ပါးစပ်ကချစ်တယ် မပြောပေမယ့်လည်း သူတစ်ကယ်ချစ်ကြောင်း သိနိုင်မယ့် အမူအရာ(၅)မျိုး

shutterstock/4 PM production
Sponsored

တစ်ချို့ယောကျာ်းလေးတွေက သူတို့ရဲ့အချစ်တွေကို မိန်းကလေးဘက်ကသိအာင် ထုတ်ပြောရမှာ ရှက်တက်ကြပါတယ်။ ဒီလိုရှက်နေတဲ့အတွက် မိန်းကလေးဘက်က သူ့ကိုမချစ်ဘူးလို့ ထင်သွားနိုင်ပြီး နှစ်ယောက်ကြားမှာ ကတောက်ကဆလေးတွေ ဖြစ်လာတက်ပါတယ်။ ဒါကလည်း နှစ်ဖက်စလုံးကို အပြစ်ပြောလို့မရပါဘူး။ တစ်ကယ်လို့ သင့်ကောင်လေးက ပါးစပ်က ချစ်တယ်မပြောပေမယ့်လည်း ဒီလိုအပြုအမူလေးတွေ သင့်အပေါ်လုပ်ပေးတက်ရင်တော့ သူသင့်ကို တစ်ကယ်ချစ်တာ သေချာပါတယ်။ ဘယ်လိုအမူအရာလေးတွေ ဖြစ်မလဲဆိုတာ အောက်မှာ ဆက်ပြီးလေ့လာကြည့်နော်။

(၁) သင်ပြောသမျှကို မငြီးမငြူနားထောင်ပေးတယ်

shutterstock/Rido
Sponsored

လူတစ်ယောက်က ရင်ထဲမှာတစ်ခုခုခံစားနေရပြီဆိုရင် ကိုယ်ယုံကြည်စိတ်ချရတဲ့သူတစ်ဦးကို ဖွင့်ဟပြောဆိုပြီး ရင်ဖွင့်လိုက်တာ အကောင်းဆုံးပါပဲ။ သင့်ရင်ထဲမှာ ခံစားနေရတဲ့ခံစားချက်တွေကို သူ့ကိုပြောပြတဲ့အချိန်တိုင်း သူ့ဘက်က သင်ပြောသမျှကိုအချိန်ပေးပြီး လေးလေးနက်နက် နားထောင်ပေးမယ်ဆိုရင် သူကသင့်ကို အရမ်းချစ်တာသေချာပါတယ်။ ဘယ်သူမှတော့ အချိန်တိုင်း တစ်ဖက်လူရဲ့ရင်ဖွင့်စကားတွေကို အချိန်ပေးပြီး နားထောင်ပေးနိုင်မှာမဟုတ်ဘူးလေ။ ချစ်ရတဲ့သူကို ချစ်ပြီး သူ့ရဲ့အကြောင်းတွေကို ဂရုစိုက်လို့သာ မငြီးမငြူနားထောင်ပေးတာပေါ့။

(၂) သင့်ရဲ့ဝေယျာဝစ္စတွေကို ကူညီပေးတယ်

တစ်ကယ်ချစ်တဲ့ယောကျာ်းလေးတွေက ကိုယ်ချစ်ရတဲ့မိန်းကလေး ပင်ပမ်းမှာကို မကြည့်ရက်ကြပါဘူး။ သင့်ရဲ့သေးသေးမွှားမွှားကိစ္စလေးတွေကအစ သူ့ဘက်က လိုလိုလားလားကူညီပေးတက်တာက သူ့ဘက်က အချစ်တွေကို ဖော်ပြနေတာပါ။ တစ်ချို့ယောကျာ်းတွေက သူတို့ရဲ့အချစ်တွေကို အပြောထက် အလုပ်နဲ့သက်သေပြရတာမျိုးကို သဘောကျတဲ့အတွက် သူ့ဘက်က ဒီလိုမျိုးအသေးအမွှားလေးကအစ သင့်ကိုကူညီပေးတက်တယ်ဆိုရင် သူကသင့်ကိုတစ်ကယ်ချစ်တာပါ။

READ
သင့်ချစ်သူဟာ သင်ထင်ထားတာထက်သင့်ကိုအများကြီး ပိုဂရုစိုက်မှန်းသိသာတဲ့အချက် (၅) ချက်

