လူတွေကို လွယ်လွယ်ယုံတတ်သူတွေ ခံစားရနိုင်တဲ့ အရာ (၅) ခု

Photo by Hoàng Chương from Pexels
Sponsored

လူတိုင်းကို ယုံကြည်မှု ပေးလို့ မရပါဘူး။ ဒါပေမယ့် စိတ်ထားအရမ်း ရိုးရှင်းတဲ့သူတွေကတော့ လွယ်လွယ် ယုံတတ်တဲ့ အကျင့်တွေ ရှိပါတယ်။ သူတို့ စိတ်ထဲမှာ လွယ်လွယ် မယုံဘူးလို့ တွေးထားကြရင်တောင်မှ သူတို့အပေါ် ကောင်းကောင်းဆက်ဆံတဲ့သူတွေကိုဆိုရင် သူတို့က ယုံလိုက်တတ်ကြပါတယ်။ ဒီလူကတော့ ယုံလို့ ရနိုင်ပါတယ်လို့ သူတို့ဘာသာ သတ်မှတ်လိုက်တတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့က မကြာခဏ ဒီလို အရာတွေကို ခံစားရလေ့ ရှိပါတယ်။

(၁) မယုံနိုင်ခြင်း

Sponsored

ဒီလိုမျိုး သူတို့ ယုံကြည်ခဲ့ရသူတွေက သူတို့ မထင်ထားတဲ့အရာတွေကို လုပ်သွားတဲ့အခါမှာ သူတို့က အဲ့ဒီအကြောင်းအရာကို မယုံမကြည် ဖြစ်တတ်ကြပါတယ်။ သူက ငါ့အပေါ် ဘာလို့ အဲ့သလို လုပ်ရသလဲဆိုတာကို ထပ်တလဲလဲ တွေးသလို သူက စိတ်ပြောင်းသွားတာလား၊ အစတည်းက ငါ့အပေါ် လိမ်နေခဲ့တာလား စသဖြင့် တွေးရင်း သူတို့က အခြေအနေကို မယုံနိုင်ဖြစ်နေတဲ့အချိန်ကို ကြာမြင့်စွာ ခံစားရလေ့ ရှိပါတယ်။

READ
ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ
Photo by Dương Nhân from Pexels

(၂) နာကျင်ခြင်း

သူတို့တွေက ကိုယ့်ခံစားမှုတွေကြောင့် ကိုယ် နာကျင်ရတတ်ပါသေးတယ်။ လူတွေကို ကိုယ့်ဘက်ကပဲ ကြည့်ပြီး ကိုယ့်အတွေးနဲ့ ကိုယ် ယုံကြည်လိုက်ပြီး ကိုယ် မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာရင်ဝမ်းနည်းတတ်ကြပါတယ်။ မယုံကြည်နိုင်တဲ့ စိတ်နဲ့ နာကျင်နေရပြီး ယုံခဲ့ရတာ မှန်ရဲ့လားလို့ အမြဲ တွေးမိနေတတ်သလို ဒီအဖြစ်အပျက်ကိုလည်း အမြဲ တွေးပြီး နာကျင်နေတတ်ကြပါသေးတယ်။

Photo by Runshi Zheng from Pexels

(၃) နောင်တရခြင်း

ယုံကြည်ထားတဲ့သူတွေဆီကနေ ကိုယ် မယုံကြည်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပြီးဆိုရင် သူတို့ ခံစားရတာက ဝမ်းနည်းတာ တစ်ခုတည်း မဟုတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ဘာလို့ ယုံခဲ့သလဲဆိုပြီး နောင်တ ရမိတာပဲ ဖြစ်ပါတယ်။ မိန်းကလေးအချို့ဆိုရင် ကောင်လေးတွေရဲ့ စကားချိုချိုကို ယုံကြည်ပြီး နောက်ဆုံး ကိုယ့်ကို မချစ်မှန်း သိလိုက်ရပြီး ကျန်ခဲ့ရတာမျိုးပေါ့။ ဒီအခြေအနေတွေက ကိုယ့်ကိုယ်ကို ငါ မလုပ်ခဲ့မိရင် မယုံခဲ့မိရင် အကောင်းသားဆိုပြီး တွေးပြီး တစိမ့်စိမ့် နောင်တ ရစေတတ်ပါတယ်။

READ
ချစ်ရသူနဲ့ ပျော်ရွှင်သာယာတဲ့ ချစ်ခရီးကို ဖန်တီးနိုင်ဖို့ လုံးဝမလုပ်သင့်တဲ့ အချက်များ
Photo by Philip Justin Mamelic from Pexels

(၄) အပြစ်တင်ခြင်း

အယုံလွယ်တဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို လွယ်လွယ် ယုံတတ်ကြောင်းကိုလည်း သိကြပါတယ်။ ဒါပေမယ့်လည်း အပြောချိုတဲ့အခါ သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အခါမျိုးတွေမှာ သူတို့က ယုံမိသွားတတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့ မယုံကြည်စရာ အခြေအနေတွေ ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြစ်တင်မှု လွန်ကဲတတ်ကြပါတယ်။ ယုံမိရ ကောင်းမလားဆိုပြီး ကိုယ့်ကို အမြဲ ပြစ်တင်နေမိတတ်တာမျိုးကို အမြဲ ခံစားနေရတတ်ပါသေးတယ်။

Photo by cottonbro from Pexels

(၅) လက်တွေ့နဲ့ ကင်းကွာခြင်း

သူတို့က ဒီလိုမျိုး အယုံလွယ်တာကနေ ခံစားလာရတာတွေ များလာတဲ့အခါမှာတော့ သူတို့တွေက ဖြစ်ခဲ့တာတွေကို မမေ့နိုင်ဘဲ အမြဲ ပြစ်တင်ခံစားနေရလေ့ ရှိပါတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်သူ့ကိုမှ လုံးဝ မယုံတော့တာမျိုး ဖြစ်တတ်သလို အတိတ်မှာ ပိတ်မိနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အဆိုးဆုံး အခြေအနေက လက်တွေ့ကို လိုက်လျောညီထွေစွာ မနေတတ်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

Kham

sponsored