှာပါ။

Freepik.com

Kham

sponsored