ကောင်လေးတွေ ဘဝလက်တွဲဖော်ဖြစ် ရွေးချယ်လေ့ရှိတတ်တဲ့ မိန်းကလေးပုံစံ(၄)မျိုး

Pixabay-StockSnap
Sponsored

ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက် ချစ်သူဖြစ်ဖို့ အင်မတန်လွယ်ကူပေမယ့် အိမ်ထောင်ပြုဖို့ကျတော့ အင်တန်ခဲယဉ်းပါတယ်။ သွေားသားမတူတဲ့ သူစိမ်းနှစ်ယောက် ပေါင်းစပ်ရမယ့် ကိစ္စဖြစ်တဲ့အပြင် မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုပါ ပေါင်းစည်းရတာကြောင့် လက်ထပ်ဖို့ကိစ္စကို တော်တော်လေး စဉ်းစားတတ်ကြပါတယ်။ ပျိုမေတွေဖက်ကလည်း ယောကျာ်းတစ်ယောက်ရဲ့ နားလည်နိုင်မှု၊ အရည်အချင်းရှိမရှိ၊ ကိုယ်ကျင့်တရားကောင်းတဲ့ ယောကျာ်းလေးဟုတ်မဟုတ် အစရှိသဖြင့် ကြည့်တတ်တဲ့အပြင် အမျိုးသားတွေကလည်း သူတို့ရဲ့ ဇနီးဖြစ်သူ တစ်နည်းအားဖြင့် သူတို့ဘဝတစ်လျှောက်လုံး လက်တွဲသွားမယ့် မိန်းကလေးတစ်ယောက်ကို သေသေချာချာ ရွေးချယ်လေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ယောကျာ်းလေးအများစု ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လေ့ရှိတဲ့ မိန်းကလေးပုံစံ ၄ မျိုးကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-sweetlouise

၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေး

Sponsored

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးမျိုးဟာ တစ်ဖက်ယောက်ျားလေးတွေကို ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်မျိုး ဖြစ်စေပါတယ်။ အရာရာမှာ မှီခိုချင်တဲ့ စိတ်ကင်းပြီးတော့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမျိုးတွေ၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးမျိုးပုံစံတော်တော်များများကို ယောကျာ်းလေးတော်တော်များများက သူတို့အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့ ရှိကြပါတယ်။

READ
အိမ်အထိ လာနှောင့်ယှက်နေတဲ့ ပရိသတ်အချို့ကို သတိပေးလိုက်တဲ့ Kai

၂။ ကိုယ့်မိဘကို သူ့မိဘလို သဘေားတတ်တဲ့ မိန်းကလေး

ဘယ်အမျိုးသားမဆိုတော့ ကိုယ့်ချစ်သူကို လက်ထပ်ဖို့ စိတ်ကူးထားရင် သူတို့အိမ်တွေနဲ့ မိတ်ဆက်ပေးလေ့ရှိပြီး အဲဒီတွေ့ဆုံမှုအချိန် ခဏလေးမှာ ဒီချစ်သူကောင်မလေးဟာ သူတို့မိဘတွေအပေါ် ဆက်ဆံတဲ့ ပုံစံကိုကြည့်ပြီး သူရဲ့ လက်တွဲဖော်ဖြစ်နိုင်မဖြစ်နိုင် လေ့လာတတ်ကြပါတယ်။

Pixabay-Pexels

၃။ အနေအထိုင်သပ်ရပ်တဲ့ မိန်းကလေး

မိန်းကလေးတစ်ယောက်ဟာ အနေအထိုင်သပ်သပ်ရပ်ရပ် ရှိတဲ့ ပုံစံမျိုးလေးတွေကို ယောကျာ်းလေးအများစုက ကြွေကြပါတယ်။ ရင်ဖုံးအင်္ကျီနဲ့ ထမီကြီးဝတ်ပြီး နေတာကိုမှ အနေအထိုင်သပ်ရပ်တယ်လို့ မခေါ်ပါဘူး။ ခေတ်ဆန်ဆန် အတိုအပြတ်တွေ ဝတ်ရင်တောင်မှာ အနေအထိုင်က ပိရိသေသပ်ရင် ယောကျာ်းလေးတွေ မျက်စိထဲမှာ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းနေတတ်ပြီး အမြင်ရိုင်းတာမျိုး မမြင်တတ်ကြပါဘူး။

၎။ သစ္စာရှိတဲ့ မိန်းကလေး

ဘယ်ယောကျာ်းလေးမဆို ကိုယ်ချစ်ရတဲ့ မိန်းကလေးက ကိုယ့်အပေါ်မှာ သစ္စာရှိတာကိုပဲ လိုချင်ကြတာပါ။ ကိုယ်က အလုပ်ကိစ္စတွေကြောင့် ခရီးတွေဘာတွေ ရက်ရှည်ထွက်ခဲ့ရင်တောင်မှ အိမ်မှာကျန်ခဲ့တဲ့ ဇနီးမယားက စိတ်ချလို့ရတဲ့ လူမျိုးကိုပဲ လိုချင်ကြတာပါ။

READ
အရမ်းတွေ ရိုလွန်းနေတဲ့ ဟန်နာယူရီနဲ့ အိစိကွေး
Pixabay-Free-Photos

phk

sponsored