သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်တဲ့ အပြုအမူ(၅)ခု

shutterstock By file404
Sponsored

လူတော်တော်များများဟာ အရွယ်မတိုင်ခင်မှာ ဘယ်သူမှ မအိုမင်းချင်ပါဘူး။ အသက်အရွယ်ကြီးလာလို့ အိုမင်းနေရင်တော့ တစ်မျိုးပါ။ ဒါပေမယ့် လူတော်တော်များများဟာ ကိုယ့်ကိုယ်ကို သတိမထားမိစေပဲ လုပ်မိနေတဲ့ အပြုအမူတွေ ရှိနိုင်ပါတယ်။ အဲဒီကိုယ်သတိမထားမိလိုက်တဲ့ အပြုအမူတွေကပဲ သင့်ကို အရွယ်မတိုင်မီမှာ အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားစေနိုင်ပြီး သင်ကိုယ်တိုင်တောင် သတိမထားမိစေနိုင်တဲ့ နေ့စဉ်ပြုမူနေတဲ့ အပြုအမူ ၅ ခုကို ပြောပြပေးချင်ပါတယ်။

Pixabay-5132824

၁။ လေ့ကျင့်ခန်းလုပ်ဖို့ မေ့လျော့နေတတ်ခြင်း

Sponsored

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ လူတိုင်းနေ့စဉ်ပြုလုပ်သင့်တဲ့ အပြုအမး တစ်ခုပါပဲ။ ဒါပေမယ့် လူတော်တော်များများဟာ များသောအားဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ကို မေ့လျော့နေတတ်ပါတယ်။ နေ့စဉ် ဘာမမလုပ်ပဲ ဒီအတိုင်းကြီးနေတာက သင့်အတွက် ကျန်းမားရေးမကောင်းပဲ အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကိုကို အနည်းဆုံး နာရီဝက်လောက် ကိုယ်ကာယလေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။

၂။ နောက်ကျမှ အိပ်ရာဝင်ခြင်း

ဒီနေ့ခေတ်မှာ လငယ်တော်တော်များများဟာ အိပ်ချိန်ပုံမှန်မရှိတတ်ပါဘူး။ ဒီလို COVID 19 ကပ်ရောဂါဖြစ်လို့ အိမ်မှာပဲ နေနေရတဲ့ အချိန်မျိုးဆိုရင် ညလုံးပေါက် ဂိမ်းဆော့တာတို့၊ အွန်လိုင်းသုံးတာတို့ ပြုလုပ်ပြီး မနက် ၅ နာရီကျော်မှ အိပ်လေ့ရှိပါတယ်။ အဲဒီအရာက အချိန်တိုအတွင်းမှာ မသိသာပေမယ့် နေ့စဉ်ရက်ဆက်လိုမျိုး ဖြစ်နေရင်တော့ တော်တော်လေးကို သတိထားရပါမယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ည ၁၂ နာရီ မတိုင်ခင် အိပ်ရာဝင်ပြီးတော့ မနက်ကို ၈ နာရီလောက်ထတာ အကောင်းဆုံးပါပဲ။

READ
အတူတူShoppingထွက်ပေးတဲ့ သားချောလေးရဲ့ဓါတ်ပုံတွေ မျှဝေလိုက်တဲ့ ရတနာခင်
Pixabay-Free-Photos

၃။ အလွန်အကျွံဝိတ်ချခြင်း

ဝတဲ့လူတော်တော်များများ ဒါမှမဟုတ်ဝိတ်ချတဲ့ လူတော်တော်များများဟာ ဝိတ်ချခင်တဲ့အချိန်ကျရင် ဘာမှကို မစားပဲ အလွန်အမင်းတွေ ဝိတ်ချလေ့ ရှိတတ်ပါတယ်။ အဲဒီလို ဝိတ်ချတာ ခဏတစ်ဖြုတ်တော့ မသိသာစေနိုင်ပေမယ့် ဝိတ်ချချင်တိုင်း အမြဲလိုလို အဲဒီလိုပုံစံနဲ့ ဝိတ်ချရင် ရေရှည်မှာ အစာအိမ်ထိခိုက်စေနိုင်သလို လိုအပ်တဲ့ အစာအဟာရဓာတ် မရရှိတာကြောင့် ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုကို ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ဝိတ်ချမယ်ဆိုလည်း ဝစေနိုင်တဲ့ အစားအစာတွေကို မစားပဲ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အသင့်အတင့်စားပြီး ဝိတ်ချနိုင်ပါတယ်။

၎။ နေပူဆာလှုံတာများခြင်း

နေရောင်ဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ဗီတာမင် D ကို စုပ်ယူတတ်ပါတယ်။ ဒါ့ကြောင့် ပုံမှန်လောက် နေပူဆာလှုံရင် ဘာမှ မဖြစ်နိုင်ပေမယ့် အသားအရေ လှချင်ဇောနဲ့ အလွန်အမင်းနေပူဆာလှုံတယ်ဆိုရင် ခန္ဓာကိုယ်အရေပြားကို ထိခိုက်စေနိုင်သလို ကြာလာရင် အသားအရေတွေ တဖြည်းဖြည်းနဲ့ ညိုညစ်လာပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရောတာတွေကို ဖြစ်စေနိုင်ပါတယ်။

READ
မြန်မာပြည်ရဲ့ Liu Yifei (ဂူဂူး) လေးဆိုပြီး တင်စားခံနေရတဲ့ နော်ဖောအယ်ထား
Pixabay-realworkhard

၅။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာ မကောင်းတာကတော့ လူတိုင်းသိမှာပါ။ ဆေးလိပ်သောက်သူတစ်ယောက်ဟာ ဆေးလိပ်သောက်တာ နှစ်ကြာလာတာနဲ့အမျှ အရွယ်မတိုင်ခင် ရုပ်ရည်ကို အမြန်ဆုံး အိုမင်းရင့်ရော်စေနိုင်ရုံသာမက အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ခံတွင်းကင်ဆာ အစရှိတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ သာမန်လူတွေထက်စာရင် အများကြီး အိုမင်းရင့်ရော်စေတာကို သတိထားမိကြမှာပါ။

PHK

sponsored