ကိုယ့်ဘဝမှာ အမြဲတမ်း သတိရနေသင့်တဲ့ အမှတ်တရ (၅) မျိုး

Photo by RF._.studio from Pexels
Sponsored

ကိုယ် ဖြတ်သန်းလာခဲ့တဲ့ တစ်လျှောက်မှာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ကြရပါတယ်။ အဖြစ်အပျက်တိုင်းကတော့ မှတ်ဉာဏ်ထဲ ရှိမနေနိုင်သလို အမှတ်တရတွေလည်း ဖြစ်မလာတတ်ပါဘူး။ ဘဝမှာ ကြုံခဲ့ရသမျှထဲမှာ အခုလို အမှတ်တရလေးတွေကိုတော့ မှတ်သားထားသင့်ပါတယ်။

၁။ မိဘနဲ့ ပျော်ရွှင်ခဲ့တဲ့ အချိန်

Sponsored

မိဘဆိုတာ ကိုယ့်ဘဝမှာ အမြဲ အတူရှိမယ့်သူတွေ မဟုတ်ပါဘူး။ ကိုယ့်ကို ရင်ငွေ့ပေးပြီး ဘဝ စတင်ပေးခဲ့တဲ့ မိဘနှစ်ပါးနဲ့ အတူ နေရချိန်တွေမှာ ဝမ်းနည်းစရာ၊ နာကျင်စရာတွေ ရှိတတ်သလို ပျော်ရတဲ့ အချိန် အခိုက်အတန့်တွေလည်း ရှိပါတယ်။ စိတ်ဆိုးစရာ၊ စိတ်နာစရာ အမှတ်တရထက် စာရင် ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေက သင့်ကို မိဘနဲ့အတူ ပျော်ခဲ့တဲ့ အချိန်တွေကို ပြန်လွမ်းလို့ ရစေပါတယ်။

Photo by Maria Lindsey Multimedia Creator from Pexels

၂။ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တဲ့ အချိန်တွေ

READ
ရွှေမှုံရတီရဲ့ လက်ကိုင်ပန်းစည်းကို အမိအရဖမ်းယူလိုက်နိုင်ခဲ့တဲ့ ပိုပို

ဘဝမှာ သူငယ်ချင်းတွေက ကိုယ့်အနားမှာ ရှိနေတဲ့ အဖိုးတန်လေးတွေပါပဲ။ ကျောင်းတက်ခဲ့တဲ့ အချိန်တွေမှာ သူငယ်ချင်းတွေနဲ့အတူ ရယ်မောခဲ့သမျှက သင့်ဘဝ တစ်လျှောက်လုံး လူမျိုးစုံနဲ့ ကြုံပြီး အထီးကျန်နေရင်တောင်မှ ငယ်ဘဝကို လွမ်းမောရင်း ကျေနပ်ပီတိ ဖြစ်စေပါတယ်။

Photo by @thiszun (follow me on IG, FB) from Pexels

၃။ အခက်အခဲ ကြုံခဲ့တဲ့ အချိန်

ခက်ခဲတဲ့ အချိန်တွေက ဝမ်းနည်းစရာကောင်းပြီး ပြန်မတွေးချင်စရာ ဆိုပေမယ့်လည်း အမှတ်တရ အဖြစ် မှတ်ထားရင် ကိုယ့်အတွက် အကျိုးရှိပါတယ်။ ကိုယ့်မှာ ဒီလို ခက်ခဲခဲ့ဖူးတယ်။ အဲ့ဒီအခြေအနေကနေ ကျော်ဖြတ်ခဲ့တယ်ဆိုတဲ့ အသိက နောက်တကြိမ် အခက်အခဲ မကြုံအောင် အသိတရားတွေလည်း ပေးပြီး အခက်အခဲဆိုတာ အချိန်တန် ကျော်လွန်သွားမှာဆိုတဲ့ စိတ်ခွန်အားတွေမှာ ရလာစေပါတယ်။

pexels-pixabay

၎။ အချစ်ဦးနဲ့ တွေ့ဆုံချိန်

READ
အချင်းချင်း ချစ်စနိုးနဲ့ ကျီစားနေတဲ့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်

အချစ်ဆိုတဲ့ ခံစားမှုက သိပ်ကို ပြောမပြနိုင်လောက်အောင် ချိုမြိန်စေတဲ့ အရာ ဖြစ်ပါတယ်။ အချစ်ဦးက ကိုယ့်ကို ပထမဆုံး အချစ်ကို ခံစားမိစေတဲ့သူလည်း ဖြစ်သလို အချစ်ဦးနဲ့ အတူ ရှိခဲ့တဲ့ အချိန်တွေက ပြန်တွေးတိုင်း လွမ်းစရာ ကြည်နူးစရာ ဖြစ်နေတတ်ပါတယ်။ လက်ရှိ ခံစားချက် မဟုတ်ပေမယ့်လည်း အချစ်ဦးနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေက ပြန်တွေးတိုင်း ကြည်နူးစေပါမို့ သိမ်းဆည်းထားသင့်ပါတယ်။

Photo by Yaroslav Shuraev from Pexels

၅။ ကြိုးစားခဲ့တဲ့ အမှတ်တရတွေ

ဘဝမှာ ကိုယ့်ရဲ့အိပ်မက်အတွက် စကြိုးစားခဲ့တဲ့ အချိန်တွေကလည်း ကိုယ့်ကိုယ်ကို ကျေနပ်စေတဲ့ အချိန်တွေ ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ ကြိုးစားနေတယ်ဆိုပေမယ့် ကိုယ် ကြိုးကြိုးစားစား လုပ်နေခဲ့တဲ့ ကာလတွေက အနာဂတ်မှာ ဝမ်းသာစရာ ကျေနပ်စရာ ဖြစ်စေပါတယ်။

Kham

sponsored