သင့်အပေါ်ကို သင့်ယောက်ျားရဲ့ အချစ်တွေမလျော့သွားအောင် ဆွဲဆောင်နည်း (၅) မျိုး

Sponsored

အိမ်ထောင်ရေးတစ်ခု ပျော်ရွင်ပြီးသာယာဖို့အတွက် ယောက်ျားမှာရော၊ မိန်းမမှာပါ တာဝန်ရှိပါတယ်။ ခင်ပွန်းတစ်ယောက်အနေနဲ့က ကိုယ့်ရဲ့ ဇနီးကို အချစ်မပြယ်ဘဲ ပိုပြီးဂရုစိုက်ကြင်နာရမှာ ခင်ပွန်းကောင်းတစ်ယောက်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဇနီးတစ်ယောက်အနေနဲ့လည်း အိမ်ထောင်ရေးအမြဲ သာယာအောင် ကိုယ့်ရဲ့ယောက်ျားကို ဆွဲဆောင်ရမှာ ဇနီးတစ်ယောက်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနည်းလေးနဲ့ သင့်ရဲ့ယောက်ျား သင့်ကိုအချစ်မလျော့သွားအောင် ဆွဲဆောင်နိုင်ကြပါစေ။

 

(၁) ပြင်ပြင်ဆင်ဆင်နေပါ

Sponsored

မိန်းမ တော်တော်များများက အိမ်ထောင်ကျသွားတာနဲ့ ပြင်ပြင်ဆင်ဆင်မနေကြတော့ဘူး။ အိမ်မှုကိစ္စတွေနဲ့ရှုပ်နေကြလို့ ကိုယ့်ကိုယ်ကို ပြင်ဖို့တောင်မေ့လာတတ်ကြတယ်။ ဘယ်လိုပဲအလုပ်များနေပါစေ ပြင်ပြင်ဆင်ဆင်လေးနေပါ။ သင်ဆီက ချွေးနံ့တွေ နံနေရင် သင့်ယောကျာ်းကအနားတောင်ကပ်မှာ မဟုတ်လို့ အတတ်နိုင်ဆုံး လှလှပပနဲ့ ပြင်ပြင်ဆင်ဆင်လေးနေပါ။ အဲ့နည်းနဲ့ အချစ်မလျော့သွားအောင် ဆွဲဆောင်လို့ရပါတယ်။

(၂) ယောကျာ်းမိဘကို သင့်မိဘလို သဘောထားပါ

ယောက္ခမဆိုတဲ့ နမ်စားထက် သင့်ရဲ့မိဘတစ်ယောက်လို သတ်မှတ်ပေးပါ။ အဲ့ဒါမှ သင့်ယောက်ျားကလည်း သင့်မိဘတွေကို သူ့မိဘလို သဘောထားလာမှာပါ။ သင့်ယောက်ျားက  သူ့မိဘကို သင့်မိဘလိုသဘောထားပြီး ဂရုစိုက်ပေးတာကို သဘောကျမယ့်အပြင် သင့်အပေါ်ကိုပါ ပိုပြီးချစ်လာမှာပါ။ အဲ့လိုဆို အိမ်ထောင်ရေးက ပိုပြီးသာယာမှာပါ။

READ
ကလေးငယ်တွေကို အော်ငေါက်ခြင်းဟာ သူတို့ဘ၀မှာ စိတ်ဒဏ်ရာ ရစေနိုင်ပါတယ် ....

(၃) ဟင်းချက်ကောင်းရမယ်

ဇနီးတစ်ယောက်အနေနဲ့ ဟင်းချက်ကောင်းတာဟာ ယောက်ျားကို ဆွဲဆောင်နည်းတစ်မျိုးပါ။ ဇနီးရဲ့ဟင်းချက်လက်ရာက ကောင်းနေရင် တော်ရုံဆိုင်မှာ စားဖို့ကိုငြင်းလိမ့်မယ်။ ပြီးရင် သင့်ယောက်ျားရဲ့ မိတ်ဆွေတွေကို ထမင်းစားဖိတ်ပါ။ အဲ့ဒါမှ သင့်ယောက်ျားက မိတ်ဆွေတွေနဲ့ အိမ်မှာပဲစားသောက်ကြမှာပါ။ ဒီနည်းကတော့ သင့်ရဲ့ ဟင်းချက်လက်ရာနဲ့ ယောက်ျားကိုချူပ်နည်းတစ်မျိုးပေါ့။

 

(၄) ‘ချစ်တယ်’ ဆိုပြီးပြောပေးပါ

ချစ်သူဘ၀မှာတော့ ချစ်တယ် ဆိုတာကို မရိုးအိနေအောင်ပြောခဲ့ကြပေမယ့် အိမ်ထောင်ကျသွားရင်တော့ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ် ဆိုတာကို မပြောဖြစ်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ အိမ်ထောင်တောင် ကျသွားကြပြီးပဲ ဒါတွေပြောဖို့လိုသေးလို့လား ဆိုပေမယ့် ချစ်တယ် ဆိုတဲ့စကားကိုတော့ ပြောပေးဖို့လိုပါတယ်။ သင်အပေါ် အချစ်တွေမလျော့စေချင်ရင် တစ်နေ့ကို တစ်ခေါက်လောက်တော့ ချစ်တယ်လို့ ပြောပေးပါ။

(၅) စကားပြောချိုသာပေးပါ

အိမ်ထောင်ကျသွားကြရင် ပိုပြီးရင်နှီးသွားကြတော့ စကားပြောတွေမချိုသာကြတော့ဘူး။ အဲ့လိုမှားပါတယ်။ ချစ်သူဘ၀မှာလည်း ချိုသာခဲ့သလို အိမ်ထောင်ကျသွားရင် ချိုသာပေးရမှာပါ။ သင့်ယောက်ျားကို စကားချိုချိုလေးနဲ့ ချုပ်ပါ။ အိမ်ထောင်ရေးမှာ သင့်အပေါ်အချစ်မလျော့ဘဲချစ်ဖို့ သင့်ဘက်က အပြောချိုချိုလေးနဲ့ ပြောပေးပါ။ အဲ့လိုဆို သင့်ယောက်ျား သင်ကိုပဲစွဲလမ်းမှာပါ။

READ
အစားထိုးမရနိုင်တဲ့ ဖိုးဖိုး၊ဖွားဖွားတို့ရဲ့ ချစ်စရာအကောင်းဆုံးအချက်လေးတွေ

Hannwe Soe (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့် မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored