ဂျပန်အမျိုးသမီးအများစုရဲ့ ခန္ဓာကိုယ်လေးတွေ သေးသွယ်ပြီး လှပနေရတဲ့ လျှို့ဝှက်ချက်

Pixabay-pixel2013
Sponsored

ဂျပန်နိုင်ငံက အမျိုးသမီးအများစုဟာ အခြားသောနိုင်ငံတွေက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် များသောအားဖြင့် ပိန်ပိန်ပါးပါး သွယ်သွယ်လျလျလေးတွေ ဖြစ်နေတာကို တော်တော်များများ သတိထားမိကြမှာပါ။ ဒါ့အပြင် ဂျပန်ဇာတ်ကားတော်တော်များများမှာဆိုလည်း ဂျပန်မင်းသမီးတွေအပါအဝင် ဖြတ်လျှောက် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကအစ သွယ်သွယ်လျလျလေးတွေချည်းပါပဲ။ ဘာကြောင့်သူတို့တွေဟာ ဒီလိုမျိုးခန္ဓာကိုယ်လေးတွေကို Gym မသွားပဲ ပိုင်ဆိုင်နေရတာလဲ?အဖြေကတော့ ရှင်းပါတယ်။ သူတို့ရဲ့ ဂျပန်လူမျိုးတွေရဲ့ အစာစားတဲ့ ပုံစံတွေကြောင့်ပါပဲ။ ဒီလိုနေထိုင်စားသောက်မှုပုံစတွေကြောင့်ပဲ သူတို့ဟာ အသက် ၃၀ ကျော်ရင်တောင်မှာ အနည်းဆုံး အသက် ၁၈ နှစ်လောက်သာ ထင်နေကြရတာပါ။ ဒါ့ကြောင့် အခုပြောပြချင်တာကတော့ ဂျပန်နိုင်ငံက ဂျပန်လူမျိုးတွေရဲ့ အစားသောက်ပုံစံ ၆ မျိုးအကြောင်းပါပဲ။

၁။ ဂျပန်လူမျိုးတွေဟာ အစားအစာစားသောက်ရာမှ အဟာရကိုညီမျှစွာစားသောက်တတ်ကြပါတယ်

Sponsored

ဂျပန်လူမျိုးတွေကတော့ များသောအားဖြင့် ဆူရှီစားကြတာ များပါတယ်။ သူတို့ဆီက ဆူရှီတွေဟာ အသားစိမ်းငါးစိမ်းလို့ ပြောနိုင်ပေမယ့် အင်မတန်လတ်ဆတ်ပြီး စားလို့ကောင်းတဲ့ အရာတွေပါပဲ။ ဆူရှီတွေထဲမှာလည်း ဟင်းသီးဟင်းရွက်တွေ ထည့်စားတဲ့အပြင် အစာမစားခင် စွပ်ပြုတ်တွေကို ဦးစွာသောက်သုံးကြတာကြောင့် ကောင်းမွန်တဲ့ စားသောက်မှုပုံစံလို့ ပြောနိုင်ပါတယ်။

READ
တစ်နေ့ကို (၅)မိနစ်လောက် လုပ်ရုံနဲ့ ရင်သားတွေတင်းရင်းဖွံ့ဖြိုးစေမယ့်လေ့ကျင့်ခန်း
Pixabay-juangallardosevilla

၂။ အသားကင်စားတဲ့ အခါမှာလည်း စနစ်တကျကင်ပြီး စားသောက်လေ့ရှိပါတယ်

ဂျပန်လူမျိုးတွေဟာ အသားငါးတွေ၊ ပင်လယ်စာတွေ စားသောက်တဲ့ အခါမှာလည်း သေသေချာချာကိုကင်ပြီးမှသာ စားသုံးလေ့ရှိပါတယ်။ ဥပမာ- စားလို့ရလောက်အောင်လေး ကင်တာမဟုတ်ပဲ သေသေချာချာကို စနစ်တကျ ကင်ပြီးမှသာ စားသုံးလေ့ရှိတာပါ။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေကို ချက်မယ်ဆိုရင်လည်း သေသေချာချာကို ဖြတ်တောက်ပြီးမှ ကြောာ်လှော်တာပဲဖြစ်ဖြစ်၊ ရေနွေးနဲ့ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် စားသုံးလေ့ရှိတာပါ။

၃။ အစာစားရင်လည်း သေသေချာချာ ကြေညက်အောင် ဖြည်းဖြည်းချင်းဝါးပြီးမှမျိုချလေ့ရှိတာပါ

လူတော်တော်များများကတော့ ဗိုက်ဆာလို့ ထမင်းစားရင် တစ်လုပ်ပြီးတစ်လုပ် အငမ်းမရ စားသောက်လေ့ရှိတတ်ပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဂျပန်လူမျိုးတွေ အစာစားရင် ကြာလေ့ရှိတာကို တော်တော်များများသတိထားပြီးကြည့်ရင် မြင်မှာပါပဲ။ အမှန်တစ်ကယ်တော့ သူတို့ဟာ အစာစားတာနှေးတာမဟုတ်ပဲ အရသာခံပြီးသေသေချာချာ အစာကို ကြေညက်အောင် ဝါးပြီးမှ စားလေ့ရှိတာပါ။

READ
ပေါတောတောနေပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်ရင့်ကျက်သူမှန်းသိသာတဲ့ လက္ခဏာ (၅) မျိုး
Pixabay-moerschy

၎။ မနက်စာကို သေသေချာချာပြင်ဆင်ပြီး အများကြီး စားလေ့ရှိပါတယ်

လူတော်တော်များများဟာ  အလုပ်အချိန်ကြောင့်၊ အိပ်ယာထနောက်ကျတာတွေကြောင့် မနက်စာကို သေသေချာချာ စာလေ့မရှိပါဘူး။ များသောအားဖြင့် မနက်စာကို ကောဖီလေးတစ်ခွက်လောက်နဲ့ပဲပြီးဆုံးလေ့ရှိပြီး နေ့လည်စာနဲ့ညစာကို အများကြီးစားလေ့ရှိပါတယ်။ ဂျပန်လူမျိုးအမျာ.စုကတော့ မနက်စာကို သေသေချာချာ ကျကျနန အများကြီးစားသုံးလေ့ရှိပြီး နေ့လည်စာနဲ့ ညစာကို အဖြစ်လောက်သာ စားသုံးလေ့ ရှိပါတယ်။

၅။ အစားအစာစားပြီးရင် အချိုတွေဘာတွေတည်းလေ့ မရှိပါဘူး

ဒီမှာဆိုရင်တော့ အစာစားပြီးရင် ထန်းလျက်လေးကိုက်တာတို့၊ အခြားအချိုလေးတစ်ခုခုစားလိုက်တာတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ဂျပန်လူမျိုးတော်တော်များများဟာ အစာစားပြီးရင် လုံးဝအချိုတည်းလေ့ မရှိပါဘူး။ ဂျပန်နိုင်ငံက အချိုပွဲတော်တော်များများဟာ များသောအားဖြင့် သကြားဓာတ်နဲ့ ကစီဓာတ်နည်းတဲ့ အချိုပွဲတွေသာ ဖြစ်ပါတယ်။

Pyi Hein Kyaw

sponsored