လမ်းခွဲကာစအချိန်မှာ မိန်းကလေးတွေ သွေးပူပူနဲ့ ပြုလုပ်တတ်ကြတဲ့ အမှား (၅) ခု

drobotdean/ freepik
Sponsored

လမ်းခွဲတဲ့အချိန်ဆိုတာ တကယ်ချစ်ဖူးတဲ့သူတွေအတွက်တော့ လောကမှာ နာကျင်စရာအကောင်းဆုံးအချိန်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ချစ်လို့ပဲလမ်းခွဲခွဲ၊ မုန်းလို့ပဲလမ်းခွဲခွဲ နာကျင်မှုကတော့ အနည်းနဲ့အများခံစားရကြပါတယ်။ ဒီလိုနာကျင်ပြီး သွေးပူနေတဲ့အချိန်မှာ အမှားလုပ်မိဖို့အရမ်းကိုလွယ်ကူပါတယ်။ ဒီလိုမထင်မှတ်ပဲ လုပ်မိတဲ့အမှားတွေက ဘဝမှာ အမည်းစက်တစ်ခုလိုဖြစ်သွားနိုင်တဲ့အတွက် လမ်းခွဲကာစမှာ မိန်းကလေးတွေအနေနဲ့ ဒီလိုအမှားမျိုး မလုပ်မိဖို့ အထူးသတိပြုသင့်ပါတယ်။

(၁) မာနတွေအားလုံးစတေးပစ်တာ

shutterstock/ Dean Drobot

မိန်းကလေးတွေဟာ သွေးပူနေတဲ့အချိန်မှာ ဘာဆိုဘာမှ မစဉ်းစားနိုင်လောက်အောင် ထူပူနေတတ်ကြပါတယ်။ ဒီလိုအချိန်မှာ စိတ်ကိုအလိုမလိုက်မိဖို့ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် မာနတွေအားလုံးကို စတေးပစ်ပြီး သူ့ကို အဆက်အသွယ်တွေသွားလုပ်တာ၊ သူ့သူငယ်ချင်းတွေကို ဆက်သွယ်တာ၊ သိက္ခာအကျခံပြီး အရွဲ့တိုက်တာမျိုးတွေကို အထူးရှောင်ရှားသင့်ပါတယ်။ ဒီလိုအပြုအမူတွေက သင်သွေးအေးသွားတဲ့အချိန်မှာ အကြီးအကျယ်နောင်တရစေမှာဖြစ်ပါတယ်။

(၂) အောက်ကျို့ပြီးတောင်းပန်တာ

Sponsored

မိန်းကလေးတွေဟာ လမ်းခွဲကာစအချိန်မှာ အထီးကျန်မှုကို မခံစားနိုင်ကြပါဘူး။ ဒါကြောင့် မကောင်းတဲ့သူ တစ်နည်းအားဖြင့် လမ်းခွဲပြီးသားလူတစ်ယောက်ကို ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားမိတတ်ကြပါတယ်။ အောက်ကျို့ပြီးတောင်းပန်တာ၊ ပြန်လာဖို့ တောင်းပန်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုလုပ်လို့ သူပြန်လာတယ်ဆိုရင်တော့ သင်တို့အချစ်ရေးဟာ ဘယ်တော့မှ အဆင်ပြေတော့မှာမဟုတ်ဘူးဆိုတာ သင်သိထားဖို့ လိုပါတယ်။

READ
အနစ်နာခံပြီးချစ်ကြတဲ့ သူငယ်ချင်းကောင်းတွေဆိုတာ ....

(၃) သူများတွေကိုရင်ဖွင့်တာ

မိန်းကလေးတွေဟာ ခံစားရတာတွေအရမ်းများလာတဲ့အခါ အားကိုးရှာတတ်ကြပါတယ်။ ဒါကြောင့် ရင်ထဲက အကြောင်းအရာတွေ၊ အတိတ်ကအကြောင်းအရာတွေကို ရင်ဖွင့်တတ်ကြပါတယ်။ ရင်ဖွင့်တဲ့အခါမှာ ကိုယ်ရင်ဖွင့်လိုက်တဲ့သူဟာ ပါးစပ်ဖွာတဲ့သူတစ်ယောက်ဖြစ်ခဲ့ရင် ကိုယ့်အကြောင်းဟာ လူတွေကြားမှာ ရယ်စရာ၊ အထင်သေးစရာတွေဖြစ်သွားတတ်တာကြောင့် လုံးဝမလုပ်သင့်ပါဘူး။ စိတ်ထဲမမြိုသိပ်ထားနိုင်ရင် စာရွက်တစ်ရွက်အပေါ် ချရေးလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၄) အွန်လိုင်းမှာတင်တာ

Photo by Andrea Piacquadio from Pexels

မိန်းကလေးတစ်ချို့ဟာ အွန်လိုင်းကို ဘဝတစ်ခုလိုမျိုး ထင်မှတ်ထားတတ်ကြပါတယ်။ တရားမျှတမှုကို အွန်လိုင်းပေါ်က လူတွေကနေတစ်ဆင့် ရရှိမယ်လို့ ထင်တတ်ကြပြီး မိမိရဲ့ပြသနာ အဝဝကို အွန်လိုင်းပေါ်တင်တတ်ကြပါတယ်။ အမှန်တကယ်တော့ အွန်လိုင်းပေါ်မှာတင်လိုက်လို့ ပြသနာက ပြေလည်မသွားတဲ့အပြင် လူထင်သေးခံရတာ၊ လူရယ်စရာဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။

(၅) ခြိမ်းခြောက်တာ

မိန်းကလေးတွေဟာ သွေးပူနေတဲ့အချိန်မှာ ဘာကိုမှမစဉ်းစားနိုင်တော့ပါဘူး။ ကိုယ်အရမ်းချစ်တဲ့သူတစ်ယောက်ကို မစွန့်လွှတ်နိုင်တဲ့အခါ ကိုယ့်ဆီပြန်လာစေချင်တဲ့စိတ်နဲ့ ခြိမ်းခြောက်တတ်ကြပါတယ်။ သူမချစ်တော့ရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးမယ်ဆိုတဲ့ မိုက်ရူးရဲဆန်တဲ့စကားမျိုးတွေ၊ လုပ်ရပ်မျိုးတွေနဲ့ ခြိမ်းခြောက်တတ်ကြပါတယ်။ ဒါဟာလည်း ကိုယ့်ကိုယ်ကို တန်ဖိုးမထားရာကျပြီး သိက္ခာမရှိတဲ့လုပ်ရပ်မျိုးဖြစ်တာကြောင့် တစ်ချိန်မှာ နောင်တရစရာ အပြုအမူမျိုးဖြစ်ပါတယ်။

READ
ကိုယ့်ချစ်သူ ပိုပိုချစ်လာတာခံချင်ရင် ဒီအရာလေးတွေကို ကြိုးစားပေးလိုက်ပါ

Em Em

sponsored