မိန်းကလေးတွေကို ဆွဲဆောင်မှု လုံးဝ ကျဆင်းသွားစေနိုင်တဲ့ အမူအကျင့် (၅) ခု

Shutterstock/Nicoleta Ionescu
Sponsored

ဘာကြောင့်မှန်း မသိရဘဲ ဆွဲဆောင်မှု ရှိနေတယ်ဆိုတာမျိုးက သူတို့မှာ လူတွေ စိတ်ဝင်စားမိလောက်တဲ့ အချက်တွေကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။ လူတစ်ကိုယ် အကျင့် တစ်မျိုး ဆိုပေမယ့်လည်း တစ်ချို့သော အမူအကျင့်တွေကို ကိုယ့်ကို ပိုပြီး ဆွဲဆောင်မှု ကျအောင် လုပ်တတ်ပါတယ်။ မိန်းကလေးအတွက် ဆွဲဆောင်မှု လုံးဝ ကျသွားစေတတ်တဲ့ အမူအကျင့်တွေကတော့ အခုလိုပဲ ဖြစ်ပါတယ်နော်။

ဒေါသကြီးလွန်းခြင်း

Sponsored

မိန်းကလေးတွေရဲ့ လက္ခဏာရပ်တစ်ခုက သိမ်မွေ့ခြင်း၊ နူးညံ့ခြင်းလို့ အများက ယူဆကြလေ့ ရှိပါတယ်။ ဒီအတွက် စကားပြော ရိုင်းစိုင်းတာ၊ ကြမ်းတမ်းစွာ ပြုမူတတ်တာမျိုးတွေက သင့်ကို လုံးဝ ဆွဲဆောင်မှု ကျသွားတတ်ပါတယ်။ စိတ်သဘောထားကြမ်းတမ်းသူ အဖြစ်သာ မြင်သွားမှာ ဖြစ်ပါတယ်။

yanalya/Freepik

လောဘကြီးလွန်းခြင်း

လူတိုင်းကတော့ ငွေလိုအပ်ချက် ရှိနေတာပါပဲ။ ဒီအတွက် ဘာပြဿနာမှ မရှိပေမယ့် ငွေမြင်တိုင်း လိုချင်စိတ် ဖြစ်တာမျိုး၊ အလကားရသမျှကို တပ်မက်ပြီး လိုချင်စိတ်ကို မထိန်းသိမ်းနိုင်တာမျိုးတွေက သင့်ရဲ့ လောဘကြီးလွန်းပြီး မထိန်းသိမ်းနိုင်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ ဒီလို မိန်းကလေးမျိုးကို လူတွေက အထင်သေးစိတ်ပဲ ဖြစ်တတ်ကြပါတယ်။

READ
Kwang Soo ရဲ့ သူငယ်ချင်းကောင်းပီသမှုကြောင့် ငိုခဲ့ရတဲ့ Song Joong Ki
user6873431/Freepik

ယုံကြည်မှု မရှိခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတဲ့သူက ဘယ်ပဲ သွားသွား သူ့မှာ ဆွဲဆောင်မှု တစ်ခု ရှိနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို မယုံကြည်တဲ့သူက မဝံ့မရဲ ဖြစ်နေတာ ဒါမှမဟုတ် အလွန်အကျွံ အပြုအမူတွေ လုပ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအချက်က သင့်မှာ ဆွဲဆောင်မှု ရှိနေရင်တောင် လျော့ကျသွားမယ့် အချက်ပဲ ဖြစ်ပါတယ်။

cookie_studio/Freepik

ကိုယ်သိကိုယ်တတ် လုပ်တတ်တဲ့ အမူအရာ ရှိခြင်း

လူတိုင်းကတော့ အရာအားလုံး မသိကြပါဘူး။ ကိုယ်သိထားတဲ့ အရာတွေ ရှိတောင် အမြဲတမ်း သိကြောင်း မပြသင့်ပါဘူး။ ကိုယ် သေချာ မသိတဲ့ အရာ ဖြစ်စေ၊ သိတဲ့အရာတွေ ဖြစ်စေ သင်က သိကြောင်း တတ်ကြောင်း အရမ်း ပြလိုက်မိပြီဆိုရင်တော့ သင့်ကို ထူးဆန်းတဲ့သူလို မြင်သွားပြီး ဆွဲဆောင်မှု ကျသွားမှာ ဖြစ်ပါတယ်။

READ
သင့်အပေါ် ဒီလိုပုံစံမျိုး ချစ်ခင်ပေးမယ့်သူ မရှိခင်အထိ ဆင်ဂယ်အဖြစ်ပဲ နေပါ ....
gpointstudio/Freepik

ဖက်ရှင်ရွေးချယ်မှု မှားခြင်း

လူတစ်ယောက်မှာ အသွင်အပြင်က သိပ်ကို အရေးပါပါတယ်။ သင်က နေရာနဲ့ မလိုက်အောင် ဝတ်စားမိတာမျိုး ဖြစ်ဖြစ်၊ အရောင် မလိုက်ဖက်အောင် ဝတ်မိထားရင် ဖြစ်ဖြစ် သင့်ရဲ့ ဆွဲဆောင်မှု ရှိသမျှ အားလုံးက ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားပုံစံမျိုးကို သိအောင် လုပ်ပြီး ဝတ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

Kham

 

 

sponsored