ဦးရေပြားပေါ်က ဗောက်တွေကို ထာဝရ နှုတ်ဆက်နိုင်မယ့် နည်းလမ်း (၅)မျိုး

reportazh/ freepik
Sponsored

လူကြားထဲမှာ ဗောက်တွေထလာရင် အရမ်းမျက်နှာပူမိတဲ့ အခိုက်အတန့်တွေ ရှိဖူးပါသလား။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေကိုသုံးပြီး ဗောက်တွေကို အပြီးတိုင်နှုတ်ဆက်လိုက်ပါနော်။

(၁) လိမ္မော်ခွံ

Racool_studio/ freepik

လိမ္မော်ခွံကို သံပုယိုရည်အနည်းငယ်ညှစ်ပြီး ညက်သွားအောင် ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပြီး နာရီဝက်ခန့်နှပ်လိုက်ပါ။ ပြီးရင် ခေါင်းလျှော်ပေးလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးလိုက်ရင် ဗောက်ကင်းစင်တဲ့ ဦးရေပြားလေးကို ရရှိမှာပါ။

(၂) Aspirin

Sponsored

Aspirin ကိုအမှုန့်ကြိတ်ပြီး သုံးနေကျခေါင်းလျှော်ရည်ထဲကို ထည့်လျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးဟာ ဗောက်တွေအတွက် တကယ်ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၃) ငှက်ပျောသီး

ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ပန်းသီးရှာလကာ ၂ခွက်ကိုရောကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာ ခပ်ရွှဲရွှဲလေးလိမ်းပေးလိုက်ပါ။ မိနစ်၂၀ အကြာမှာ ရေနွေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဗောက်တွေသိသိသာသာကို ပျောက်ကင်းသက်သာသွားမှာဖြစ်ပါတယ်။

(၄) အုန်းဆီ

By Africa Studio/ Shutterstock

အုန်းဆီထဲကို သံပုယိုအနည်းငယ် ညှစ်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ဦးရေပြားပေါ်မှာလိမ်းပေးကာ မိနစ် ၂၀ခန့်နှပ်ပြီး ခေါင်းလျှော်ပေးလိုက်ခြင်းဖြင့် ဗောက်တွေကင်းစင်သွားမှာဖြစ်ပါတယ်။ ပုံမှန်လေးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။

READ
မိန်းမတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းတွေကို ကုန်ဆုံးသွားစေနိုင်တဲ့ အချက် (၈)ချက်

(၅) တမာရွက်

တမာရွက်တွေကို ကြေသွားတဲ့အထိ ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်မှာလိမ်းပြီး ၁၀မိနစ်ခန့်နှပ်ထားပေးကာ ရေနဲ့ ဆေးကြောလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဦးရေပြားလေးက သန့်ရှင်းနေမှာဖြစ်ပါတယ်။

Em Em

sponsored