သူများထက် တော်တဲ့သူတွေမှာပဲ ရှိနေတတ်တဲ့ အလေ့အကျင့်ကောင်း (၅) မျိုး

pompixs/Freepik
Sponsored

လူတိုင်းက အလေ့အကျင့်တွေ မတူသလို အရည်အချင်းတွေလည်း မတူညီကြပါဘူး။ အလေ့အကျင့်တွေက ကိုယ့်ကို တော်တဲ့သူ ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တော်တဲ့သူတွေတိုင်းမှာတော့ တခြားသူတွေမှာ မရှိတဲ့ အလေ့အကျင့်ကောင်းတွေကို တွေ့ရတတ်ပါတယ်။ သူတို့တွေ ပိုင်ဆိုင်ထားကြတဲ့ အလေ့အကျင့်ကောင်းတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။

အာရုံစူးစိုက်မှု အပြည့် ရှိတယ်

Sponsored

သူတို့တွေက သူတို့ အလုပ်တစ်ခုကို လုပ်နေတဲ့အချိန်မှာ တခြားကို သိပ်တွေးလေ့ မရှိပါဘူး။ ကိုယ် လုပ်ရမယ့် အလုပ်မှာ အာရုံစူးစိုက်မှု အပြည့်ပေးပြီး လုပ်တတ်တာက သူတို့အတွက် ရလဒ်တွေ ပိုကောင်းစေတာကိုလည်း သဘောပေါက်ကြပါတယ်။

Photo by Zen Chung from Pexels

အလွန်အကျွံ အချိန်မဖြုန်းဘူး

အချိန်ဆိုတာ အဖိုးတန်ပါတယ်။ ဘယ်အသက်အရွယ်မှာ ဘယ်လောက် ကြိုးစားမှု ရှိထားဖို့ လိုတယ်ဆိုတာမျိုးတွေ သူတို့က တွေးထားကြပါတယ်။ တစ်နေကုန် ဘာမှ မလုပ်ရဘဲ အချိန်ကုန်သွားတာမျိုး မရှိအောင်လည်း ဂရုစိုက်တတ်ကြပါတယ်။ အချိန်တွေကို အကျိုးရှိမယ့် အရာတော်တော်များများနဲ့ ကုန်ဆုံးစေပြီး အလွန်အကျွံ အချိန်ဖြုန်းပစ်တတ်တဲ့ အကျင့်မျိုး သူတို့မှာ မရှိပါဘူး။

READ
“Hotel Del Luna” ဒုတိယတွဲကို မျှော်နေတဲ့ ပရိသတ်တွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ tvN
Photo by Andrea Piacquadio from Pexels

ရည်မှန်းချက် ရှိတယ်

တော်တဲ့သူတိုင်းကို တော်စေတဲ့ အချက်တွေထဲမှာ ရည်မှန်းချက် ရှိထားတာကလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ သူတို့မှာ ဖြစ်ချင်တဲ့အရာမျိုး၊ မျှော်လင့်ထားတဲ့ ရလဒ်မျိုးတွေ ရှိနေပြီး သူတို့ ရည်မှန်းချက် ဖြစ်မြောက်အောင် လုပ်တတ်ကြတဲ့ အကျင့် ရှိနေတတ်ပါတယ်။

Photo by Andrea Piacquadio from Pexels

ကိုယ့်အရည်အချင်းကို အမြဲ အကဲခတ်တယ်

ကိုယ့်ကိုယ်ကို အရမ်း ဂုဏ်မောက်တာမျိုးကို တကယ်တော်တဲ့သူတွေဆီမှာ မတွေ့ရပါဘူး။ သူတို့တွေက ကိုယ့်အရည်အချင်းက ဘယ်အနေအထားလောက်မှာ ရှိတယ်ဆိုတာကို အမြဲ စစ်ဆေးစောင့်ကြည့်တတ်ပါတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်အရည်အချင်းကို အကဲခတ်သလို ရှိပြီးသား အရည်အချင်းတွေ တိုးတက်လာရဲ့လားဆိုတာကိုလည်း စစ်ဆေးကြည့်တတ်ပါတယ်။

Photo by cottonbro from Pexels

လေ့ကျင့်မှု အမြဲ ရှိတယ်

သူတို့တွေက အမြဲ ကိုယ့်အရည်အချင်းကို တိုးတက်ဖို့ ဆန္ဒရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ ဒီအတွက် သူတို့တွေက အလုပ်အတွက် သူတို့ရဲ့ ပညာအရည်အချင်းအတွက် လေ့ကျင့်မှုတွေ အမြဲ ပြုလုပ်နေတတ်ကြပါတယ်။ ထပ်တလဲလဲ လေ့ကျင့်မှုတွေက ကိုယ့်ကို ပိုပြီး ကျွမ်းကျင်လာစေတယ်လို့ သူတို့က လက်ခံထားကြပါတယ်။

READ
အပျော်တွေအပြီးမှာတော့ JB နဲ့ Hailey တို့ ကြား အဆင်မပြေမှုတွေ ၀င်လာပြီလား..?

Kham

sponsored