အသားအရေလေး ကြည်ပြီး လှနေဖို့ နေ့စဉ် စားသုံးပေးသင့်တဲ့ အသီး (၅) မျိုး

Freepik.com
Sponsored

အသားအရေ လှဖို့အတွက် အလှကုန် ပစ္စည်း မျိုးစုံ ဝယ်ယူပြီး သုံးစွဲလေ့ ရှိပါတယ်။ အသားအရေအတွက်ဆိုရင် အစားအသောက်ကနေလည်း အားဖြည့်ပေးလို့ ရပါတယ်။ အလှကုန် ပစ္စည်းတွေ ဝယ်ယူမယ့်အစား အသီးတွေကို နေ့တိုင်း စားသုံးပေးပြီး အသားအရေလေးကို ကြည်ပြီး ဝင်းလက်နေအောင် ပြုလုပ်နိုင်ပါတယ်။ ဒီအသီးတွေကို နေ့တိုင်းသာ စားသုံးပေးမယ်ဆိုရင် သင့်အသားအရေက သိသိသာသာ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

၁။ သရက်သီး

Sponsored

အရသာလည်း ရှိပြီး အာဟာရတွေလည်း ပြည့်ဝစွာ ပါဝင်တာကတော့ သရက်သီးပဲ ဖြစ်ပါတယ်။ သရက်သီးမှာ ဗီတာမင် A,C,E,K ပါဝင်တာမို့ သင့်အသားအရေအတွက် အထူးသင့်လျော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်သလို့ သင့်ရဲ့ အစာခြေစနစ်ကို အမြဲ ကောင်းမွန်နေစေပါတယ်။

READ
ကြော်ငြာ အသစ် ရိုက်ကူးခဲ့တဲ့ Yang Kyungwon
Photo by Riki Risnandar from Pexels

၂။ ဖရဲသီး

မျက်နှာမှာ အစက်အပျောက်တွေ ရှိနေတာ၊ အသားအရေက sensitive ဖြစ်တာ စတဲ့ သူတွေအတွက်တော့ ဖရဲသီးက သင့်လျော်ပါတယ်။ သင့်အသားအရေကို ရေဓာတ်ပြည့်ဝနေအောင် ဖြည့်ဆည်းပေးနိုင်ပြီး အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A, B1, B6 နဲ့ ဗီတာမင် စီတို့လည်း ပါဝင်နေလို့ ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။

Photo by Karolina Grabowska from Pexels

၃။ လိမ္မော်သီး

အသားအရေကို ကြည်ကြည်လင်လင်လေး ဖြစ်ချင်ရင်တော့ လိမ္မော်သီးက အဓိက အဖြစ် အရေးပါနေပါတယ်။ အသားအရေကို လင်းလက် ကြည်လင်စေတဲ့ ဗီတာမင် စီက လိမ္မော်သီးမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ရောင်ရမ်းခြင်းတွေ မဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိနေတာမို့ အသားအရေအတွက် အထူးသင့်လျော်ပါတယ်။ collagen ကိုလည်း မြှင့်တင်ပေးနိုင်လို့ အလှအပ ကြိုက်သူဆိုရင် မဖြစ်မနေ ရွေးချယ် စားသုံးသင့်ပါတယ်။

READ
Park Bo Gum ရဲ့ မနက်စာကို ကြည့်ပြီး အံ့သြခဲ့ရတဲ့ ပရိတ်သတ်တွေ
pch.vector/Freepik

၎။ သင်္ဘောသီး

ကိုယ်အလေးချိန် ထိန်းညှိတဲ့သူတွေအပြင် လှပကျန်းမာတဲ့ အသားအရေကို ရရှိချင်တဲ့သူတွေအတွက် သင်္ဘောသီးက သိပ်ကို အရေးပါပါတယ်။ ဗီတာမင် အေ၊ဘီ၊စီတို့လည်း ပါဝင်နေတာကြောင့် အသားအရေကို လှပစေပါတယ်။ အသားအရေ ပျက်စီးနေတဲ့သူတွေလည်း သင်္ဘောသီးကို စားပေးခြင်းဖြင့် အသားအရေကို ပြန်လည် ကျန်းမာစေပါတယ်။

Photo by alleksana from Pexels

၅။ သလဲသီး

သလဲသီးက အသားအရေ တောက်ပစိုပြေဖို့အတွက် အထူးကောင်းမွန်ပါတယ်။ နေလောင်ဓာတ်ကိုလည်း ကာကွယ်ပေးနိုင်သလို ဗီတာမင် စီနဲ့ ကေလည်း ကြွယ်ဝတာမို့ အသားအရေကို ထိန်းသိမ်းနေတဲ့သူတွေအတွက် နေ့စဉ် စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

Kham

sponsored