ကိုယ့်ထက်ကြီးတဲ့ ကိုကိုနဲ့ ဦးတွေကိုသာ ရွေးချစ်သင့်တဲ့အကြောင်းရင်း (၅)ချက်

Sponsored

ကိုယ့်ထက်အသက်ပိုကြီးတဲ့ ကိုကိုတွေ ဒါမှမဟုတ် ဦးတွေကို ရွေးချစ်သင့်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ကြည့်လိုက်ပါဦးနော်။

(၁) အမှီအခိုကင်းတယ်

Shutterstock

ကိုကိုတွေနဲ့ ဦးတွေဟာကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်ပြီဖြစ်သလို၊ မိဘလုပ်စာထိုင်စားနေမယ့်သူတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့်သင်တို့ နှစ်ယောက်ကြားမှာ လွတ်လပ်မှုအပြည့်ရှိမှာဖြစ်သလို၊ ဘာမှပူပင်စရာမရှိပဲ သူ့ရဲ့ ဆုံးဖြတ်ချက်၊ သူ့ဦးဆောင်ရာနောက်ကို လိုက်ရုံပါပဲ။

(၂) ယဉ်ကျေးတယ်

Sponsored

ကိုကိုတွေနဲ့ ဦးတွေက မိန်းကလေးတွေကို ဘယ်လိုဘယ်ပုံပြုမူဆက်ဆံရမခဲဆိုတာ ပိုပြီးနားလည်ကြပါတယ်။ ယဉ်ကျေးပြီး ရည်မွန်တဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့အပြုအမူလေးတွေက သင့်ကိုတဖြုတ်ဖြုတ်ကြွေနေစေမှာ ဖြစ်ပါတယ်။

(၃) အတွေ့အကြုံရင့်ကျက်တယ်

ကိုကိုတွေနဲ့ ဦးတွေဟာ ဘဝအတွေ့အကြုံတွေအများကြီး ရှိပြီးသားဖြစ်တာကြောင့်သင့်ကို အစစအရာရာ နားလည်ပေးနိုင်မှာပါ။ သင့်ကို အတင်းပြောင်းလဲဖို့လည်း ကြိုးစားမှာမဟုတ်သလို၊ အတ္တကြီးပြီး တစ်ကိုယ်ကောင်းလည်း မဆန်ကြတော့ပါဘူး။

(၄) အတွေးအခေါ်ကောင်းတယ်

Pixabay

ကိုကိုတွေနဲ့ ဦးတွေဟာ အထက်ကဖော်ပြခဲ့ပြီးတဲ့အတိုင်း ဘဝအတွေ့အကြုံပိုပြီး ရင့်ကျက်တာကြောင့် သင့်ဘဝအတွက် အကောင်းဆုံး အကြံဥာဏ်တွေပေးနိုင်သလို၊ အရမ်းလည်း ဦးဆောင်နိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့နားမှာနေရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ကစလို့ ဘာစားရမလဲအဆုံး ဘာမှပူပင်စရာကိုမရှိတဲ့သူတွေပါ။

READ
ဆင်ဂယ်လ်ဘဝနဲ့ နေတာကြာသူတွေက အပျော်ရွှင်ဆုံးသူတွေဖြစ်ကြောင်း ပြနေတဲ့အချက် (၄)ချက်

(၅) စိတ်ရှည်တယ်

Shutterstock

အကြီးတွေကတော့ အကြီးတွေပါပဲနော်။ စိတ်ရှည်ပြီးသည်းခံတဲ့နေရာမှာ နှစ်ယောက်မရှိပါဘူး။ သင့်အပေါ်ကို စိတ်ရှည်သည်းခံပြီး သင်ဆိုးသမျှ၊ ချွဲသမျှကို ပြုံးပြုံးကြီး သည်းခံနားလည်ပေးမယ့်သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုကိုတွေ၊ ဦးတွေနဲ့ ချစ်သူဖြစ်ခဲ့ရင် ကလေးလေးတစ်ယောက်လို ဆက်ဆံခံနေရမှာမို့လို့ စိတ်ချမ်းသာနေရမှာဖြစ်ပါတယ်။

Em Em

sponsored