ဝက်ခြံနဲ့ အဆီကြိတ်ရှိတဲ့ ပျိုမေတို့အတွက် အကောင်းဆုံး မျက်နှာပေါင်းတင်နည်း (၅) နည်း

By metamorworks/ Shutterstock
Sponsored

ဝက်ခြံနဲ့အဆီကြိတ်တွေရှိလို့ ဘာသုံးသုံး မတည့်တာ၊ ပိုဆိုးသွားတာမျိုးတွေ ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ပျိုမေတို့ ရဲ့ မျက်နှာကို ဓာတုပစ္စည်းတွေမပါပဲ အားဖြည့်ပေးဖို့လိုနေပါပြီ။ ခုဖော်ပြပေးမှာကတော့ ဝက်ခြံနဲ့ အဆီကြိတ်တွေအ တွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်းလေးတွေပဲဖြစ်ပါတယ်။

(၁) သခွားသီး

သခွားသီးနှစ်စိတ်နဲ့ အုတ်ဂျုံမှုန့်ကို ရောကြိတ်လိုက်ပါ။ ရလာတဲ့အနှစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ဒိန်ချဉ်လက်ဖက် ရည်ဇွန်း ၁ဇွန်းနဲ့ သေသေချာချာရောမွှေပြီး မျက်နှာမှာလိမ်းလိုက်ပါ။ နာရီဝက်အကြာမှာ ရေဆေးပေးလိုက်ရုံပါပဲ။

(၂) ပျားရည်

By DONOT6_STUDIO/ Shutterstock
Sponsored

ဒီနည်းလမ်းကို အသုံးမပြုခင်မှာ မျက်နှာကို ရေနွေးနဲ့ဆေးကြောထားပါ။ ပြီးတာနဲ့ ပျားရည်ကိုလိမ်းပြီး မိနစ် ၃၀ ထား ကာ ရေနွေးနဲ့ပြန်လည်ဆေးကြောပေးပါ။ နောက်ဆုံးမှာ ရေအေးလေးနဲ့ပြန်လည် ဆေးကြောပေးလိုက်ပါ။

(၃) အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ ရေအနည်းငယ်တို့ကိုရောပြီး ကြိတ်လို က်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပြီး ညင်ညင်သာသာ ပွတ်ပေးလိုက်ပါ။ပြီးတာနဲ့ချက်ချင်းရေဆေးလိုက်ရုံပါပဲ။

READ
လက်ဖ၀ါးကြမ်းနေလို့ စိတ်ညစ်နေသူတွေအတွက် ... သတင်းကောင်း

(၄) ကြက်ဥ

ကြက်ဥအကာတစ်လုံး၊ သံပုယိုရည်အနည်းငယ်တို့ကိုရောပြီး ညအိပ်ရာဝင်ခါနီးမျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ တစ်ည လုံးထားပြီး နောက်နေ့မှာ ရေနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။

(၅) စနွင်း

By COLOA Studio/ Shutterstock

စနွင်းလက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ပဲမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ သံလွင်ဆီအနည်းငယ်တို့ကို သေသေချာချာ ရောမွှေေ ပးလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်ခန့်ထားလိုက်ပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။

Em Em

sponsored