ချစ်သူရည်းစားတွေကြားမှာ ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အပြုအမူ ၅ ခု

Pixabay-panajiotis
Sponsored

Relationship တစ်ခုကို တည်ဆောက်တော့မယ့်ဆိုရင် ဘယ်တော့မဆို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမှ ဖြစ်မှာပါ။ နားလည်မှုမရှိတဲ့ Relationship တစ်ခုဟာ ရေရှည်မှာ တည်မြဲဖို့ မလွယ်ကူပါဘူး။ တစ်ချို့အတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပေမယ့် နှစ်ယောက်ကြားထဲမှာ မပြုလုပ်သင့်တဲ့ အရာတွေ၊ မမှားသင့်တဲ့ အမှားတွေကြောင့် အမှတ်မထင်ပဲ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားတတ်ကြပါတယ်။ တစ်ချို့ကျပြန်တော့လည်း ဘာမဟုတ်တဲ့ အမှားလေးတစ်ခုကြောင့်နဲ့ပဲ ချစ်သူရည်စားတွေရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့လူတွေလည်း ရှိစမြဲပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူရည်းစားတွေကြားမှာ လုံးဝကို မပြုလုပ်သင့်တဲ့ အပြုအမူ ၅ ခုအကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-Engin_Akyurt

၁။ သဝန်ပဲတိုပါ၊ သဝန်မကြောင်ပါနဲ့

Sponsored

ကိုယ့်ချစ်သူကို သဝန်တိုတာကတော့ ဘယ်သူမဆို သဝန်တိုလို့ရပါတယ်။ ဒါပေမယ့် တွေ့သမျှလူတိုင်းနဲ့ တော့ လိုက်ပြီး သဝန်တိုဖို့ မလိုပါဘူး။ ဥပမာ- အလုပ်ကလူတွေ၊ သူငယ်ချင်းတွေ နဲ့ သဝန်တိုတယ်ဆိုရင်တော့ အဲဒါကို သဝန်တိုတယ်လို့ မခေါ်တော့ပါဘူး။ သဝန်ကြောင်တာ ဖြစ်သွားပါပြီ။

READ
မိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးနဲ့ ဖျားနာမှုတွေ မဖြစ်အောင် စားပေးသင့်တဲ့ အစားအစာ(၄)မျိုး

၂။ တစ်ယောက် privacy တစ်ယောက် လေးစားပါ

လူတိုင်းမှာ Privacy ဆိုတာ ရှိပါတယ်။ ဒါကို ကိုယ်က သူ့ချစ်သူဖြစ်တယ်၊ သူနဲ့ ပတ်သတ်သမျှ အရာတွေအားလုံး သိထားရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ကိုယ့်ချစ်သူရဲ့ Privacy ကို မထိပါးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ Privacy ကို ထိခိုက်ရင် မကြိုက်တာကြောင့်ပါပဲ။

Pixabay-geralt

၃။ ကိုယ်တစ်ယောက်တည်းကိုပဲ အချိန်မပေးခိုင်းပါနဲ့

ကိုယ့်ချစ်သူဖြစ်လို့ ကိုယ့်ကိုပဲ အချိန်ပေးရမယ်၊ သူ့အချိန်တွေအားလုံးကို ငါပိုင်တယ်ဆိုပြီး မတွေးပါနဲ့။ လူတိုင်းမှာ မိသားစုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ အစရှိသဖြင့် ရှိကြတာကြောင့် သူ့မှာလည်း တစ်ခြားကိစ္စတွေအတွက် အချိန်ပေးရပါတယ်။ ကိုယ်တစ်ယောက်တည်းချည်းပဲ သူ့အချိန်တွေကို ပိုင်ရမယ်ဆိုတဲ့ စိတ်ကြီးကို ဖျောက်ထားတာ အကောင်းဆုံးပါပဲ။

READ
အရမ်းတွေ စိတ်ရှုပ်လာတဲ့အခါ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ပါ

၎။ ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို သိသိရက်နဲ့ နှိမ်ပြီးမပြောပါနဲ့

တစ်ချို့ချစ်သူတွေကျပြန်တော့်လည်း ရန်ဖြစ်တဲ့ အချိန်မှာ ငါနိုင်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို နှိမ်ပြီး ပြောဆိုတတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ထိခိုက်ပြီး ပြောဆိုတတ်တဲ့ အလုပ်ဟာ လုံးဝမကောင်းတဲ့အပြင် ကိုယ်ဒီလိုပြောလိုက်လို့လည်း ကိုယ့်ချစ်သူက စိတ်ကောင်းမှာ မဟုတ်ပါဘူး။

Pixabay-Tumisu

၅။ ဖောက်ပြန်ဖို့ မကြိုးစားပါနဲ့

ဖောက်ပြန်တယ်ဆိုတာ တစ်ကယ်ကို မကောင်းတဲ့ အလုပ်ပါ။ ကိုယ့်ချစ်သူရှိရက်နဲ့ နောက်တစ်ယောက်နဲ့ silent တွဲတာမျိုးတွေ၊ sidechick ထားတာမျိုးတွေ၊ partner ပုံစံနဲ့ နေထိုင်တာမျိုးတွေက တစ်ကယ်ကို မလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ကိုယ့်ချစ်သူသိသွားတဲ့ အခါမျိုးကျရင်လည်း တော်တော်လေးကို စိတ်ဆင်းရဲစေနိုင်မယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်။

phk

sponsored