ပင်လယ်ကမ်းခြေကို ခရီးထွက်ခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုး (၅) မျိုး

lifeforstock/Freepik
Sponsored

ခရီးတွေ ထွက်တဲ့အထဲမှာ နာမည်ကြီး မြို့တွေကို သွားလည်ရင် ခံစားမှု တစ်မျိုး ရပြီး တောင်တန်းတွေဆီကို သွားရင် ခံစားမှု တစ်မျိုး ရပါတယ်။ ခရီးတွေ အားလုံနဲ့ မတူစေတဲ့ အရာကတော့ ကမ်းခြေကို ခရီးထွက်တာပါပဲ။ ပင်လယ်ကမ်းခြေတွေကို ခရီးထွက်မယ်ဆိုရင် အလှဆုံး ကမ်းခြေတွေကို ရွေးချယ်သင့်ပါတယ်။ အလှဆုံး ပင်လယ် ကမ်းခြေကို ခရီးထွက်ရင် အခုလို ကောင်းကျိုးတွေ ရနေမှာပါနော်။

၁။ စိတ်တွေ ကြည်လင်လန်းဆန်းသွားမှု

Sponsored

ကောင်းကင်ပြာပြာအောက်မှာ ရေပြင်ပြာပြာကို တွေ့ရတဲ့အခါ ကိုယ်တိုင် သဘာဝတရားကြီးနဲ့ အနီးဆုံးကို ရောက်ရှိသွားသလို ခံစားသွားရစေပါတယ်။ အပြာရောင်ကြောင့် စိတ်တွေလည်း ကြည်လင်လာစေပြီး ရေကစားတာကြောင့်လည်း အကြောတွေ ပြေလျော့သွားစေပါတယ်။ ကမ်းခြေရဲ့ မြင်ကွင်းတွေကို ကြည့်ရင်း အနားယူရင်းနဲ့ သင့်ရဲ့ စိတ်ဖိစီးမှု မှန်သမျှကို လျော့ကျသွားစေနိုင်ပါတယ်။

READ
ခန္ဓာကိုယ်ရဲ့နာကျင်ကိုက်ခဲမှုတွေကို တစ်ညတည်းနဲ့ ပျောက်ကင်းဖို့ အိပ်စက်သင့်တဲ့ပုံစံ (၅)မျိုး
wayhomestudio/Freepik

၂။ အလှဆုံးသော ဓာတ်ပုံများ

ခရီးတွေ အားလုံးထဲမှာ ပင်လယ်ကမ်းခြေက ဓာတ်ပုံရိုက်တာ သဘောကျတဲ့သူတွေအတွက် အကောင်းဆုံး နေရာ ဖြစ်ပါတယ်။ မတူညီတဲ့ ပုံရိပ် အမျိုးမျိုးကို ကမ်းခြေမှာ ရိုက်ကူးလို့ ရပါတယ်။ ပင်လယ်ထဲမှာပဲ ရိုက်မလား၊ ကမ်းစပ်က တောထဲမှာ ရိုက်မလား၊ ကျောက်ဆောင်တွေပေါ်မှာပဲ ရိုက်မလား စသဖြင့် သင့်ကို အလှဆုံး ပုံရိပ်တွေ အများကြီး ကမ်းခြေကို ခရီးထွက်ရင် ရနိုင်မှာပါနော်။

svetlanasokolova/Freepik

၃။ ပင်လယ်စာများ

ပင်လယ်စာက မြို့ပြမှာလည်း စားလို့ ရတယ်ဆိုပေမယ့် ကမ်းခြေမှာ လတ်လတ်ဆတ်ဆတ် စားရတာကိုတော့ မမှီပါဘူး။ မြို့ပြကို ပို့လို့ မလွယ်တဲ့ ပင်လယ်စာတွေကိုပါ စားလို့ ရပါသေးတယ်။ ပင်လယ်စာတွေ စားလို့ ရတာအပြင် ပင်လယ်စာတွေနဲ့အတူလည်း ဓာတ်ဖမ်းလို့ ရပါသေးတယ်။

Photo by Maël BALLAND from Pexels

၎။ ဗီတာမင် D ဓာတ် ရရှိမှု

READ
အသည်းကွဲနေတဲ့အချိန်မှာ သင့်စိတ်ကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

မြို့ပြမှာကတော့ နေရောင်ခြည်ကို ရှောင်တာမျိုး ပြုလုပ်သလို နေပူထဲလည်း သိပ်မထွက်ဖြစ်ပါဘူး။ ပင်လယ်ကမ်းခြေကတော့ သူ့ရဲ့ အနားယူတဲ့ နေရာကိုက နေရောင်နဲ့ ကမ်းခြေ လိုက်ဖက်မှု ရှိနေတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် နေရောင်တွေအောက်မှာ လျှောက်သွားရင်း အနားယူရင်းနဲ့ ဗီတာမင် D ဓာတ်တွေ ရရှိနေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အနားယူရင်း ကောင်းကျိုးတွေ ရနေမှာပါပဲ။

lookstudio/Freepik

၅။ ကောင်းမွန်တဲ့ အိပ်စက်မှု

နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရတဲ့ တစ်ညတာက တကယ့်ကို ကျေနပ်စရာ အတိပါပဲ။ ကမ်းခြေကတော့ သင့်ကို လုံးဝ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေပါတယ်။ ပင်လယ်လှိုင်းသံတွေ၊ လှိုင်းခတ်သံတွေက ကိုယ့်ကို ချော့သိပ်နေသလိုမျိုး အနားယူ အိပ်ပျော်ရမှာ ဖြစ်ပါတယ်။ ကမ်းခြေမှာပဲ ဒီလို ဇိမ်ကျမှုမျိုးကို ရနိုင်တာပါ။

Kham

sponsored