မိန်းကလေး မဆန်တဲ့ မိန်းကလေးတွေကို ကောင်လေးတွေ သဘောကျတာ ဒါတွေကြောင့်ပါ ..

Pixabay-Free-Photos
Sponsored

မိန်းကလေးတော်တော်များများရဲ့ စိတ်ထဲမှာတော့ ယောကျာ်းလေးတွေဟာ မိန်းကလေးဆန်တဲ့ မိန်းကလေးပုံစံကို ကြိုက်နှစ်သက်ကြမယ်လို့ ထင်တတ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ယောကျာ်းလေးအများစုဟာ မိန်းကလေးဆန်လွန်းတဲ့ မိန်းကလေးတစ်ယောက်ထက် မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ယောက်ကို ပိုကြိုက်နှစ်သက်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေး အရမ်းဆန်လွန်းရင် ကိစ္စတော်တော်များများမှာ ယောကျာ်းလေးအများစုနဲ့ အံဝင်ခွင်ကျ မရှိတတ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုပြောပြချင်တာကတော့ ယောကျာ်းလေးအများစု သဘောကျလေ့ရှိတဲ့ မိန်းကလေး မဆန်တဲ့ အပြုအမူ ၅ ခုပဲ ဖြစ်ပါတယ်။

Pixabay-nastya_gepp

၁။ မိန်းကလေးတော်တော်များများ လုပ်လေ့မရှိတဲ့ အလုပ်မျိုးတွေလုပ်ရင် ကြိုက်တတ်ကြပါတယ်

Sponsored

မိန်းကလေးအများစုဟာ အားလပ်ချိန်တွေ ဒါမှမဟုတ် ပိတ်ရက်တွေမှာဆိုရင် ရှော့ပင်းထွက်တာတို့၊ လက်သည်းအလှပြင်ဆိုင်သွားတာတို့၊ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားတာတို့ကို လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးအများစုဟာ အားလပ်ချိန်ကို အဲဒီလိုပုံစံနဲ့ ကုန်ဆုံးတဲ့ မိန်းကလေးတွေထက် အားလပ်ချိန်တွေမှာ ကိုယ့်အတွက် တိုးတက်စေမယ့် ပညာတွေကို လေ့လာလိုက်စားတဲ့ မိန်းကလေးပုံစံမျိုးတွေ၊ တစ်ခြားအလုပ်ကိစ္စတေါနဲ့ နပန်းလုံးနေတတ်တဲ့ မိန်းကလေးပုံစံမျိုးကို ပိုသဘောကျလေ့ရှိပါတယ်။

READ
Twice’s MoMo ရဲ့ နှုတ်ခမ်းနီနဲ့ တစ်ပုံစံတည်း တူတာကို Kim Heechul အိမ်မှာ ရှာတွေ့ခဲ့

၂။ ယောကျာ်းလေးတွေနဲ့ အပြိုင်လိုက်သောက်နိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပါတယ်

ယောကျာ်းလေးတော်တော်များများဟာ သူတို့နဲ့အပြိုင် တန်းတူလိုက်သောက်နိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေ မူးပြီးသူတို့ကို ရစ်တဲ့ပုံစံမျိုးလေးတွေကို သူတို့ရဲ့ စိတ်ထဲမှာ သဘောကျနေတတ်ပြီး သူတို့မျက်လုံးထဲမှာ သူတို့နဲ့ လိုက်ပြီးပြိုင်သောက်နိုင်တဲ့ မိန်းကလေးမျိုးက တစ်မျိုးတစ်ဖုံဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

Pixabay-ivanovgood

၃။ ကျယ်ကျယ်လောင်လောင် ရယ်မောတတ်တဲ့ မိန်းကလေးမျိုးကိုလည်း သဘောကျတတ်ပါတယ်

မိန်းကလေးတွေရယ်တဲ့ အခါမျိုးဆိုရင် ခိုးခိုးခစ်ခစ်နဲ့ တိတ်တိတ်လေး ရယ်တတ်ကြပြီး ဒီလိုရယ်တဲ့ ပုံစံမျိုးက မိန်းကလေးအများစုစိတ်ထဲမှာ ချစ်ဖို့ကောင်းတယ်လို့ ထင်နေတတ်ကြပါတယ်။ တစ်ကယ်တမ်းတော့ ယောကျာ်းလေးအများစုဟာ လူကြားထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ ကျယ်ကျယ်လောင်လောင် ရယ်မောတတ်ပြီး ဟန်ဆောင်မှု မရှိတဲ့ မိန်းကလေးပုံစံမျိုးကို သဘောကျလေ့ ရှိပါတယ်။ ဒီလိုရယ်တဲ့ ပုံစံမျိုးလေးဟာ ယောကျာ်းလေးတွေစိတ်ထဲမှာ တော်တော်လေး အဆင်ပြေစေပါတယ်။

၎။ သူတို့ခံစားချက်ကို ရှေ့တန်းမတင်ပဲ အရာရာမှာ နားလည်ပေးတတ်တဲ့ မိန်းကလေးမျိုးကို ကြိုက်ကြပါတယ်

READ
အမေရိကရဲ့ အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန်အမျိုးသမီးစာရင်း Forbes ထုတ်ပြန်

မိန်းကလေးတွေဟာ သဝန်တိုတာတို့၊ ကိုယ့်ချစ်သူကို ရစ်တတ်တာတို့၊ သူငယ်ချင်းတွေနဲ့ အပြင်သွားရင် သူ့ကိုပစ်ထားပါတယ်ဆိုပြီး စိတ်ဆိုးတတ်တာတို့က မိန်းကလေးတစ်ယောက်ရဲ့ သဘာဝပါပဲ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်က မိန်းကလေးမဆန်နေပဲ ကိုယ့်ချစ်သူကို နားလည်ပေးတာတို့၊ အပြင်သွားရင်လည်း ဘာမှမပြောပဲ အိမ်ကိုစောစောပြန်ဖို့ပဲမှာတာတို့ အစရှိတဲ့ နားလည်မှုရှိတဲ့ လုပ်ရပ်လေးတွေက ယောကျာ်းလေးတစ်ယောက်ကို ကြွေစေနိုင်ပါတယ်။

Pixabay-Candid_Shots

၅။ မိန်းကလေးတန်မဲ့နဲ့ အစားအသောက်တွေကို စားတာကလည်း ယောကျာ်းလေးတွေကို ဆွဲဆောင်စေပါတယ်

မိန်းကလေးပီသစွာနဲ့ အစာစားရင် နည်းနည်းလေးပဲစားပြီး တို့ကနဲဆိတ်ကနဲ စားတတ်တာလေးတွေက မိန်းကလေးအများစု လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီလိုပုံစံလေးတွေနဲ့ စားလေ့ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းတစ်ယောက်ရဲ့ မျက်လုံးထဲမှာ အစာစားတဲ့အချိန် အားရပါးရစားသောက်လေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံဟာ သူတို့မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိစေတာကတော့ အမှန်တစ်ကယ်ပါပဲ။

phk

sponsored