ပလက်စတစ် သုံးစွဲမှုကို လျှော့ချနိုင်တဲ့ နည်းလမ်း (၄) သွယ်

atstock_productions/Freepik
Sponsored

ကမ္ဘာကြီးက တိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးကို ထိခိုက်စေမယ့် အလုပ်တွေလည်း လုပ်မိနေတတ်ပါတယ်။ ပလက်စတစ်တွေ သုံးစွဲမှုတွေ များလာပြီး ကမ္ဘာကြီးက အမှိုက်တွေ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကြောင့် ပင်လယ်ရေတွေ ညစ်နွမ်းတာ၊ ရေသတ္တဝါတွေ ထိခိုက်တာတွေ ဖြစ်နေပါတယ်။ နှစ်ပေါင်းရာချီပြီး မပျက်စီးတဲ့ အရာမို့ သုံးစွဲမှု မလျှော့ချဘူးဆိုရင် အမှိုက်ပုံတွေ များလာပြီး ကျန်းမာရေးရော၊ သဘာဝပတ်ဝန်းကျင်ကိုရော ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပလက်စတစ် သုံးစွဲမှုကို ဒီနည်းလေးတွေနဲ့ လျှော့ချလိုက်ပါနော်။

(၁) လျှော့သုံးပါ

Sponsored

ပလက်စတစ်က နေ့စဉ် ဘဝထဲ အတော့်ကို အသုံးဝင်နေပါတယ်။ ပစ္စည်း ထုတ်ပိုးမှုတွေမှာ ပလက်စတစ်အိတ်တွေက မရှိမဖြစ်ပုံစံ ဖြစ်နေပါတယ်။ ဒါပေမယ့် လျှော့ချပစ်လို့ ရပါတယ်။ ဈေးဝယ်သွားတဲ့အခါ လက်ပဲ ပစ္စည်းတွေကို ကိုင်လို့ရရင် ပစ္စည်းထည့်ဖို့ ပလက်စတစ်အိတ်ကို မယူပါနဲ့တော့။ ဒါ့အပြင် ပလက်စတစ်အစား လျှော်သုံးလို့ရတဲ့ အိတ်တွေကို သုံးတာမျိုး၊ ရေသန့်ဘူးတွေကို ခဏခဏ ဝယ်မသောက်တော့ဘဲနဲ့ ကိုယ်ပိုင် အမြဲ သုံးတဲ့ ရေဘူး ဆောင်ထားတာမျိုးနဲ့ ပလက်စတစ် သုံးတာတွေကို လျှော့ချလို့ ရပါတယ်။

READ
မြောက်ကိုရီးယားကနေ ရင်ထိတ်ဖွယ်ရာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြသူများ
Photo by Anna Shvets from Pexels

(၂) ပြန်သုံးပါ

ပလက်စတစ်အိတ်တွေ၊ ဘူးတွေကို လွယ်လွယ်သုံးပြီး လွယ်လွယ် လွှင့်ပစ်တတ်တာ များပါတယ်။ ဒီလိုဆို အမှိုက်တွေ များလာမှာပါ။ ဒီတော့ အိတ်တွေကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် ကိုင်ပြီး ပြန်သုံးပါ။ ဈေးဝယ်ရင် ထည့်ပေးတဲ့ ပလက်စတစ်အိတ်တွေကို သိမ်းပြီး နောက်တစ်ခါ ဈေးဝယ်ရင် အသုံးပြုလို့ ရပါတယ်။ ရေဘူးတွေ၊ ကော်ဘူးတွေကိုလည်း သစ်ပင်စိုက်တဲ့အိုး၊ ဘောပင်ထည့်တဲ့ခွက်အဖြစ် ဖြစ်စေ ပြောင်းလဲ ပစ်လိုက်လို့ ရပါတယ်နော်။

phanuwatnandee/Freepik

(၃) အစားထိုးပါ

ပလက်စတစ်တွေ သုံးနေတဲ့နေရာမှာ ပလက်စတစ် မဟုတ်တဲ့ ပစ္စည်းတွေလည်း အစားထိုး အသုံးပြုလို့ ရပါတယ်။ စက္ကူအိတ်တွေက ပျက်စီးလွယ်ပြီး ထုတ်ပိုးလို့လည်း ရလို့ မုန့်တွေ ထုပ်တဲ့အခါ သုံးစွဲနိုင်ပါတယ်။ ဈေးဝယ်တဲ့အိတ်တွေကို မသုံးတော့ဘဲ ကြိမ်ခြင်း သို့ ခြင်းတစ်ခြင်းကိုပဲ ပစ္စည်းထည့်ဖို့သုံးတာမျိုး ပြုလုပ်လို့ ရပါသေးတယ်။ ဒါ့အပြင် ရေသန့်ဘူး ဝယ်သောက်မယ့်အစား အိမ်ကနေ ရေထည့်သွားတာမျိုး ပြုလုပ်လို့ ရပါသေးတယ်။

READ
အသေးစိတ်တွေးတောခံစားတတ်တဲ့သူတွေသာ နားလည်နိုင်မယ့် အချက် (၆)ချက်
Photo by Jack Sparrow from Pexels

(၄) ပလက်စတစ် အမှိုက်နည်းပါစေ

သင့်ဆီကနေ လွှင့်ပစ်ရမယ့် အမှိုက်တွေထဲမှာ ပလက်စတစ် ပစ္စည်းတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့လည်း လိုပါတယ်။ အချိုရည်ဘူးတွေကို ပလက်စတစ် အစား သံဗူးတွေသာ သောက်ပြီး ပလက်စတစ် ဘူးအမှိုက်တွေ လျှော့ချနိုင်ပါတယ်။ အိတ်တွေကိုလည်း ပြန်သုံးနိုင်သလောက် ပြန်သုံးပါ။ ပလက်စတစ်အစား ကျန်တဲ့ အမှိုက်တွေ ပိုနေတာက သင့်အတွက် ပလက်စတစ် သုံးစွဲမှုကို လျှော့ချတာကို သတိထားမိစေမယ့် နည်းလမ်း တစ်ခုပါပဲနော်။

Kham

sponsored