ဘဝလက်တွဲဖော်အဖြစ် ဘယ်တော့မှ မရွေးချယ်သင့်တဲ့ ယောကျာ်းလေး ပုံစံ(၅)မျိုး

Pixabay-Tumisu
Sponsored

မိန်းကလေးတော်တော်များများဟာ ယောကျာ်းလေးတစ်ယောက်ကို ချစ်မိသွားရင် ဘာမှကို မမြင်တတ်ကြတော့ပါဘူး။ အဲဒီလိုအချိန်မျိုးကျရင် တစ်ဖက်ကိုယ့်ကောင်လေးက ကိုယ်နဲ့ type တူတဲ့ ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ တစ်ကယ်လို့ ကိုယ်ချစ်သူကောင်လေးက ကိုယ်ထင်ထားသလို မဟုတ်တဲ့ ပုံစံမျိုးဆိုရင် ကိုယ့်မှာ လမ်းခွဲရမှာလည်း ခက်သလို ကိုယ်ကချစ်မိသွားတဲ့အတွက်လည်း အဆင်မပြေပါဘူး။ ရသလောက်ပြင်ကြည့်မယ်ဆိုပြီး မစဉ်းစားမိလိုက်ပါနဲ့။ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇဟာ ပြောင်းလဲဖို့ အင်မတန်ခက်ခဲ့ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ကိုယ်နဲ့လက်မတွဲခင် သေသေချာချာ လေ့လာအကဲခတ်ကြည့်တာပါပဲ။ အဲဒါကြောင့်မို့ ပျိုမေတို့အနေနဲ့ ဘဝလက်တွဲဖော်အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားလေး ပုံစံ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Pixabay-aungkyawnyeindf

၁။ ကတိတစ်ခုကို အလွယ်တကူပေးတတ်တဲ့ ယောကျာ်း

Sponsored

ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို ပြောပြတဲ့အချိန်မှာ ကိုယ့်ကောင်လေးက အဲဒီအကြောင်းကို ပြီးအောင်နားမထောင်သေးပဲ နောက်တစ်ခါမလုပ်တော့ပါဘူးဆိုတဲ့ ကတိကို လွယ်လွယ်ပေးတတ်ရင် အဲဒီလိုယောက်ျားမျိုးဟာ ကတိကို အမြဲလိုလို အလွယ်တကူပေးတတ်တဲ့ ယောကျာ်းလေးမျိုးပါပဲ။ အဲဒီလိုယောကျာ်းမျိုးတွေဟာ ယုံကြည်စရာမကောင်းသလို သူတို့ပေးတဲ့ကတိကိုလည်း တည်အောင် မစောင့်ထိန်းတတ်ကြပါဘူး

READ
ခွဲစိတ်မှုခံယူထားရတဲ့ Kwang Soo အတွက် ဆုတောင်းပေးလိုက်တဲ့ Jong Kook

၂။ အမြဲလိုလို အရက်သေစာ မူးယစ်ဆေးဝါးသုံးနေတတ်တဲ့ ယောကျာ်း

ယောကျာ်းလေးတစ်ယောက် အပေါင်းအသင်းစုံလို့ တစ်ခါတစ်လေ သောက်တာက အပြစ်မရှိပေမယ့် နေ့တိုင်းလိုလို သောက်စားမူးယစ်နေတတ်တဲ့ ယောကျာ်းတစ်ယောက်ဟာ ရေရှည်မှာ အဆင်မပြေပါဘူး။ ဒါ့အပြင် မူးယစ်ဆေးဝါးပါ သုံးစွဲတတ်တဲ့ ယောကျာ်းတစ်ယောက်ဟာဆိုရင်လည်း ဥပဒေအပြင်ဖက်က အရာမျိုးတွေ လုပ်နေတာကြောင့် တစ်နေ့နေ့မှာ ထောင်ထဲမရောက်ဖူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။

Pixabay-Gina_Janosch

၃။ လောင်းကစားကြိုက်တဲ့ ယောကျာ်း

လောင်းကစားဆိုတာကတော့ အကုန်လုံးသိတဲ့အတိုင်း မကောင်းတဲ့အရာတစ်ခုဖြစ်ပြီး လူမွေးသူမွေး လုံးဝကို မပြောင်နိုင်တဲ့ အရာတစ်ခုပါ။ ဒီလိုလောင်းကစားကို ခုံမင်နှစ်ခြိုက်နေတဲ့ ယောကျာ်းတစ်ယောက်ဟာ သူပိုင်ဆိုင်သမျှ ဒါမှမဟုတ် သူ့ရဲ့ဝင်ငွေကို လောင်းကစားနဲ့ပဲ အချိန်ကုန်နေတတ်ပြီး အချိန်တန်လို့ မိန်းမရပြီး ကလေးမွေးရင်တောင် သားကျွေးမှု၊ မယားကျွေးမှုကို မေ့နေတတ်ပြီး လောင်းကစားတစ်ခုတည်းကိုသာ စွဲနေတတ်တဲ့ ယောကျာ်းတစ်ယောက်ပါပဲ။

READ
အမှန်တရားကို မြတ်နိုးပြီး စိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ ...

၎။ ဖောက်ပြန်တတ်တဲ့ ယောကျာ်း

ကိုယ်ချစ်သူယောကျာ်းလေးတစ်ယောက် ဖောက်ပြန်ရင်တော့ ဘယ်မိန်းကလေးမှ မကြိုက်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သူကိုလည်းချစ်တာကြောင့် ဘာမှမပြောပဲ ခွင့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်တွေ မိန်းကလေးတော်တော်များများမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုယောက်ျားတွေကို ဘဝလက်တွဲဖော်အဖြစ် မသတ်မှတ်လိက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ တစ်ခါဖောက်ပြန်ဖူးတဲ့ ယောက်ျားတစ်ယောက်ဟာ နောက်တစ်ခါဖောက်ပြန်တတ်ဖို့ ဝန်မလေးတတ်တာကြောင့်ပါပဲ။

Pixabay-StockSnap

၅။ အလုပ်အကိုင်မရှိတဲ့ ယောကျာ်း

ယောက်ျားလေးတစ်ယောက်ဟာ အလုပ်အကိုင်ရှိမှ ကြည့်လို့ကောင်းတာပါ။ အလုပ်အကိုင်လည်းမရှိ၊ အရည်အချင်းလည်း မရှိပဲ မိဘလုပ်စာထိုင်စားနေတတ်တဲ့ ယောကျာ်းလေးတစ်ယောက်ကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် စိတ်တောင် မကူးမိပါစေနဲ့။ ကိုယ်ချစ်လို့ ယူလိုက်ရင်လည်း တစ်သက်လုံးကိုယ့်ရဲ့လုပ်စာကို ထိုင်စားနေပြီး အများအမြင်မှာ လုံးဝမသင့်တော်တဲ့ မိန်းမထမီအနားခိုစားတဲ့ ယောကျာ်းလေးတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။

PHK

sponsored