စိတ်ထားကောင်းတဲ့သူတွေ အမြဲတမ်းကြုံတွေ့နေရတဲ့ အခက်အခဲ (၅) မျိုး

Sponsored

စိတ်ထားကောင်းမွန်တဲ့သူတွေဟာ စိတ်နှလုံး နူးညံ့သိမ်မွေ့သူတွေဖြစ်ပြီး ကိုယ့်ကြောင့်သူတစ်ပါးကို စိတ်အနှောက်အယှက် လုံးဝမဖြစ်စေချင်တဲ့ သူတွေပါ။ သူတစ်ပါးကို စေတနာထားပြီး ကိုယ်ချင်းစာစိတ်လည်း အပြည့်ရှိကြသလို၊ ကိုယ့်ကြောင့် သူတစ်ပါးကို စိတ်မကောင်း မဖြစ်စေချင်တဲ့သူတွေ ဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ဒီလိုမျိုး စိတ်ထားကောင်းမွန်တဲ့သူတွေ အမြဲတမ်းလိုလို ကြုံတွေ့ရတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ ခုဖော်ပြပေးတဲ့ အချက်တွေတော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သင်ဟာ တကယ်စိတ်ထားကောင်းတဲ့သူ ဖြစ်ပါတယ်။

(၁) နာကျင်သွားရင်တောင် စိတ်ထဲမှာပဲ မြိုသိပ်ထားတယ်

Shutterstock

စိတ်ထားကောင်းတဲ့သူတွေဟာ နာကျင်မှုကို အမြဲတမ်းထုတ်ပြနေမယ့်သူတွေမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ရဲ့ အပြုအမူ၊ စကားတွေကြောင့်နာကျင်သွားရရင်တောင် ခံစားချက်တွေကို ပေါက်ကွဲပြမယ့်သူတွေမဟုတ်ပဲ ရင်ထဲမှာပဲ သိမ်းထားမယ့်သူတွေဖြစ်ပါတယ်။ ဒီလိုမြိုသိပ်ထားတတ်တဲ့အကျင့်ကြောင့်ပဲ လူတွေရဲ့ အခွင့်အရေးယူခြင်းကို အမြဲတမ်းလိုလို ကြုံတွေ့ရတတ်တဲ့သူတွေ ဖြစ်ပါတယ်။

(၂) အားနာတယ်

Sponsored

စိတ်ထားကောင်းတဲ့သူတော်တော်များများ ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုကတော့ အားနာခြင်းပါပဲ။ တစ်ယောက်ယောက်က သူတို့ကို အကူအညီတောင်းလာတဲ့အခါ၊ သူတို့ဖက်မှာ ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ၊ ငြင်းရမှာကို အရမ်းအားနာတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ သူတို့မှာ အခက်အခဲရှိနေပါစေ အနစ်နာခံပြီးတော့ကို ကူညီပေးတတ်ကြပါတယ်။ သူတို့ကြောင့်တစ်ဖက်သားပျော်ရွှင်သွားရင် ပင်ပန်းရကျိုးနပ်တယ်လို့ ခံယူထားတဲ့သူတွေဖြစ်ပါတယ်။

READ
ကျောက်ကပ်ပျက်စီးနေကြောင်း ပြနေတဲ့ သတိထားဖွယ် အစလက္ခဏာ (၇)ခု

(၃) လူတွေနဲ့ဝေးရာကိုထွက်သွားချင်တယ်

Shutterstock

စိတ်ထားကောင်းတဲ့သူတွေဟာတစ်ခါတလေမှာ လူတွေနဲ့ဝေးရာကို ထွက်သွားချင်တဲ့အချိန်တွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ လောဘ၊ ဒေါသတွေ မာန်မာနတွေနဲ့ အပြိုင်အဆိုင် မနာလိုမှုတွေကို မခံနိုင်ကြလို့ပါ။ ဒါကြောင့် တစ်ခါတလေမှာ သူတို့ဟာ လူတွေနဲ့ ဝေးရာမှာတစ်ယောက်တည်းထွက်သွားချင်တဲ့စိတ်တွေ ခဏခဏဖြစ်တတ်ကြပါတယ်။

(၄) ဝမ်းနည်းလွယ်တယ်

စိတ်ထားကောင်းတဲ့သူတွေဟာ သာမန်လူတွေထက်ကို စိတ်နှလုံးနူးညံ့ပြီး ခံစားလွယ်တတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ အသေးအမွှားကိစ္စလေးတွေမှာလည်း အရမ်းကိုဝမ်းနည်းလွယ်တဲ့သူတွေဖြစ်တဲ့အလျောက် သူတစ်ပါးကိုလည်း အရမ်းကိုယ်ချင်းစာနိုင်သူတွေဖြစ်ပါတယ်။ လူတိုင်းနဲ့ သဟဇာတဖြစ်အောင်နေနိုင်ပြီး သူများရဲ့ခံစားချက်တွေအားလုံးကို မျှဝေခံစားပေးနိုင်သူတွေဖြစ်ပါတယ်။

(၅) အလျှော့ပေးတယ်

Shutterstock

စိတ်ထားကောင်းတဲ့သူတွေဟာ သူတစ်ပါးကို အလျှော့ပေးလိုက်ရလည်း အောက်ကျတယ်လို့ ခံစားနေရမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့တွေဟာ အငြင်းအခုန်လုပ်တဲ့အခါတွေမှာလည်း အမြဲတမ်း အနိုင်ရချင်နေတဲ့သူတွေမဟုတ်ပါဘူး။ သူတစ်ပါးရဲ့ အမှားတွေကိုလည်း အမြဲတမ်းမှတ်ထားတတ်တဲ့သူတွေမဟုတ်ပဲ ခွင့်လွှတ်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့က မာနမရှိတဲ့သူလို့ အထင်ခံရတတ်ပေမယ့် သူတို့ဘယ်လောက်ငြိမ်းချမ်းလဲဆိုတာ သူတို့ကိုယ်သူတို့ အသိဆုံးဖြစ်ပါတယ်။

READ
မွေးလအလိုက် ကိုယ်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ ကြည့်လိုက်ရအောင်........

Em Em

sponsored