အဆီလုံးဝမတက်စေပဲ ကြွက်သားကိုကျစ်လျစ်စေမယ့် အစားအသောက် (၅) မျိုး

drobotdean/ freepik
Sponsored

အဆီကျချင်တဲ့သူတွေအနေနဲ့ အားကစားလုပ်နေရုံနဲ့မပြီးသေးပါဘူး။ အစားအသောက်ပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အစားမလျှော့နိုင်တဲ့သူတွေအဖို့ မှန်ကန်တဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ဖို့ အရေးကြီးပါတယ်။ ခုဖော်ပြပေးမှာကတော့ အဆီလုံးဝမတက်စေပဲ ကြွက်သားကိုကျစ်လျစ်စေတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

(၁) ဥအမျိုးမျိုး

jcomp/ freepik

ဥအမျိုးမျိုးဟာ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ Leucine အမြောက်အများပါဝင်ပြီး အသားကျစ်ဖို့အတွက် အရေးပါတဲ့ အမီနိုအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် ဘီအုပ်စုတွေအပြင် ကောင်းမွန်တဲ့အဆီတွေပါဝင်တာကြောင့် ခွန်အားကိုလည်း တိုးပွားစေပါတယ်။

(၂) ကြက်ရင်ပုံသား

Sponsored

ကြက်သားဟာ ကြွက်သားတွေကိုကျစ်လျစ်စေပါတယ်။ အနီရောင်အသားတွေထက် အဆီပါဝင်မှုနှုန်း ပိုနည်းသလို၊ ကယ်လိုရီနဲ့ အဆီ၊ ကိုလက်စထောတွေနည်းပါးပါတယ်။ ဒါကြောင့် ကြက်ရင်ပုံသားဟာ အားကစားသမားတွေနဲ့ ပိန်ချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

(၃) ဂရိဒိန်ချိဉ် (Greek Yogurt)

နို့ထွက်ပစ္စည်းတွေဟာ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေပါ။ Greek yogurt ကတော့ အဆီချလိုသူတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ အစာချေဖျက်မှုကိုကောင်းမွန်စေပြီး ကြွက်သားတွေကို ကျစ်လျစ်စေပါတယ်။

READ
ကမ်းခြေမှာ Gong Yoo နဲ့ အတူရှိခဲ့တဲ့သတင်းရဲ့ အဖြစ်မှန်ကို ပြောပြခဲ့တဲ့ Ahn Sohee

(၄) ပဲပိစပ်

ပဲပိစပ်ဟာ သက်သက်လွတ်စားပြီး အဆီချချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ပဲပြားနဲ့ ပဲနို့ပြုလုပ်ရာမှာအသုံးပြုတဲ့ ပဲဖြစ်ပါတယ်။ ဒီပဲမျိုးကို စားသုံးပေးခြင်းဖြင့် ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါပြီ။

(၅) ဆန်လုံးညို

lifeforstock/ freepik

ဆန်လုံးညိုဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဆန်တစ်မျိုးပါ။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝိတ်ထိန်းပေးပြီး အဆီကျစေပါတယ်။ ဆန်လုံးညိုကို လေ့ကျင့်ခန်းမလုပ်ခင်စားသုံးပေးခြင်းဖြင့် အားအင်ကိုလည်း တိုးပွားစေသလို၊ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

Em Em

sponsored