မနက်ခင်း အိပ်ရာနိုးချိန်မှာ လုံးဝ မလုပ်သင့်တဲ့ အကျင့်ဆိုး (၅) ခု

drobotdean/Freepik
Sponsored

မနက်ခင်း အိပ်ရာထတဲ့အချိန်မှာ လူတိုင်းက အကျင့်ကိုယ်စီနဲ့ မနက်ခင်းကို စတင်လေ့ ရှိပါတယ်။ မနက်ခင်းက လူတစ်ယောက်အတွက် အရေးပါတဲ့ အချိန်ဖြစ်ပြီး တစ်ချို့သူတွေကတော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အထတွေနဲ့ မနက်ခင်းကို နိုးထလေ့ ရှိပါတယ်။ မနက်ခင်းမှာတော့ အခုလို အကျင့်ဆိုးတွေကတော့ မလုပ်လေ ကောင်းလေပါပဲ။

(၁) နှိုးစက်မြည်ပြီး ထပ်မအိပ်ပါနဲ့

Sponsored

မနက်ခင်းမှာ မလုပ်သင့်ဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ နှိုးစက်က မြည်နေပေမယ့် Snooze လုပ်ပြီး ထပ်အိပ်တာက သင့်ရဲ့ ဦးနှောက်လုပ်ဆောင်ပုံကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလို အကျင့်ရှိတယ်ဆိုရင် ညဘက် အိပ်ပျော်ဖို့ ခက်ခဲသွားတတ်ပါတယ်။

jcomp/Freepik

(၂) ကော်ဖီ မသောက်ပါနဲ့

တစ်နေ့တာကို ကော်ဖီသောက်ပြီး စတင်တဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာက သဘာဝအတိုင်း လန်းဆန်းစေတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လျက် ရှိတာမို့ ကိုယ့်ကိုယ်ကို လန်းအောင် စွမ်းဆောင်ပေးပါတယ်။ တကယ်လို့ မနက်ခင်းမှာ ကော်ဖီသောက်တယ်ဆိုရင်တော့ ခန္ဓာကိုယ်က သဘာဝအလျောက် လန်းဆန်းစေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို သွားအနှောင့်အယှက် ဖြစ်စေလို့ ကော်ဖီကို မှီခိုရတာ ဖြစ်သွားတတ်ပါတယ်။ သဘာဝအလျောက် မလန်းဆန်းနိုင်တော့ဘဲ ကော်ဖီသောက်မှသာ လန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအကျင့်က မလုပ်လေ ကောင်းလေပါပဲ။

READ
ချစ်သူနဲ့အတူတွဲပြီး ကြော်ငြာရိုက်နေတဲ့ ဥက္ကာမင်းမောင်
cookie_studio/Freepik

(၃) အမှောင်ထဲမှာ မနေပါနဲ့

အလင်းရောင်ကို သင့်ခန္ဓာကိုယ် ပြုမူပုံတွေကို လွဲမှားစေတတ်ပါတယ်။ အမှောင်ထဲမှာ ရှိတဲ့အခါ အိပ်ဖို့ အချိန်လို့ တွန်းအားပေးတာမျိုး ရှိတတ်တာမို့ မနက်ခင်းမှာ အလင်းရောင်ကို မကြည့်ဘဲ အမှောင်ထဲမှာပဲ နေနေတာက သင့်ကို ပိုပြီး အိပ်စက်စေပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို အားနည်းစေပါတယ်။

tirachardz/Freepik

(၄) အရေးမကြီးတဲ့ ဆုံးဖြတ်ချက်တွေ မလုပ်ပါနဲ့

ကိုယ့်ရဲ့ စွမ်းအင်တွေကို အဓိက နေရာတွေမှာပဲ အသုံးချတာ ကောင်းပါတယ်။ မလိုအပ်တဲ့ နေရာတွေမှာ အသုံးချရင် စွမ်းအင်တွေ ကုန်ဆုံးသွားရတာပဲ အဖက်တင်မှာပါ။ ဒါကြောင့် နာမည်ကြီး စီးပွားရေး သမားတွေက အင်္ကျီ ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တောင် မနက်ခင်းမှာ လုပ်လေ့ မရှိဘဲ တခြားသူကို ခိုင်းတာနဲ့ တူညီတဲ့ အရောင်ရှိတဲ့ အင်္ကျီတွေပဲ ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

READ
ကြွေသွားအောင် စကားလှလှလေးနဲ့ ချုပ်လိုက်တဲ့ ဟိန်းမင်းသူ
Freepik.com

(၅) ဖုန်းမသုံးပါနဲ့

တော်တော်များများက မနက်နိုးတာနဲ့ ဖုန်းကို အရင်ဆုံး ကိုင်ပြီး စာတွေ စစ်တာ၊ တခြားသူတွေအကြောင်း လိုက်ကြည့်နေမိတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ စွမ်းအင်တွေအတွက် မနက်ခင်းရဲ့ လုပ်ငန်းဆောင်တာတွေက သိပ်ကို အရေးကြီးပါတယ်။ အရေးမပါတဲ့ အကြောင်းအရာတွေအတွက် ဦးနှောက်က စတင်ပြီး အလုပ်လုပ်လိုက်ရတဲ့အခါ သင့်ရဲ့ တစ်နေ့တာ စွမ်းဆောင်ရည်ကို တစတစနဲ့ ထိခိုက်သွားစေပါတယ်။

Kham

sponsored