ဘယ်လောက်ပဲ ချစ်မိသည်ဖြစ်စေ ကိုယ့်ချစ်သူအပေါ် လုံးဝ မလုပ်သင့်တဲ့ အရာ (၅) မျိုး

patty-photo/Freepik
Sponsored

လူ့သဘာဝအရ ချစ်မိလာရင် အတ္တတွေလည်း တွဲပြီး ပါလာတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူအပေါ် သဝန်တိုမယ်၊ ကိုယ့်ဆန္ဒအတိုင်း ဖြစ်စေချင်လာမယ် စသဖြင့် အမျိုးမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိသွားတဲ့အခါ တကယ်ချစ်မိဖို့ လိုပါတယ်။ အရမ်း ချစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ချစ်သူအပေါ် ဒီလို အရာတွေကိုတော့ လုံးဝ မလုပ်သင့်ပါဘူးနော်။

ကိုယ့်ဆန္ဒအတိုင်း အရာရာ ဖြစ်စေချင်တာ

Sponsored

လူဆိုတာ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်ရှိတိုင်း လုပ်လို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။ ချစ်သူ ဖြစ်သွားပြီးတဲ့နောက်မှာ အမြဲ ကိုယ့်ဘက်ကပဲ အနိုင်လိုချင်တာမျိုးက ကိုယ့်ချစ်သူကို တကယ် မချစ်ရာ ရောက်သွားတတ်ပါတယ်။ ချစ်လို့ ဆိုးတာပါဆိုတာမျိုးကလည်း အရာရာမှာ ကိုယ့်ဆန္ဒအတိုင်း ကိုယ့်ချစ်သူကို လိုက်လုပ်စေချင်နေရင် တစ်ဖက်လူက စိတ်ကျဉ်းကြပ်ပြီး ထိန်းချုပ်ခံထားရတဲ့သူလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ကြာလာရင်တော့ သင်က သူ့ကို တကယ် မချစ်ဘဲ ခိုင်းချင်တဲ့သူလို့ ထင်ပြီး သင့်ဆီက ထွက်သွားမှာပါ။

drobotdean/Freepik

အတင်းပြောင်းလဲခိုင်းတာ

လူတိုင်းက သူ့ပုံစံနဲ့ သူဆိုတာမျိုး ရှိပါတယ်။ ဒါပေမယ့် မကောင်းတဲ့အချက်တွေကို တဖြည်းဖြည်း စိတ်ထား ပြောင်းလဲလာတာမျိုး ရှိရင်တောင် ကိုယ့်ရဲ့ ပုံစံဆိုတာမျိုးက ရှိနေဆဲပါပဲ။ ကိုယ်က တကယ် ချစ်မိရင်တော့ ဒီအချက်ကို နားလည်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ ကိုယ့်စိတ်ကူးထဲက ဖြစ်စေချင်တဲ့ ကောင်လေးပုံစံမျိုး ဖြစ်အောင် အတင်းပြောင်းလဲခိုင်းတာမျိုးကတော့ တဖက်သူကို မလေးစားရာ ရောက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ရဲ့ ပုံစံအမှန်ကို ကိုယ့်ကောင်မလေးက မချစ်ဘူးဆိုတဲ့ စိတ်နဲ့ သင့်ကို ထားခဲ့တာမျိုးတောင် ဖြစ်လာနိုင်ပါသေးတယ်။

READ
အိပ်ရာနိုးပြီးပြီးချင်း လုပ်သင့် ၊ မလုပ်သင့်သည့် အမူအကျင့်များ
patty-photo/Freepik

လေးစားမှု လုံးဝ မပေးတာ

ချစ်သူတွေက တစ်ယောက်နဲ့ တစ်ယောက် အရမ်း ချစ်သွားတဲ့အခါ ဘာမှ အပြစ်မမြင်တတ်ကြတော့ပါဘူး။ ဒါပေမယ့်လည်း လူ့သဘာဝက ရှိနေတဲ့အတွက် ကိုယ့်ဘက် ထိန်းသိမ်းပေးရမယ့် အချက်တွေ ရှိနေပါသေးတယ်။ လူရှေ့သူရှေ့မှာတောင် ကိုယ်က ကိုယ့်ချစ်သူကို အနိုင်ယူပြတာမျိုး၊ နှစ်ကိုယ်ကြား ရှိရမယ့် အရာတွေကို မိတ်ဆွေတွေရှေ့မှာ ထုတ်ပြောတာမျိုး စတာတွေက သူ့ကို လေးစားမှု မပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အလုပ်လုပ်နေတာကိုတောင် နားလည်မပေးဘဲ ကိုယ့်အတွက်ပဲ အချိန်ပေးစေချင်တာမျိုးကလည်း မဖြစ်သင့်တဲ့ အချက်ပါပဲ။

beststudio/Freepik

အကြမ်းဖက်တာ

ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်လွတ်ပြီး ရိုက်မိပါတယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ သဝန်တိုပြီး လက်ပါမိတာမျိုး၊ ရန်ဖြစ်တိုင်းမှာ လက်ပါတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒါက အကြမ်းဖက်တာ ဖြစ်ပြီး ချစ်လို့ ဖြစ်တယ်ဆိုတာ မဟုတ်တော့ပါဘူး။ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူကို လုံးဝ အကြမ်း မဖက်သင့်ပါဘူး။ ဒါက သူ့ကို တမင် နှိပ်စက်နေမိတာမျိုးပဲ ဖြစ်မှာပါ။

READ
အချစ်စစ်ကို အလွယ်တကူ ယုံကြည်လို့မရတဲ့ မိန်းကလေးတွေရဲ့ ခံယူချက်များ
KamranAydinov/Freepik

လွတ်လပ်ခွင့် နည်းနည်းလေးတောင် မပေးတာ

လူဆိုတာ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်ဘဝဆိုတာမျိုး ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ဆုံတွေ့တာမျိုး၊ တခါတလေ စိတ်ပေါ့ပါးအောင် အရက်သောက်တာမျိုး၊ ဘယ်သူနဲ့မှ စကားမပြောချင်ဘဲ နားနေတာမျိုး၊ အလုပ်ကို ပိုပြီး အာရုံစိုက်ပြီး လုပ်ချင်တာမျိုး ရှိပါတယ်။ ဒါတွေကိုလည်း အပြန်အလှန် နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အချိန်တွေအားလုံးက ကိုယ့်အတွက် အမြဲ အဆင့်သင့် ဖြစ်ရမယ်ဆိုတာမျိုး၊ တကယ်ချစ်ရင် လုပ်ပေးနိုင်ရမှာပေါ့ စသဖြင့် ပြုမူတဲ့အခါ တဖက်သူက လူမှုရေးမှာပါ ထိခိုက်မှုတွေ ရှိလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့ကျလာတတ်ပါတယ်။ ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင်တော့ သူထိခိုက်အောင် လုပ်တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူးနော်။

Kham

 

 

 

sponsored