Heart attack မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း(၄)ခု

Pixabay-Pexels
Sponsored

လူတစ်ယောက်ဟာ ရုတ်တရက် heart attack ဖြစ်ရင် အသက်ရှင်နိုင်ချေ နည်းပါးလွန်းပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် စစ်တမ်းအရ စက္ကန့် ၄၀ တိုင်း လူတစ်ယောက်ဟာ heart attack ကြောင့် သေဆုံးနေရရှာပါတယ်။ heart attack ဖြစ်လေ့ရှိတဲ့ လူတော်တော်များများဟာ သွေးတိုးဆီးချိုအခံရှိသူတွေနဲ့ သွေးတွင်း ကိုလက်စတရောဓာတ် မြင့်မားစွာ ရှိနေတဲ့ လူတွေဟာ ဒီလိုမျိုး ရုတ်တရက် heart attack ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။ အကုန်လုံးသိတဲ့အတိုင်း ရောဂါတစ်ခုဆိုတာ ဖြစ်ပြီးမှ ပျောက်ကင်းအောင် ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် အခုအချိန်မှာတော့ heart attack မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမယ့် နည်းလမ်း ၄ ခုကို Aunty May ရဲ့ စာဖတ်ပရိသတ်ကြီးသိအောင် တင်ပြပေးချင်ပါတယ်။

Pixabay-27707

၁။ ဆေးလိပ်ဖြတ်ပါ

Sponsored

ဆေးလိပ်သောက်တာဟာ ကိုယ့်အတွက် အကျိုးမရှိသလို တစ်ခြားလူတွေအတွက်လည်း အကျိုးမရှိစေပါဘူး။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ ဓာတုဗေဒဓာတ်တွေနဲ့ ဆေးလိပ်ကထွက်တဲ့ အညစ်အကြေးတော်တော်များများဟာ သွေးထဲမှာ လှည့်လှည်စီးဆင်းနေပြီး နှလုံးကို ရောက်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ နှလုံးအဆီဖုံးရောဂါတို့၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ ဖြစ်လာပြီး လိုအပ်တဲ့ သွေးပမာဏဟာ နှလုံးဆီကို မစီးဆင်းနိုင်တော့တဲ့ အခါမျိုးတွေမှာဆိုရင် ရုတ်တရက် heart attack ဖြစ်တာမျိုးတွေ ရှိစေပါတယ်။

READ
ချစ်သူလက်ကိုဆွဲပြီး ကမ္ဘာပတ်ချင်တဲ့အကြောင်း ပြောလာတဲ့ အေးမြတ်သူ

၂။ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပါ

နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့ဆိုတာ လူတစ်ယောက်အတွက် ပြောရတာ လွယ်ကူပေမယ့် ပြုလုပ်ရတာ အင်မတန် ခက်ခဲပါတယ်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်သူ အယောက် ၂၀,၀၀၀ ကျော်ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး စစ်တမ်းကောက်ခံခဲ့ရာ အဆိုပါ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေဟာ heart attack ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

၃။ ဟင်းသီးဟင်းရွက်များများ စားပေးပါ

လူတစ်ယောက်အတွက် နှလုံးကျန်းမာဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အသားငါးတွေထက် နှလုံးကျန်းမာအောင် ဟင်းသီဟင်းရွက်ကို များများစားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်များများ စားပေးခြင်းက ခန္ဓာကိုယ် သွေးကြောတွေထဲမှာရှိတဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို ကောင်းကောင်းဖယ်ရှားပေးစေနိုင်တဲ့အပြင် သွေးလည်ပတ်မှုတွေကို ကောင်းအောင် ပြုလုပ်ပေးတာကြောင့် ဟင်းသီးဟင်းရွက်ကို များများလေး စားသုံးပေးသင့်ပါနယ်။

READ
ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူလို့ ထင်စေနိုင်မယ့် အဆိပ်အတောက် အတွေးဆိုးများ
Pixabay-RitaE

၎။ အိပ်ချိန်မှန်အောင် အိပ်ပါ

ဒီနေ့ခေတ်လူတော်တော်များများရဲ့ အိပ်ချိန်ဟာ တော်တော်လေးကို နောက်ကျနေပါပြီ။ လူတစ်ယောက်ဟာ နေ့စဉ် အိပ်ချိန် ၇ နာရီမပြည့်ရင် ပုံမှန်အိပ်နေကျ လူတစ်ယောက်ထက် အသက်ပိုတိုစေနိုင်ပြီး heart attack အလွယ်တကူ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် လူတိုင်းဟာ ကိုယ်ရဲ့အိပ်ချိန်နဲ့ အိပ်ရာထချိန်ကို ပုံမှန်လေး သတ်မှတ်ပြီး နေထိုင်သင့်ပါတယ်။

လူတစ်ယောက်ဟာ heart attack တစ်ခါဖြစ်ပြီသွားရင် နောက်ထပ် ၅ နှစ်အတွင်း နောက်ထပ် heart attack ထပ်ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် heart attack မဖြစ်အောင်လို့ ကြိုတင်ကာကွယ်မှုတွေ အများကြီး ပြုလုပ်လို့ ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးတွင်းကိုလက်စတရောဓာတ်များနေတာတွေကို ဖယ်ထုတ်တာတို့၊ နှလုံးအားတိုးဆေးတွေ သောက်တာတို့ အစရှိတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

Pixabay-jennycepeda

phk

sponsored