(၃) သင်နှစ်သက်တဲ့အရာတွေကို လိုက်လျောပေးတယ်

shutterstock/wavebreakmedia

ချစ်သူတွေဆိုတာ မတူညီတဲ့လူနှစ်ယောက် ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်လာတာပါ။ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်တွေ၊ ကြိုက်နှစ်သက်ပုံတွေ၊ နေထိုင်မှုပုံစံတွေ မတူညီကြပေမယ့် ချစ်တဲ့စိတ်နဲ့ တစ်ယောက်အကြိုက်ကို တစ်ယောက်ညှိယူပြီး ရှေ့ဆက်လက်တွဲနေရတာပါ။ ဒါပေမယ့် ဒီလိုမျိုးညှိယူတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတော့ရင် အချစ်ရေးကို အဆုံးသတ်လိုက်ရတာမျိုးတွေလည်း ရှိနေတက်ပါတယ်။ သင့်ချစ်သူကတော့ သင်နှစ်သက်တဲ့အရာတွေကို လိုက်လျောပေးပြီး သင့်ကိုစိတ်ချမ်းသာအောင်ထားတယ်ဆိုရင်တော့ သူ့ဘက်က တစ်ကယ်ချစ်နေတာပါ။

(၄) သင့်ကို အမြဲ အချိန်ပေးတယ်

ချစ်သူတွေရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပြီး အချစ်တွေကို ဆက်လက်ခိုင်မြဲအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ဖက်က အချိန်မပေးနိုင်ရင်တော့ နှစ်ယောက်ကြားမှာ ကတောက်ကဆလေးတွေဖြစ်လာပြီး ကံမကောင်းရင် အချစ်ရေးကို အဆုံးသတ်လိုက်ရတာမျိုးလည်း ရှိတက်ပါတယ်။ အခုခေတ်က ဆက်သွယ်ရေးလိုင်းတွေ ကောင်းမွန်နေပြီဖြစ်လို့ တစ်ကယ်ချစ်တဲ့သူဆိုတာ ဘယ်လောက်အလုပ်များများ ဖုန်းလေးနဲ့ ချစ်သူဆီကို သတိတရနဲ့ စာလေးတစ်ကြောင်းလောက်တော့ သတိတရပို့တက်ကြပါတယ်။ တစ်ကယ်လို့ သင့်ချစ်သူက သင့်ကိုဘယ်လောက်အလုပ်များများ သင့်ကိုသတိတရနဲ့ အချိန်ပေးရင်တော့ သူ့ဘက်က တစ်ကယ်ချစ်နေတာပါ။ ဘယ်သူကမှ မချစ်တဲ့သူကို ကိုယ့်ရဲ့အချိန်တွေ မပေးတက်ဘူးလေနော်။

READ
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေဆီမှာသာ တွေ့မြင်ခံစားနိုင်မယ့် အချက်များ

(၅)  နေမကောင်းတဲ့ အချိန်မှာ ဂရုစိုက်တယ်

shutterstock/fizkes

လူတွေက ကျန်းမာရေးမကောင်းတဲ့အချိန်မှာ အားငယ်တက်ကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ချစ်ရတဲ့သူတစ်ယောက်က ကိုယ့်ကို စကားလေးနဲ့ပဲဖြစ်စေ၊ အပြုအမူလေးနဲ့ပဲဖြစ်စေ ဂရုစိုက်ပေးရင် အရမ်းကိုပီတိဖြစ်ရပါတယ်။ တစ်ကယ်လို့ သင့်ချစ်သူက သင်နေမကောင်းတဲ့အချိန်မှာ သင်စားချင်တဲ့အရာလေးတွေ လာပို့ပေးတာမျိုး၊ စကားလေးနဲ့ပဲဖြစ်ဖြစ်ဂရုစိုက်တာမျိုး၊ အပြုအမူလေးနဲ့ပဲဖြစ်ဖြစ် ဂရုစိုက်တာမျိုးတွေ လုပ်ပေးခဲ့ရင်တော့ သူ့ဘက်က သင့်ကိုတစ်ကယ်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တာပါ။

ကဲ အခုဆိုရင် တစ်ကယ်ချစ်တက်တဲ့လူတွေ ဘယ်လိုပြုမူသလဲဆိုတာ သိသွားလောက်ပါပြီနော်။ ဒါကြောင့် ကိုယ့်ချစ်သူက အပြောနဲ့ချစ်တယ်ဆိုတာကို မပြောခဲ့ရင် ရစ်နည်းပေါင်းစုံနဲ့ ရစ်မနေနဲ့နော်။ တစ်ချို့ယောကျာ်းလေးတွေက အပြောထက် အပြုအမူလေးတွေနဲ့ပဲ သူတို့ချစ်တဲ့အကြောင်းကို ဖော်ပြတက်ကြလို့ပါ။

ET

sponsored