ဒီဖက်ခေတ်မှာ လူကြီးလူငယ်မရွေး ကိုရီးယားဇာတ်ကားတွေကို ကြည့်ရှု့နေကြပြီပဲ ဖြစ်ပါတယ်။ ကိုရီယားဇာတ်လမ်းတွဲတွေဟာ အာရှနိုင်ငံတွေမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ အောင်မြင်ကျော်ကြားနေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဆိုလည်း မမှားပါဘူး။ ကိုရီယားဇာတ်လမ်းတွဲတွေထဲက မင်းသားမင်းသမီးတွေ ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ၊ အပြုအမူအပြောအဆိုတွေသာမက အဆိုပါ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ တွေ့မြင်နေရတဲ့ ကိုရီးယားအစားအသောက်တွေဟာ နေရာတော်တော်များများမှာ ပျံ့နှံ့နေပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကိုရီးယားဇာတ်လမ်း တော်တော်များများမှာ တွေ့မြင်နေကြ အစားအသောက် ၅ မျိုးကို ပြောပြပေးသွားချင်ပါတယ်။
၁။ Tteokbokki

ဆန်သားနဲ့ ပြုလုပ်ထားတဲ့ Tteokbokki ဟာ ကိုရီးယားဇတ်လမ်းတိုင်းလိုလိုမှာ အမြဲလိုလို ပါဝင်နေကျ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ သူငယ်ချင်းတွေ အပြင်သွားတဲ့ အခါမျိုးတွေ၊ အိမ်မှာရှိတဲ့ မိသားစုကို တစ်ခုခု လုပ်ကျွေးတဲ့ အခန်းမျိုးတွေ၊ မင်းသားနဲ့ မင်းသမီး ညဖက် hangout လုပ်တဲ့ အချိန်မျိုးတွေဆိုရင်တွေ့မြင်နေကျ ကိုရီးယားအစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။
၂။ Ramyeon

ကိုရီးယားဇာတ်လမ်းတွဲတော်တော်များများမှာ Ramyeon ခေါက်ဆွဲပြုတ်ကိုတော့ တော်တော်များများ တွေ့ဖူးကြမှာပါ။ အထူးသဖြင့် အိမ်မှာ ဟင်းမချက်တဲ့ အခါမျိုးဆိုရင် ကိုရီယားဇာတ်ကားတွေထဲမှာ Ramyeon ခေါက်ဆွဲပြုတ်ကိုပဲ ဒယ်အိုးထဲ ထည့်ပြီး စားသောက်ကြတာ တစ်ကယ်အားရစရာကောင်းလွန်းလှပါတယ်။
၃။ Kimbap

Kimbap ကတော့ နိုင်ငံတော်တော်များများမှာ အောင်မြင်ကျော်ကြားတဲ့ ကိုရီးယားရေညှိ ထမင်းလိပ်ပါပဲ။ ကိုရီးယားဇာတ်ကားတွေထဲမှာဆိုရင်တော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fullhouse(ချစ်စံအိမ်) ဇာတ်လမ်းတွဲမှာ မင်းသမီး Song Hye Gyo က မင်းသား Rain အတွက် ပြုလုပ်ပေးရင်း ပိုပြီး လူသိခဲ့တာ ဖြစ်ပါတယ်။
၎။ Kimchi

Kimchi ကလည်း ကိုရီးယား အစားအသောက်တွေထဲမှာ မပါမဖြစ်တဲ့ အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုရီးယားတော်တော်များများဟာ Kimchi မပါပဲ ဘယ်အစားအစာကိုမှ မစားနိုင်ဖြစ်လောက်တဲ့အထိ ကိုရီးယားလူမျိုးတိုင်း ကြိုက်နှစ်သက်ကြတဲ့ ရိုးရာအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။
၅။ Soju

Soju ကတော့ ကိုရီးယားဇာတ်ကားတိုင်းလိုလိုမှာ မပါမဖြစ်တဲ့ သောက်စရာတစ်ခုပါ။ ကိုရီးယားဇာတ်ကားထဲကလို သောက်ပြတဲ့အတိုင်း ဒီမှာအားရပါးရ သောက်လို့ မရပါဘူး။ သူတို့ဆီမှာက အရမ်းအေးတဲ့ အတွက်ကြောင့် Soju သောက်လိုက်ရင် တော်တော်လေးနွေးသွားပြီး နေသာထိုင်သာရှိပြီး တဖြည်းဖြည်းနဲ့ မူးယစ်ရီဝေလာတတ်တဲ့ အရက်ပုံစံပါ။ ဒီမှာကတော့ နေရင်းထိုင်ရင်းနဲပကို ပူနေတာကြောင့် ကိုရီးယားဇာတ်ကားတွေထဲကလို တရှိန်ထိုးသောက်ချလိုက်ရင် တော်တော်လေးကို မူးသွားစေနိုင်တဲ့ အရက်ပါပဲ။
phk