နှစ်ရက်ဆက်တိုက် ရေမချိုးတဲ့အခါဖြစ်လာနိုင်တဲ့ အံ့အားသင့်ဖွယ် ဆိုးကျိုးများ

Sponsored

ရာသီဥတုအေးတဲ့အခါတွေ၊ အိမ်မှာပဲနေပြီး သွားစရာ ထွေထွေထူးထူး မရှိတဲ့အခါတွေမှာ လူတော်တော်များများက ရေမချိုးဘဲ နေတတ်ကြပါတယ်။ တစ်ချို့အေးတဲ့ဒေသတွေမှာဆိုရင် သုံးရက်လေးရက်လောက်ကို ရေမချိုးပဲ နေတတ်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ တစ်ရက်ကနေ နှစ်ရက်အထိ ရေမချိုးဘဲနေရင် ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ဒီစာလေးကို ဖတ်ပြီး ရေချိုးပျင်းတဲ့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေကိုလည်း ပြောပြလိုက်ပါဦးနော်။

(၁) ဘက်တီးရီးယားပေါက်ဖွားနိုင်ခြေပိုများ

fabiosa.com

ရေမချိုးတဲ့အခါ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေက ကြီးထွားလာပြီး အရေပြားဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

(၂) ကူးစက်ရောဂါများ

Sponsored

ပိုးမွှားတွေက အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်လာစေနိုင်တဲ့အတွက် သင့်အရေပြားပေါ်မှာ အနာတွေ၊ အမာရွတ်တွေဖြစ်လာနိုင်ပါတယ်။

(၃) ယင်ကောင်တွေအုံနိုင်တယ်

ရေမချိုးတဲ့အခါမှာ ခန္ဓာကိုယ်က အနံ့တွေကြောင့် ယင်ကောင်တွေ ဝိုင်းနေတတ်ပါတယ်။ လူကြားထဲ ယင်ကောင်ဝိုင်းခံရရင် အရမ်းရှက်စရာကောင်းပါတယ်နော်။ ရေမချိုးမှန်း အရမ်းသိသာသွားမှာပါ။

READ
ပိုက်ဆံအသုံးစာရင်း ထားခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (၅)မျိုး

(၄) ကိုယ်နံ့နံမယ်

အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ အနံ့ရှိပါတယ်။ အထူးသဖြင့် ချိုင်းမှာပါ။ ရေမချိုးတဲ့အခါ ကိုယ်ခန္ဓာ အနံ့အသက်မကောင်းသလို၊ ဘေးလူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၅) အရေပြားအလှပျက်စီးတယ်

fabiosa.com

ရေမချိုးတဲ့အခါ အရေပြားတွေ ပျက်စီးလာပါမယ်။ အရေပြားတွေ ခြောက်သွေ့ပြီး အသားပပ်တာ၊ အကွက်တွေဖြစ်တာအပြင် ဝက်ခြံတွေပါဖြစ်လာနိုင်ပါတယ်။

Em Em

sponsored